သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းမြို့နယ်တွင်းနယ်မြေရှင်းလင်း နေအိမ် ၁၅၀၀နီးပါး မီးရှို့ခံရ


စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ကျေးရွာ
စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ကျေးရွာ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်နဲ့ တလအတွင်း နေအိမ် ၁၅၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။ စစ်တပ်ကကျေးရွာတွေမှာ တပ်စွဲထားတာ ကြောင့်လည်း တိုက်ပွဲကာလ ၁ လကျော် ကြာမြင့်တဲ့အထိ၊ နေအိမ်တွေ မပြန်နိုင်ဘဲ တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်းရှိနေပါတယ်။ စစ်ကိုင်းမြို့နယ်တွင်း တိုက်ပွဲအခြေအနေသတင်းပေးပို့ချက် နန်းလောင်ဝ်ပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲမှာ မေလ ၁၄ ရက်ကစပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆိုရင် ၁ လကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ ၁ လကျော်အတွင်းမှာ နေအိမ် ၁၅၀၀ နီးပါး မီးလောင်ကျွမ်းခဲ့သလို၊ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ရွာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်၊စစ်တပ်ကစစ်ကိုင်း မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်လာတာပါ။ မီးရှို့ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စစ်ကိုင်းမြို့ရဲ့ လူသားစာနာတာဝန်ခံက အခုလို ပြောပါတယ်။
“စစ်ကိုင်းမြို့နယ်အတွင်း ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနံရွာသစ်ပေါ့၊ အဲ့ဒါတွေက ရွာထဲကို ပြန်ဝင်လို့မရဘူး။ ပြန်ဝင်မရတော့ ဘယ်လောက်ထိရှို့ခံရတယ်ကျွန်တော်တို့မသိဘူး။ ပထမစရှို့ခံရတုန်းက လေယာဉ်နဲ့ ပစ်တဲ့အချိန်မှာ 35 နဲ့ပစ်တဲ့အချိန် လောင်စာကိုမှန်လိုက်တဲ့အချိန်မှာ နွားစာတဲတွေဘာတွေကို မှန်လိုက်တဲ့အချိန်မှာ ၃၊ ၄ အိမ်ကနေ စလောင်ပြီးတော့မှ အဲ့မှာတင်လောင်လိုက်တာ။ ရပ်ကွက် ၂ ခုပြောင်သွားတယ်။ ပြန်ကြည့်လိုက်ချိန်မှာ အိမ်ခြေ ၅၀၀ နီးပါးတော့ ပါနေပြီ။ အခုထပ်ရှို့တာ ဆက်တိုက် ရက်ခြား ရှို့နေတာပေါ့။ ဆုံးရှုံးမှုကတော့ မသိနိုင်ဘူး။ အိမ်ခြေ ၅၀၀ အထက်လောက်က သေချာပေါက် ရှိတယ်။ ဒီလထဲမှာ ၁၅၀၀ လောက်ရှို့သွားတာ။ သာဇင်က ၇၀၀ လောက်ပါသွားတာ။ ပေါက်မ ၂ ရွာကိုက ၃၀၀ လောက်ပါသွားတာ။ ၇၀၀ နဲ့ ၃၀၀ နဲ့ ပေါင်းရင် ၁ ထောင် အရှေ့ခြမ်းကမင်းဝံတောင်ရိုးပေါ်ရှို့သွားတာ။ စဉ့်ကိုင်၊ အုတ်ဖို၊ ချောင်းဦး၊ ကုန်းဦး၊ ရုန်းပင် အဲ့ဒါကိုက ၁၀၀ ကျော်လောက်ရှိတယ်။ အခုဟိုနေ့က ရှို့သွားတဲ့ ကန်တော်ရိုးက ၁၈ အိမ်နဲ့ အဲ့ဒါတွေ အကုန်လုံးပေါင်းရင် ၁၅၀၀ လောက်ရှိတယ်။”
စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ရွာ
စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ရွာ
ဒါက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ လူသားစာနာက ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
သာဇင်ကျေးရွာဟာ အခု ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ မီးရှို့ခံရတာဖြစ်ပြီး တရွာလုံးနီးပါးက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရပါတယ်။ ဒါ့ပြင် ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးက ပဒူ၊ ကံကြီးကုန်း၊ ကျောက်ပနံ ကျောက်ပနံ ရွာသစ်တို့က နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ ပဒူကျေးရွာမှာ တပ်စွဲထားတဲ့ အတွက်ဒေသခံဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
စစ်တပ်တပ်စွဲထားတဲ့ ရွှေဘို- မြစ်ကြီးနား ကားလမ်းနဘေးက ရွာတွေက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင် နေရတာ ၁ လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးတိမ်းရှောင် နေရတဲ့ ပဒူကျေးရွာသား တဦးကပြောပြပါတယ်။
“စစ်တပ်က ရွာထဲမှာ တပ်စွဲထားတုန်းပဲ၊ မိုးကလည်းရွာကရွာနဲ့ ဆင်းရဲတာကတော့ တော်တော်ဆင်းရဲ ကြတာပေါ့။ အကျီအဝတ်အစားက အစုံမပါ။ မနက်ခင်းကြီးထွက်ပြေးရတဲ့အခါကျတော့ တချို့ကြတော့ ကျန်နေခဲ့ကြ ၊အဲ့လိုတွေကများတဲ့အခါကြတော့ ကျွန်တော်တို့ရွာရဲ့ တောင်ဘက် ကံကြီးကုန်း ကျောက်ပံနံ အဲ့ရွာတွေလည်း မရှိကြတော့ဘူး အကုန်ပြေးကုန်ကြပြီ”
လက်ရှိအချိန် ဒေသခံတွေဟာ စစ်တပ် နယ်မြေရှင်းလင်းတဲ့ဝေးရာနေရာတွေမှာ တိမ်းရှောင်နေကြပြီး၊ အခြားကျေးရွာတွေက ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေအပြင် တောတောင်တွေထဲမှာ နေထိုင်နေရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလကစလို့ ဒီကနေ့အထိ ၁ နှစ်အတွင်း စစ်ကိုင်းမြို့နယ်အ တွင်းမှာ ကျေးရွာ ၄၈ ရွာက နေအိမ် ၄ ထောင်နီးပါး မီးရှို့ခံခဲ့ရတယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG