ျမန္မာႏိုင္ငံမွာ သတင္းသမားေတြအေပၚ ျပင္းထန္တဲ့ ျပစ္ဒဏ္ေတြ စီရင္ေနတဲ့အေပၚ ႏိုင္ငံတကာ မီဒီယာလြတ္လပ္ခြင့္ အဖဲြ႕ေတြက ေ၀ဖန္လိုက္ၾကၿပီး၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ၾကပါတယ္။ တပ္မေတာ္ၿပိဳကဲြေအာင္ လႈံ႔ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ အျပစ္ေပးခံထားရတဲ့ ဗြီအိုေအ ျမန္မာပိုင္း ပင္တိုင္ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာပဲ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ ပုဒ္မ ၁၂၄/ က နဲ႔ ေနာက္ထပ္ ေထာင္ဒဏ္ ၇ ႏွစ္ ခ်လိုက္ၿပီးေနာက္ ႏိုင္ငံတကာ သတင္းလြတ္လပ္ခြင့္ အဖဲြ႕ေတြရဲ႕ ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့တာပါ။
ဦးစည္သူေအာင္ျမင့္ကို အခုလို ျပင္းထန္တဲ့ ျပစ္ဒဏ္ခ်မွတ္လိုက္တာဟာ သတင္းသမားေတြ အေပၚ ျမန္မာစစ္ေကာင္စီက မတရား ဖိႏွိပ္မႈေတြ ဆက္လက္က်ဴးလြန္ေနေၾကာင္း ျပေနတယ္လို႔ CPJ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔က အဂၤါေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုသလို သူ႔ကိုအျမန္ဆံုး ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ သူတို႔ရဲ႕ အလုပ္ကို သူတို႔လုပ္ေနၾကတဲ့ စည္သူေအာင္ျမင့္နဲ႔ တကြ သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်မႈေတြ ရပ္စဲဖို႔လည္း CPJ အဖြဲ႔ အေရွ႕ေတာင္အာရွေရးရာဌာနက Shawn Crispin က ေျပာပါတယ္။
ျပင္သစ္အေျခစိုက္၊ နယ္စည္းမျခား သတင္းသမားမ်ားအဖဲြ႕ (RSF) ကလည္း ျပင္းထန္လြန္းတဲ့ ျပစ္ဒဏ္အေပၚစိုးရိမ္ေၾကာင္းနဲ႔ သတင္းသမားေတြကို ျပန္လႊတ္ေပးဖို႔ အဂၤါေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြအေပၚ ဖိႏွိပ္မႈေတြကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက လက္ပိုက္ၾကည့္မေနၾကဖို႔လည္း RSF ရဲ႕ အာရွ၊ ပစိဖိတ္ေဒသဆိုင္ရာ တာ၀န္ခံ Daniel Bastard ကေျပာပါတယ္။
ျမန္မာႏို္င္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္တြင္း မီဒီယာ ၁၀ ခုေက်ာ္ကို တရားဝင္ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို တႏိုင္ငံလံုးမွာ အဖမ္းခံရတဲ့ သတင္းသမားက ၁၅၀ ေလာက္ရွိခဲ့ၿပီး ႏိုဝင္ဘာမွာ ၉၀ ေက်ာ္ျပန္လြတ္လာေပမယ့္ ၅၀ နီးပါး အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ အက်ဥ္းက်ခံေနရဆဲျဖစ္ပါတယ္။ RSF ရဲ႕ ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြက္ သတင္းလြတ္လပ္ခြင့္ အၫြန္းကိန္းမွာေတာ့ ကမာၻေပၚက ႏိုင္ငံေပါင္း ၁၈၀ အနက္ ျမန္မာႏိုင္ငံဟာ အဆင့္ ၁၇၆ မွာရွိေနၿပီး လြတ္လပ္ခြင့္ မရွိဆုံး ႏိုင္ငံတခုအျဖစ္ သတ္မွတ္ထားပါတယ္။
Unicode
မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ စီရင်နေတဲ့အပေါ် နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် အဖွဲ့တွေက ဝေဖန်လိုက်ကြပြီး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်း ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၁၂၄/ က နဲ့ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ချလိုက်ပြီးနောက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။
ဦးစည်သူအောင်မြင့်ကို အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာဟာ သတင်းသမားတွေ အပေါ် မြန်မာစစ်ကောင်စီက မတရား ဖိနှိပ်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ပြနေတယ်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုသလို သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ သူတို့ရဲ့ အလုပ်ကို သူတို့လုပ်နေကြတဲ့ စည်သူအောင်မြင့်နဲ့ တကွ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ရပ်စဲဖို့လည်း CPJ အဖွဲ့ အရှေ့တောင်အာရှရေးရာဌာနက Shawn Crispin က ပြောပါတယ်။
ပြင်သစ်အခြေစိုက်၊ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကလည်း ပြင်းထန်လွန်းတဲ့ ပြစ်ဒဏ်အပေါ်စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ အင်္ဂါနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ပိုက်ကြည့်မနေကြဖို့လည်း RSF ရဲ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ Daniel Bastard ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို တနိုင်ငံလုံးမှာ အဖမ်းခံရတဲ့ သတင်းသမားက ၁၅၀ လောက်ရှိခဲ့ပြီး နိုဝင်ဘာမှာ ၉၀ ကျော်ပြန်လွတ်လာပေမယ့် ၅၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ RSF ရဲ့ ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာတော့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၇၆ မှာရှိနေပြီး လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ထားပါတယ်။