သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကျူးကျော်မှု သည်းခံမှာမဟုတ်လို့ ဘင်္ဂလားဒေ့ရှ် သတိပေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မတည်မငြိမ်ဖြစ်အောင် နည်းပရိယာယ်အမျိုးမျိုးနဲ့ ကာလကြာရှည်ကတည်းက မြန်မာဘက်က ကြိုးစားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေးမှူးချုပ် M Khurshid Hossain က ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်ကို မြန်မာဘက်က ကျူးကျော်ရန်စမှုမျိုး အဆက်မပြတ် လုပ်ဆောင်ခဲ့ပေမဲ့ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ခိုင်မာတဲ့ သဘောထားကြောင့် အခြေအနေအရပ်ရပ်ကို ကိုင်တွယ်နိုင်ခဲ့တယ်လို့ RAB ညွှန်ကြားရေးမှူးချုပ်က ဒါကာမြို့မှာ စနေနေ့က ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောသွားတာပါ။

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နယ်စပ်ခြင်းကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ်လုံခြုံရေးကိုပါထိခိုက်နေတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း နတ်မြစ်ကမ်းရှိ Shapuree Dwip ဒေသမှာ AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေကြောင့် သေနတ်သံတွေ ဆူညံနေခဲ့ပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းကလည်း AA နဲ့ စစ်ကောင်စီကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး၊ အများအပြား ဒဏ်ရာ ရခဲ့လို့ ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ် ကန့်ကွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ နိုင်ငံရေးကို အကြောင်းပြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မူးယစ်ဆေးတွေမှောင်ခို တင်သွင်းနေတဲ့ အဓိကလမ်းကြောင်းဖြစ်တယ်လို့လည်း RAB က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG