ကယားပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မော်ချီး ခဲမဖြူသတ္ထုတွင်း လုပ်ငန်းတွေကြောင့် ဒေသတွင်းမှာ ရှိတဲ့ ပြည်သူတွေ-အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေရဲ့ အကျိုး ဆက်တွေကို ခံစားနေကြရတယ်လို့ မိုလိုအမျိုးသမီးများ သတ္ထုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ယက်က ပြောလိုက်ပါတယ်။ ခဲမဖြူသတ္ထုတူးဖော်ရေးတွေကြောင့် မြေပြိုမှုတွေ၊ သန့်ရှင်းရေ ရရှိမှုနည်းလာတဲ့ အခြေအနေတွေကို ဖော်ပြထားပြီး ဒီသတ္ထုတူးဖော်ရေးကနေ ဒေသခံတွေ အကျိုးအမြတ်ခံစားနိုင်တဲ့ အခွင့်အလမ်းတွေကို တောင်းဆိုထား ပါတယ်။ အပြည့်အစုံ အစီရင်ခံစာပြုစုသူနဲ့ ဆက်သွယ်မေးထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက ခန့်မှန်းခြေ လူဦးရေ ၈, ၀၀၀ ကျော်ရှိတဲ့ မော်ချီးဒေသ မှာ မော်ချီးခဲမဖြူသတ္ထု တူးဖော်ရေး လုပ်ငန်းတွေကြောင့် ဒေသခံတွေကြုံတွေ့နေကြရတဲ့ အခက် အခဲတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဂယက်တွေကို မိုလိုအမျိုးသမီးများ သတ္ထု တွင်းစောင့်ကြည့် လေ့လာရေး ကွန်ယက်က အစီရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ အဓိက ပြောပြထားတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ လေ့လာရေး ကွန်ယက် က နော်အားမူက VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။
“ဒီသတ္ထုတွင်းတွေကြောင့် မော်ချီးဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာ ကတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပေါ့နော်။ နေ့စဉ် နေ့တိုင်းလိုလို မြေပြိုတာ ကြုံတွေ့ရတယ်။ ပြီးတော့ သစ်တောပြုန်းတီးတာ၊ သန့်ရှင်းတဲ့ရေကိုလည်း သူတို့တွေ မရရှိဘူး။ နောက်တခုက သူတို့ဒေသမှာ ထွက်နေတဲ့ ခဲမဖြူသတ္ထုကနေပြီး ဒေသခံလူထုက အကျိုးအမြတ်ကို ပြည့်ပြည့်ဝဝ မခံစားရဘူးပေါ့။”
ခုလို အစီရင်ခံစာ ထုတ်ပြန်ရလောက်အောင် မော်ချီးခဲမဖြူသတ္ထုတူးဖော်ရေး လုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေက ဘယ်လောက်များနေလို့ပါလဲ။
“အဓိက မော်ချီးသတ္ထုတွင်းမှာ တွင်းကြီးကတော့ အသစ် ပြင်ပြီးတော့ နောက်ထပ် အသစ်လုပ်တဲ့ ကုမ္ပဏီနဲ့ဆို ကိုးကျင်းပေါ့နော်။ အဲဒီ ကိုးကျင်းမှာမှ လုပ်ကွက်ပေါင်းက ၂၆၄ ကွက် ရှိတယ်။ လုပ်ကွက်တစ်ကွက်မှာဆိုရင် ကျမတို့ခန့်မှန်းခြေအရ လစဉ် ခဲမဖြူက ပိဿာ (၁၅၀) ထွက်တယ်။ ကျင်းထဲက ထွက်လာတဲ့ မြေစာတို့၊ အသုံးမလိုတဲ့ မြေခဲတွေကို တောင်စောင်းကနေပြီးတော့မှ ပစ်ချတယ်။ ချောင်းထဲ၊ မြောင်းထဲကို ဒီအတိုင်းပဲ စွန့်ပစ်တဲ့အတွက် ချောင်းရေတွေက အရမ်း ညစ်ညမ်းလာတယ်။ အဲလို ညစ်ညမ်းလာတဲ့အတွက်ကြောင့် ချောင်းအောက်ပိုင်းမှာ နေထိုင်တဲ့ ခဲမဖြူကျေးရွာ၊ --- ကျေးရွာတွေကဆိုရင် ဒီချောင်းရေကို လုံးဝ အသုံးပြုလို့ မရတော့ဘူး။ ”
သန့်ရှင်းရေအရင်းအမြစ် ရှားပါးလာတာဟာ ဒေသခံ အမျိုးသမီးတွေအတွက် အထူး အခက်အခဲ ဖြစ်စေတယ်လို့ အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ဖို့အတွက် မိုလိုအမျိုးသမီးများ သတ္ထုတွင်းစောင့်ကြည့်လေ့လာရေးကွန်ယက်က သတ္ထုတွင်းတွေရှိတဲ့ ဒေသကို သွားရောက်ပြီး အစီရင်ခံစာကို ပြုစုခဲ့တာဖြစ်ပါတယ်။
“ကျမတို့ မော်ချီးဒေသမှာ တလလောက်သွားပြီးတော့ အချက်အလက်တွေ ကောက်ခံခဲ့ပါတယ်။ အများအားဖြင့်တော့ ဒေသခံတွေကိုပဲ မေးတယ်။ ဒေသခံထဲမှာမှ မော်ချီးသတ္ထုတွင်းစီမံကိန်းမှာ အလုပ်လုပ်ခဲ့ဖူးသူတွေပေါ့နော်။ ဒါပေမဲ့ နယ်စပ်ကို ပြန်ရောက်လာတော့ စာအုပ်တအုပ်ဖြစ်ဖို့ ကျတော့ တချို့ information တွေက မလုံလောက်ဘူး။ ---- နဲ့ပဲ အချိန်ကတော့ ကိုးလလောက် ကြာသွားတယ်ရှင့်။”
အမှတ် (၂) သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စစ်တပ်ရဲ့ ဦးပိုင် လိမိတက်လုပ်ငန်းတို့ ပူးတွဲချုပ်ကိုင် ထားတဲ့ မော်ချီး-ခဲမဖြူသတ္ထုတွင်းကို ကယား ပြည်နယ် သတ္ထုကုမ္ပဏီက တူးဖော်လုပ်ကိုင်နေတာဖြစ်တယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ ကွန်ယက်အဖွဲ့က ပြောပါတယ်။ သတ္ထုတူးဖော်ရေး လုပ်ငန်းက အကျိုးအမြတ်တွေကို ဒေသခံပြည်သူတွေက ခံစားနိုင်ခွင့်မရှိတဲ့ ကိစ္စကိုလည်း အများသိစေချင်တာဖြစ်တယ်လို့ နော်အားမူက ပြောပါတယ်။
“ဒေသခံလူထုရဲ့ ဘဝလုံခြုံမှုတွေကို အကာအကွယ်ရရှိဖို့နဲ့ သူတို့ အကျိုးအမြတ် ရရှိခံစားရဖို့ပေါ့နော်- ဥပဒေကြောင်းအရ အကာ အကွယ်ပေးခြင်း မရှိသေးသရွေ့ ကျမတို့နယ်မြေအတွင်းမှာ နောက်ထပ် ဘယ်သတ္ထုတူးဖော်ရေးလုပ်ငန်းကိုမှ မလိုလားဘူး။”
နောင် ဒေသတွင်းမှာ ခေတ်မီနည်းတွေနဲ့ သတ္ထုတူးဖော်မယ်ဆိုရင်လည်း ဒေသခံတွေရဲ့ အကျိုး စီးပွားနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လေ့လာ သုံးသပ်ဖို့ မော်ချီးသတ္ထုတွင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ မိုလိုအမျိုးသမီးများ သတ္ထုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ယက်က တောင်းဆိုပါတယ်။
“တကယ်လို့ သတ္ထုတွင်းဝန်ကြီးဌာနက မော်ချီးသတ္ထုတွင်းကို ခေတ်မီတဲ့နည်းပညာတွေ လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိခိုက် ဆုံးရှုံးမှုကို ဘယ်လောက်ထိရှိတယ်ဆိုတဲ့- EIA လို့ ခေါ်တာပေါ့နော်- Environment Impact Assessment to Social Assessment ကို Systematically လုပ်ပြဖို့လည်း လိုအပ်တယ်၊ ပြီးတော့ ဒေသခံလူထုပါဝင်လာဖို့ ပါဝင်နိုင်တဲ့ အခွင့်အရေးလည်း ပေးရမယ်၊ ပြီးတော့ ဒေသခံတွေရဲ့ အကျိုးအမြတ်တွေရရှိဖို့၊ ဒေသခံတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ကျမတို့က တောင်းဆိုပါတယ်။”
သဘာဝသယံဇာတ အမြောက်အမြားထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ သယံဇာတတူးဖော်ရေး လုပ်ငန်း တချို့ဟာ လုပ်ငန်းကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုးသက်ရောက်မှုတွေကို မှန်မှန်ကန်ကန် သုံးသပ်တာ၊ လူသိရှင်ကြား ထုတ်ပြန်တာ အားနည်းနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဆိုးကျိုးတွေကို ခံစားကြရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့သူတွေက ပြောပါတယ်ရှင်။