သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ ကာချုပ်တို့ တွေ့ဆုံ (Senior General Min Aung Hlaing)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသလို အမေရိကန် သံအမတ်ကြီးနဲ့ အတူ အမေရိကန် စစ်သံမှူး Col. James McAden နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်ထဲမှာ မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် လူနည်းစု မူဆလင် ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတယ်လို့ မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှာ အဓိက ထောက်ခံအားပေတဲ့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောကြားခဲ့တာပါ။ စစ်တပ်က အင်အားနဲ့ ကိုင်တွယ်တာဟာ မြန်မာနိုင်ငံတွင်း ဂျီဟတ် အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Daniel Russel က ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျမသိရပေမယ့် သေဆုံးမှုတွေ ရှိနေတာမို့ စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာရော ကချင်ပြည်နယ်မှာပါ တပ်မတော်ဘက်က ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နေပြီး ဒီတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတာနဲ့ ပတ်သက်ပြီးလည်း ပြည်တွင်း ပြည်ပ လူ့အခွင့်ရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG