သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၃၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးတိမ်းရှောင်


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Banchari နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး Naikhongchhari မှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၁၁ လက်အောက်ကို ဝင်ရောက် ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောခွင့်ရ Shariful Islam က ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စခန်းအတော်များများကို AA က သိမ်းပိုက်လိုက်နိုင်တာကြောင့် စစ်သား၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ AA ထံမှာ လက်နက်ချ အညံ့ခံသူတွေရှိသလိုဘဲ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးခိုလှုံသူတွေ ရှိနေတာပါ။အခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတုန်းကလည်း စစ်သား၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင် စုစုပေါင်း ၃၃၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ကြတာမှာ သူတို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရေကြောင်းကတဆင့် မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG