သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အီရန်လိုလား


အီရန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်ရဲ့ သံအမတ် ခန့်အပ်လွှာကို လက်ခံရယူစဉ် (March, 09, 2019)

မြန်မာ အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေက နိုင်ငံ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အီရန်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်လို့ သမ္မတ Hassan Rouhani က စနေနေ့မှာ ပြောဆိုပါတယ်။

အီရန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်ရဲ့ သံအမတ် ခန့်အပ်လွှာကို လက်ခံရယူတာမှာ အီရန် သမ္မတ Rouhani က အခုလို ပြောဆိုခဲ့ကြောင်း အီရန် သတင်းတွေက ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်း တည်ငြိမ်မှု ရှိပြီး ဘယ်မှ သွားစရာ မရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဘေးကင်းလုံခြုံမှု ရှိရှိနဲ့ အမြန်ဆုံး နိုင်ငံကို ပြန်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း အီရန် သမ္မတက ပြောဆိုခဲ့ပါတယ်။ နိုင်ငံတွင်းက တိုင်းရင်းသား အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့သာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ရရှိနိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ မြန်မာကြား ဆက်ဆံရေး တိုးမြှင့်ဖို့ အလားအလာကောင်းတွေလည်း သမ္မတ Rouhani က ပြောဆိုပြီး နှစ်နိုင်ငံ အနေနဲ့ နည်းပညာနဲ့ စက်မှု နယ်ပယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွား လုပ်ငန်းတွေလိုမျိုး နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ သံအမတ်ကြီး ဘက်ကတော့ မြန်မာနဲ့ အီရန်ကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ စိုက်ပျိုးရေးတို့လို ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေ အများကြီး ရှိတယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း အီရန် သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်ကတော့ အီရန် သမ္မတရဲ့ ပြောဆိုချက်ကို တုံ့ပြန်တာမှာလည်း ဒုက္ခသည်တွေ နိုင်ငံကို ပြန်လာနိုင်ရေး အတွက် မြန်မာ အစိုးရဘက်က အစွမ်းကုန် ဆောင်ရွက်နေကြောင်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG