သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေးအရ AA ကိုတိုက်ခိုက်ကြောင်း တပ်မတော်ပြောကြား


၂၀၁၉ ဇန်နဝါရီလတုန်းက ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲ
၂၀၁၉ ဇန်နဝါရီလတုန်းက ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် AA ကို တိုက်ခိုက်နေတာက နယ်မြေ တည်ငြိမ်မှု စစ်ဆင်ရေး ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုလိုက်ပါတယ်။ မနေ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းထောက် တယောက်ရဲ့ အမေးကို အခုလို ဖြေကြား သွားတာပါ။

“ AA နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နံပတ် ၁ ကတော့ သူတို့ပြောနေတဲ့ confrontation ပေါ့ ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ နောက်တခုက ကျနော်တို့က ရခိုင်ဒေသမှာ AA ကိုအခြေချတာ လုံးဝလက်မခံပါဘူး ဒါကတော့ တပ်မတော်ရဲ့သဘောထားပါ။ နောက်တခုက သူတို့လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ပေါ့ ကျနေ်ာတို့ ဒါနဲ့ ပတ်သက်ပြီးတော့ Stability operation တည်ငြိမ်မှု စစ်ဆင်ရေးနဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် ကျနော်တို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့ အဲဒီဒေသကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်အနေအထားကို ထိန်းသိမ်းပေးနိုင်ဖို့ အဲဒါတွေကို တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။”

ရခိုင်လက်နက်ကိုင်တပ် AA က ပြောဆိုနေတဲ့ လွတ်လပ်စွာ အုပ်ချုပ် စီမံပိုင်ခွင့်ရှိတဲ့ ကွန်ဖက်ဒရိတ် ဆိုတာကို တပ်မတော်ဘက်က လုံး၀ လက်မခံကြောင်းနဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကို ရခိုင်ပြည်နယ်မှာ အခြေချခွင့်လည်း လုံး၀ လက်မခံဘူးလို့လည်း ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုသွားပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသောင်းကျော် ရှိတယ်လို့ ကုလသမဂ္ဂဘက်က ပြောဆိုထားပြီး ဒီလူတွေ အခုချိန်ထိ နေရပ်ရင်း မပြန်နိုင်သေးပါဘူး။ ရခိုင်ပြည်နယ်တွင်းမှာတော့ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်ပြီး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG