သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အခွန်ကောက်ခံမှု လက်မခံကြောင်း ထိုင်းရောက် မြန်မာတွေ ဆန္ဒပြ



ထိုင်းနိုင်ငံဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာစစ်ကောင်စီရဲ့ အခွန်ကောက်ခံမှုကို ဆန့်ကျင်ဆန္ဒပြနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာစစ်ကောင်စီရဲ့ အခွန်ကောက်ခံမှုကို ဆန့်ကျင်ဆန္ဒပြနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ဒီဇင်ဘာလ (၁၇) ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေစုဝေးပြီး မြန်မာစစ်ကောင်စီရဲ့ အခွန်ကောက်ခံမှုကို ပေးဆောင်မှာ မဟုတ်တဲ့အကြောင်း ဆန္ဒထုတ်ဖေါ် ကန့်ကွက်ခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဘန်ကောက်ကနေ မညိုညိုလွင်က တင်ပြမှာပါ။

ပြည်ပရောက် မြန်မာလုပ်သားတွေထံကနေ ဝင်ငွေခွန်အဖြစ် ကောက်ခံမယ့်အကြောင်း ထိုင်း၊စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံသံရုံးတွေက အသီးသီး သတိပေးကြေညာထားပါတယ်။ ဘန်ကောက်မြို့က စစ်ကောင်စီ သံရုံးကတော့ မြန်မာအလုပ်သမားတွေ အခွန်ဆောင်ရတော့မယ့်အကြောင်း ဒီဇင်ဘာလ (၁၃)ရက်နေ့ က ထုတ်ပြန်ကြေညာထားတာပါ။

လစဉ်နှုန်းထားတွေကတော့ နေထိုင်ခွင့်အမျိုးအစားပေါ် မူတည်ပြီးတော့ သတ်မှတ်နှုန်းအပေါ် ၂% အခွန်ပေးဆောင်ရမယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဝင်ငွေခွန်မဆောင်ပါက ပတ်စပို့စ်သက်တမ်းတိုးပေးမှာ မဟုတ်ဘူးလို့ သံရုံးတွေရဲ့ကြေညာချက်မှာ ရေးထားပါတယ်။

ဘန်ကောက်မှာ ဆန္ဒပြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ စစ်ကောင်စီ ကောက်ခံမယ့် ဝင်ငွေခွန်ဟာ သူတို့ "ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေကို မတရားဓါးပြတိုက်ယူသလို ဖြစ်နေတယ်လို့" ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG