သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေအတွင်း အရပ်သားသေဆုံးမှုတွေအပေါ် ဥပဒေပညာရှင်အမြင်


Myanmar
Myanmar

Zawgyi

ပဋိပက္ခတွေအတွင်း အရပ်သားသေဆုံးမှုတွေအပေါ် ဥပဒေပညာရှင်အမြင်

MC: မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့လက်နှက်ကိုင်ပဋိပက္ခအတွင်း စစ်တပ်ရဲ့ထိုးစစ်တွေမှာ အရပ်သားတွေအကြမ်းဖက်တိုက်ခိုက်ခံရတာ သေဆုံးတာတွေရှိနေပါတယ်။ ဒီအထဲမှာ ဆားလင်းကြီးမြို့နယ် ဒုံးတောရွာမှာ ၁၁ ဦးကို သတ်ဖြတ်မီးရှို့တာနဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုဘက်မှာ အရပ်သား ၃၅ ဦးထက်မနည်း ကိုသတ်ဖြတ်မီးရှို့ခဲ့ တဲ့ကိစ္စတွေဟာ ကြီးမားတဲ့လူအခွင့်အရေးချိုးဖေါက်မှုတွေအဖြစ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကပြောဆိုထားပါတယ်။ ဒီကိစ္စတွေဟာ နိုင်ငံတကာဥပဒေတွေအရဘယ်လို ပြစ်မှုမျိုးတွေမြောက်နိုင်ပါသလဲ။ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို -ကိုဇော်မိုးကျော်က မေးမြန်းထားပါတယ်။

##

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ် နင်းပြီးနောက်လက်နှက်ကိုင်ပဋိပက္ခတွေပေါ်ပေါက်လာပါတယ်။ ဒီလက်နှက်ကိုင်တော်လှန် တာကိုအာဏာသိမ်းစစ်ကောင်စီကလည်း အကြမ်းဖက်နှိမ်နင်းပါတယ်။ ဒီအတောအတွင်း အရပ်သားတွေကို ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ အကျဉ်းရုံးသတ်ဖြတ်တာစတဲ့လူ့အခွင့် အရေးချိုးဖေါက်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂနဲ့နိုင်ငံကာအသိုင်းဝိုင်း ကထောက်ပြပြော ဆိုထားတာတွေရှိပါတယ်။ အဲဒိအထဲမှာထင်ရှားတဲ့ဖြစ်ရပ်နှစ်ခုကတော့ ဒီဇင်ဘာလ ၇ ရက်နေ့က ဆားလင်းကြီး မြို့နယ် ဒုံးတောကျေးရွာမှာ အသက်မပြည့်သေးတဲ့ကလေး ၄ ဦးအပါအဝင် ၁၁ ဦကို ကြိုးတုပ်သတ်ဖြတ်မီးရှို့ခဲ့တာနဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယား ပြည်နယ် ဖရူဆိုဘက်မှာ အရပ်သား ၃၈ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တာတွေဟာထင်ရှားတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံတကာဥပဒေတွေအရဘယ်လိုဖြစ်ရပ်မျိုး တွေပါလဲလို့ လူ့အခွင့်အရေးရှေ့နေဦးမင်းလွင်ဦးကိုမေးကြည့်တဲ့ခါအခုလိုပြောပါတယ်။

ဦးမင်းလွင်ဦး။ ။ ဟုတ်ကဲ့ပါကျနော်တို့ ပထမဦးဆုံး ဒုံးတောကျေးရွာမှာဖြစ်တဲ့ ကိစ္စဆိုလို့ရှိရင် လူတွေ ကိုနောက်ပြန်လက်ပြန်ကြိုးတုပ်ပြီးတော့မှ မီးရှို့သတ်ခဲ့တယ်ဆိုတာ ကျနော်တို့ဓာတ်ပုံ တွေအရထင်ထင်ရှားရှား သက်သေခံအဖြစ်တွေ့ရတယ်။ အဲဒါ ၁၁ ယောက်ပေါ့နော်၊ နောက်ပြီးတော့တခါ ဒီဖရူးဆိုးမှာကျတော့လည်း ၃၈ ဦးကိုကျနော်တို့ ဒီကားတွေပေါ်မှာ သေနတ်နဲ့ပစ်သတ်ပြီးတော့မီးရှို့သွားတယ်ဆိုတာလိုမျိုးကျနော်တို့တွေ့ရတယ် အဲဒါအဲဒိ လိုမျိုးဖြစ်ရပ်နှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် ဒါကလေလူအစုလိုက်အပြုံလိုက်သတ်တဲ့ သတ်ဖြတ် မှုဘဲဗျ၊ ကျနော်တို့နိုင်ငံတကာဥပဒေအရ ပြောမယ်ဆိုလို့ရှိရင် လူသားချင်းစာနာမှုကိုဖေါက် ဖျက်တဲ့ ဥပေဒနဲဘဲပြောပြော နောက်တော့ဒါကတခါ ဒါကအတိအကျပြောရလို့ရှိရင်စစ်ရာဇ ဝတ်မှုမြောက်တယ်လို့ကျနော်တို့ပြောချင်တယ်ဗျ။

ကိုဇော်မိုးကျော်။ ။ ဟုတ်ကဲ့ပါခင်ဗျ၊ နောက်တခုကပေါ့လေ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကဖြစ်ခဲ့တဲ့ကိစ္စမှာဆိုလို့ရှိရင် တချို့မျက်မြင်သက်သေတွေအရေရောပေါ့၊ ကနဦးထွက် ပေါ်တဲ့သတင်းတွေအရဆိုလို့ရှိရင် သေဆုံးသွားတဲ့အထဲမှာအမျိုးသမီးတွေ၊ ကလေးတွေ ပါဝင်တယ်လို့ဆိုပါတယ်၊ ဒါ့အပြင် Save the Children INGO အဖွဲ့က ဒီလူမူကယ်ဆယ် ကူညီရေးအဖွဲ့က ဝန်ထမ်း ၂ ယောက်လည်းပါသွားတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါက အကြမ်းဖက်သမား အယောက် ၃၀ လောက်ကခုခံတိုက်ခိုက်ပစ်ခတ်လို့ ဒီမြန်မာစစ်တပ်ဘက်က၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ရင်းနဲ့ပေါ့လေ၊ ကားတွေမီးလောင်ပြီး သေဆုံးသွားရတယ်လို့ပြောပါတယ်။ ဒါပေမယ့်ကျနော်တို့ တွေ့ရှိရသလောက်တော့ဓာတ်ပုံတွေ ဗွီဒီယိုတွေအထောက်အထားတွေ ပေါ်ထွက်လာပါတယ်၊ အဲဒိအပေါ်မှာရောပေါ့နော် ဥပဒေပညာရှင်တယောက်အနေနဲ့ရှေ့နေတ ယောက်အနေနဲ့ ဒီသက်သေအထောက် အထားတွေအပေါ်မှာဘယ်လိုကြည့်မြင်မိပါသလဲ။

ဦးမင်းလွင်ဦး။ ။ ဟုတ်ကဲ့ပါ ဥပမာကျနော်တို့ ဖရူဆိုကိစ္စဆိုလို့ရှိရင် ကျနော်တု့ိ ကားတွေပေါ်မှာရှိတဲ့သူတွေကို သေနတ်နဲ့ပစ်သတ်ပြီးအတော့ အစုလိုက်အပြုံလိုက်ပုံပြီးတော့ မီးရှို့သွားတယ်ဆိုတာကျနော်တို့ရှင်းရှင်းလင်းလင်းကြီး ဓာတ်ပုံအထောက်အထားတွေအရတွေ့ နေရတာဖြစ်တယ်။ ဒါတိုက်ပွဲမှာထွက်ပြေးရင်းနဲ့ပစ်ခတ်လို့ထိခိုက်ဒါဏ်ရာရတာမဟုတ်ပါဘူး။ နောက်ပြီးတော့ ဆလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာလည်းအဲလိုဘဲ တခါထဲအိမ်ပါမီးရှို့ သွားတာတွေကိုကျနော်တို့ထင်ထင်ရှားရှား တွေ့ရတယ် အဲဒိတော့ဒီလိုမျိုး ဖြစ်ရပ်နှစ်ခု အပေါ်မှာ ဒီစစ်အစိုးရအနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့ပြီးတော့ ဒီကိစ္စကိုအမှန်အတိုင်းဖြစ်အောင် နိုင်ငံတကာကလည်းတောင်းဆိုနေတာ တွေကြေနပ်သွား အောင် စုံစမ်းစစ်ဆေးသင့်တယ်လို့ကျနော်တို့မြင်ပါတယ်။


ကိုဇော်မိုးကျော်။ ။ဟုတ်ကဲ့၊ နောက်တခုကပေါလေ၊ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီစစ်အစိုးရခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာကိုတော့ကျနော်တို့ ကျနော်တိုဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး၊ ဒါပေမယ့်ပေါ့နော်တို့မြန်မာနိုင်ငံရဲဖြစ်ရပ်တွေထဲမှာကြည့်မယ်ဆိုလို့ရှိ ရင်ပေါ့နော် ၂၀၁၇ ခုနှစ်ကဆိုလို့ရှိရင် မြန်မာနိုင်ငံအနောက်ဖက်ခြမ်း၊ ရခိုင်ဒေသထဲမှာ၊ ရိုဟင်ဂျာတွေအပေါ်မှာ ဖမ်းဆီးသတ်ဖြတ်တာတွေကျူးလွန်ခဲ့ တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် နိုင်ငံတကာခုံရုံးမှာ နိုင်ငံတကာဥပဒေတွေနဲ့တရားစွဲ အနေအထားတွေအထိဖြစ်လာပါတယ်။ အဲဒိတော့ ဒီဒုံးတောကျေးရွာကိစ္စဖရူဆိုကိစ္စတွေဆိုရင် ဒီဓာတ်ပုံတွေ ဗွီဒီယိုထောက်အထား တွေလည်းရှိလာပါတယ်၊ အဲဒိတော့ ဆိုလိုတာက ဒီကိစ္စတွေကရော နိုင်ငံတကာ ဥပဒေတွေ၊ နိုင်ငံတကာခုံရုံးတွေမှာ ဘယ်လိုအတိုင်းအတာ အထိဖြစ်လာနိုင်မယ်လို့ ဦးမင်းလွင်ဦး ထင်ပါသလဲခင်ဗျ။


ဦးမင်းလွင်ဦး။ ။ဟုတ်ကဲ့ပါကျနော်တို့ ဒီနိုင်ငံတကာ ခုံရုံးတွေမှာတရားစွဲ နိုင်ဖို့ဆိုလို့ရှိရင် တော့ ကျနော်တု့ိမြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပျက်တဲ့ကိစ္စ ရပ်တွေနဲ့ပတ်သက် လို့လူသားထုပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ စတာတွေ ကိုစောင့်ကြည့် လေ့လာ နေတဲ့ IIMM ဆိုတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းရှိပါတယ်။ အဲတော့အဲဒိအဖွဲ့အစည်းကနေတခါ ဒီအချက်အလက်တွေ ကိုစုစည်းပြီးတော့ကာ နိုင်ငံတကာ တရားရုံးမှာဖြစ်ဖြစ်၊ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးမှာဖြစ်ဖြစ် အရေးယူနိုင်ဖို့အတွက် အချက်အလက်တွေစုဆောင်းပြီးတော့ဆွဲဆိုနိုင်မယ်လို့ကျနော်တု့ိထင်မြင်ယူဆပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်။ ။တကယ်လို့ပေါ့နော် ဒီဒုံးတောကိစ္စ၊ ဖရူဆို ကယားပြည်နယ်ကိစ္စလိုပြစ်မှု မျိုးတွေက နိုင်ငံတကာဥပဒေအရ တရားစွဲမယ်ဆိုလို့ရှိရင် ဘယ်လိုဥပဒေမျိုးတွေနဲ့ငြိစွန်းနိုင်ပါ သလဲခင်ဗျ။

ဦးမင်းလွင်ဦး။ ။ဒါကတော့ဗျာ၊ ကျနော်တို့ရှင်းရှင်းလင်းလင်းဘဲ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့မီးရှို့တဲ့ကိစ္စက ကျနော်တု့ိ War Crime စစ်ရာဇဝတ်မှုပေါ့၊ စစ်ရာဇဝတ်မှု မြောက်တယ်၊ နောက်ပြီးတော့ တခါလူသားမဆန်စွာ သတ်ဖြဖတ်ပြီးတော့မှမီးရှို့တဲ့အတွက် Crime Against Humanity စတဲ့ ကိစ္စတွေနဲ့အကြုံးဝင်ပါတယ်ဗျာ။ ဒီပုဒ်မ နှစ်ခုနဲ့တင်ဘဲ၊ တရားစွဲမယ် ဆိုရင်တရားစွဲလို့ရတဲ့အခြေအနေမျိုး တယ်လို့ဘဲကျနော်တို့ပြောချင်ပါတယ်။

##

တိုက်ရိုက် လင့်ခ်


Unicode



##











XS
SM
MD
LG