သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္လြတ္လံုဥပေဒ ျပင္ဆင္ခ်က္မူၾကမ္း တင္သြင္းထား


(Zawgyi/Unicode)

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းတခုကုိ ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းလိုက္ပါတယ္။ ျမန္မာႏုိင္ငံသမိုင္းတေလွ်ာက္ ပထမ ဆံုး ျပဌာန္းတာ ျဖစ္တဲ့ ဒီဥပေဒကို လိုသလို အသံုးခ်ၿပီး တရားစြဲဆိုတာေတြေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလာ ၿပီးတဲ့ေနာက္ အခုလို ျပင္ဆင္ဖို႔ လုပ္လာတာပါ။

ဘယ္အခ်က္ေတြကို အဓိက ျပင္ဆင္ျဖည့္စြက္ဖို႔ ဥပေဒၾကမ္းမွာ ေဖာ္ျပထားပါသလဲ … ေဝဖန္ သူေတြကေရာ ဘယ္လိုျမင္ၾကပါသလဲ … ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ ထားပါတယ္။

ႏိုင္လြတ္လုံဥပေဒ လို႔နာမည္ႀကီးတဲ့ (ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒ) ကို ျပင္ဆင္မယ့္ ဥပေဒၾကမ္းတရပ္ကို ဒီကေန႔ျပည္သူ႔လႊတ္ေတာ္ မွာတင္ သြင္း လိုက္ပါတယ္။ ဒီဥပေဒ ကို ၂ဝ၁၇ ခုႏွစ္ မတ္လမွာ အတည္ျပဳျပဌာန္းခဲ့တာျဖစ္ပါတယ္။ အခန္း ၆ ခန္းနဲ႔ ပုဒ္မ ၁၃ ခုသာပါဝင္တဲ့ ဒီဥပေဒကို ထပ္တိုး ပုဒ္မ ၂ခုထည့္လိုက္သလို အာမခံ ေပးလို႔ ရတဲ့ ပုဒ္မအေနနဲ႔ ျပင္ဆင္ဖို႔လုပ္တာ ျဖစ္တယ္လို႔ အဲဒီေကာ္မတီ အတြင္းေရးမႈး ဦးလွသန္းကခုလိုေျပာပါတယ္။

“အဓိကက အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္ေအာင္လုပ္တယ္။ ေနာက္ၿပီးေတာ့ တရားစြဲရင္သက္ဆိုင္ရာဝန္ႀကီးဌာန ရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္ ယူရမယ္ အဲဒါအဓိက။ ပုဒ္မ ၁၀ျပင္တယ္ ၁၀(က)ထပ္ထည့္တာက မည္သူမဆို ပုဒ္မ ၇ ပါ တားျမစ္ခ်က္ကိုေသာ္လည္းေကာင္း ၊ ပုဒ္မ ၈ ( က)မွ (င) အထိ တားျမစ္ခ်က္ကိုေသာ္လည္းေကာင္း ေဖာက္ဖ်က္က်ဴးလႊန္ေၾကာင္း ျပစ္မႈ ထင္ရွား တရားစီရင္ျခင္းခံရလ်င္ ထိုသူကို အနည္းဆံုး ၆ လမွ ၃ ႏွစ္ အမ်ားဆံုး အထိ ခ်ခံရမည့္အျပင္ ေငြ ၃ သိန္းမွ ၁၅ သိန္းအထိ ေငြဒဏ္ခ်ႏိုင္သည္။ သက္ဆိုင္ရာဝန္ႀကီးဌာန ရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္ ယူရမယ္ ဆိုတာကို ၁၄(က) အေနနဲ႔ ထည့္ထားတယ္။ ေနာက္တခုက ျပစ္မႈမ်ားကို အာမခံေပးႏိုင္တဲ့ ျပစ္မႈ အေနနဲ႔ သတ္မွတ္တယ္ အဲဒါကေတာ့ ၁၄(ခ)ေပါ့ေနာ္။”

“ႏိုင္လြတ္လုံ” ဆိုၿပီး လူသိမ်ားတဲ့ ဒီဥပေဒဟာ ႏိုင္ငံသားေတြကို အကာအကြယ္ေပးဖို႔ ဆိုတာထက္၊ ႏိုင္ငံသားအခ်င္းခ်င္းၾကားမွာ အျမင္မတူသူေတြကိုအလြယ္တကူ တရားစြဲလို႔ရတဲ့ ဥပေဒတခု ျဖစ္လာေနတာေၾကာင့္ ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။ စစ္အစိုးရလက္ထက္ကလို ႏိုင္ငံသားေတြ ေနာက္ေယာင္ခံ ေစာင့္ၾကည့္ခံရတာ၊ဖုန္းဆက္သြယ္မႈ ၾကားျဖတ္နားေထာင္ခံရတာ စတဲ့ ပုဂၢိဳလ္ေရးလြတ္လပ္ခြင့္ကို ထိပါးခံရမွေတြကကာကြယ္ေပးဖို႔ ရည္႐ြယ္ကာဒီဥပေဒကို ျပ႒ာန္း ခဲ့ေပမဲ့ စတင္ျပ႒ာန္းခ်ိန္ ကစလို႔ တလြဲအသုံးခ်ေနမႈမ်ားေၾကာင့္ နာမည္ဆိုးနဲ႔ သာ ေက်ာ္ၾကားခဲ့ရတဲ့ ဥပေဒတစ္ခု ျဖစ္လာရပါတယ္။

လက္ေတြ႕မွာ အစိုးရ၊ တပ္မေတာ္၊ အာဏာရပါတီဝင္မ်ားနဲ႔ ေဒသႏၲရ အုပ္ခ်ဳပ္ေရးပိုင္းက ပုဂၢိဳလ္ေတြက သူတို႔ ကိုေဝဖန္လာသူေတြကို ဂုဏ္သိကၡာ ညိွဳးေအာင္ လုပ္ေဆာင္တယ္လိုေခါင္း စဥ္တပ္ကာ ဒီဥ ပေဒကို သုံးတရားစြဲလာၾကတာ မို႔ဒီဥပေဒက နာမည္ဆိုးနဲ႔ေက်ာ္ၾကား လာတာပါ။

ဒီဥပေဒ ျပည္သူကို အကာအကြယ္ေပးတဲ့ဥပေဒမဟုတ္ဘဲနဲ႔ ျပည္သူကို ဒုကၡေပးတဲ့ဥပေဒအျဖစ္ လက္ေတြ႕က်င့္သုံးတဲ့အခါမွာေတြ႕ေနရတယ္လို႔ ဥပေဒပညာရွင္ေတြက ေထာက္ျပခဲ့ၾကပါတယ္။ ေရွ႕ေန ဦးသိန္းသန္းဦးကေတာ့ ဒီဥပေဒဟာမရွိသင့္တဲ့ ဥပေဒတခုလို႔ျမင္ပါတယ္။

“က်ေနာ္က နဂိုကတည္းက သေဘာမက်တာ ဒီဥပေဒကို ။ ဒါေပမယ့္ ဒီဥပေဒျပင္တဲ့လူေတြရဲ႕ ရည္ရြယ္ခ်က္ကို သိေနလို႔သာေပါ့ေနာ္ ။ တကယ္ေတာ့ ဒါက လူထုကာကြယ္တဲ့ဟာမဟုတ္ဘူး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ကာကြယ္ဖို႔အတြက္ လုပ္တာေပါ့ေနာ္။ ဒါေပမယ့္ တကယ္အကာအကြယ္ေပးႏိုင္ဖို႔ အတြက္လည္း ခဲယဥ္းတယ္။ သူသည္လံုၿခံဳေရးနဲ႔ ပတ္သက္ရင္ ဒီမိုကေရစီ ရွိလွပါတယ္ဆိုတဲ့ ႏိုင္ငံေတြမွာလည္း အဲဒီ ရည္ရြယ္ခ်က္က ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြကို ကာကြယ္ခ်င္တဲ့ သီးျခားေခါင္းစဥ္ ရည္ရြယ္ခ်က္နဲ႔ ပဲ ျဖစ္တယ္။ မလိုအပ္ပဲနဲ႔ အခ်င္းခ်င္း တိုက္ခိုက္တဲ့ လက္နက္တခုလို ဒါက ျဖစ္ေနတာေလ။ အဲလိုအေနအထားေလး ျဖစ္တဲ့အတြက္ ဒီဥပေဒကိုေတာ့ က်ေနာ္ သေဘာမတူဘူး။ နည္းဥပေဒဘဲထြက္ထြက္ မထြက္ထြက္ ဖ်က္သိမ္းသင့္တဲ့ ဥပေဒလို႔ ထင္တယ္။”

လူ႔အခြင့္အေရး လႈပ္ရွားသူေတြ ဘက္ကေတာ့ ဒီဥပ ေဒကိုျပင္ဆင္ ဖို႔ထက္ အသစ္ေရးဆြဲလို ၾကပါတယ္။ ႏိုင္ငံေရး ေလ့လာ သံုးသပ္သူ ဦးစည္သူေအာင္ျမင့္ကေတာ့ ဒီဥပေဒကလူ အခ်င္းခ်င္းကိုအမႈဆင္ဆြဲႏိုင္ဖို႔ လုပ္တာ မဟုတ္ဘဲေနာက္ေယာင္ခံလိုက္ကာမ ေလ်ာ္ဩဇာ သုံးတဲ့ ဌာနဆိုင္ရာေတြကလူေတြကို အေရးယူဖို႔ ရည္႐ြယ္ထုတ္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဒါကို လိုသလိုပုံ ဖ်က္ခဲ့ၾကတာမွာ အခုလို ျပင္ဆင္လိုက္ တာမွ မလိုအပ္တဲ့ အားနည္းခ်က္ ေတြရွိလာမလားလို႔ သူကစိုးရိမ္ ေနတာပါ။

“ ေရွ႕မွာျဖစ္သြားတာက ဥပေဒက မွန္တယ္ ။ ဒါေပမယ့္ ဥပေဒကို က်င့္သံုးသူေတြမွာ လက္မခံသင့္ပဲနဲ႔ ဥပေဒမွာ ရွင္းရွင္းလင္းလင္းေရးထားပါလ်က္နဲ႔ သာမန္ျပည္သူတေယာက္ကို ဒီဥပေဒနဲ႔ တရားစြဲလို႔ မရပါဘူးဆိုတာ ဥပေဒမွာ ရွင္းရွင္းလင္းလင္း ပါေနသားနဲ႔ သူတို႔လက္ခံလို႔ အခုလို ပံုပ်က္သြားတာ။ ေျပာမယ္ဆိုရင္ ေျပာင္းျပန္ေတာင္ျပန္ျဖစ္သြားတယ္။ မူလဥပေဒမွာ ပါတဲ့အခ်က္က ၀န္ႀကီးဌာန တခုခုကေပါ့ေနာ္ အေရွ႕ပိုင္းမွာဆိုရင္ေတာ့ ျပည္ထဲေရး၀န္ႀကီး ဌာနပါတယ္။ အဲဒီမွာ ရဲတို႔ စသံုးလံုးတို႔ ရွိတာကို ။ အခုဒါက ဘာျဖစ္သြားလဲဆိုေတာ့ တရားစြဲခံထားရတဲ့ ၀န္ႀကီးဌာနကလူေတြကိုညွာသလိုေတာင္ျဖစ္သြားတယ္။ အဲဒီအဓိပၸါတယ္ သြားသက္ေရာက္လိမ့္မယ္။”

ဒီျပင္ဆင္လာတဲ့ ဥပေဒၾကမ္းကိုေတာ့ မၾကာခင္ေဆြးေႏြးသြားဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................

နိုင်လွတ်လုံဥပဒေ ပြင်ဆင်ချက်မူကြမ်း တင်သွင်းထား

(Unicode)

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ မြန်မာနိုင်ငံသမိုင်းတလျှောက် ပထမ ဆုံး ပြဌာန်းတာ ဖြစ်တဲ့ ဒီဥပဒေကို လိုသလို အသုံးချပြီး တရားစွဲဆိုတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာ ပြီးတဲ့နောက် အခုလို ပြင်ဆင်ဖို့ လုပ်လာတာပါ။ ဘယ်အချက်တွေကို အဓိက ပြင်ဆင်ဖြည့်စွက်ဖို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါသလဲ … ဝေဖန် သူတွေကရော ဘယ်လိုမြင်ကြပါသလဲ … ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ ထားပါတယ်။

နိုင်လွတ်လုံဥပဒေ လို့နာမည်ကြီးတဲ့ (နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) ကို ပြင်ဆင်မယ့် ဥပဒေကြမ်းတရပ်ကို ဒီကနေ့ပြည်သူ့လွှတ်တော် မှာတင် သွင်း လိုက်ပါတယ်။ ဒီဥပဒေ ကို ၂ဝ၁၇ ခုနှစ် မတ်လမှာ အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။ အခန်း ၆ ခန်းနဲ့ ပုဒ်မ ၁၃ ခုသာပါဝင်တဲ့ ဒီဥပဒေကို ထပ်တိုး ပုဒ်မ ၂ခုထည့်လိုက်သလို အာမခံ ပေးလို့ ရတဲ့ ပုဒ်မအနေနဲ့ ပြင်ဆင်ဖို့လုပ်တာ ဖြစ်တယ်လို့ အဲဒီကော်မတီ အတွင်းရေးမှုး ဦးလှသန်းကခုလိုပြောပါတယ်။

“အဓိကက အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်အောင်လုပ်တယ်။ နောက်ပြီးတော့ တရားစွဲရင်သက်ဆိုင်ရာဝန်ကြီးဌာန ရဲ့ ကြိုတင်ခွင့်ပြုချက် ယူရမယ် အဲဒါအဓိက။ ပုဒ်မ ၁၀ပြင်တယ် ၁၀(က)ထပ်ထည့်တာက မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော်လည်းကောင်း ၊ ပုဒ်မ ၈ ( က)မှ (င) အထိ တားမြစ်ချက်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွှန်ကြောင်း ပြစ်မှု ထင်ရှား တရားစီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ၆ လမှ ၃ နှစ် အများဆုံး အထိ ချခံရမည့်အပြင် ငွေ ၃ သိန်းမှ ၁၅ သိန်းအထိ ငွေဒဏ်ချနိုင်သည်။ သက်ဆိုင်ရာဝန်ကြီးဌာန ရဲ့ ကြိုတင်ခွင့်ပြုချက် ယူရမယ် ဆိုတာကို ၁၄(က) အနေနဲ့ ထည့်ထားတယ်။ နောက်တခုက ပြစ်မှုများကို အာမခံပေးနိုင်တဲ့ ပြစ်မှု အနေနဲ့ သတ်မှတ်တယ် အဲဒါကတော့ ၁၄(ခ)ပေါ့နော်။”

“နိုင်လွတ်လုံ” ဆိုပြီး လူသိများတဲ့ ဒီဥပဒေဟာ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဆိုတာထက်၊ နိုင်ငံသားအချင်းချင်းကြားမှာ အမြင်မတူသူတွေကိုအလွယ်တကူ တရားစွဲလို့ရတဲ့ ဥပဒေတခု ဖြစ်လာနေတာကြောင့် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ စစ်အစိုးရလက်ထက်ကလို နိုင်ငံသားတွေ နောက်ယောင်ခံ စောင့်ကြည့်ခံရတာ၊ဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခံရတာ စတဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှတွေကကာကွယ်ပေးဖို့ ရည်ရွယ်ကာဒီဥပဒေကို ပြဋ္ဌာန်း ခဲ့ပေမဲ့ စတင်ပြဋ္ဌာန်းချိန် ကစလို့ တလွဲအသုံးချနေမှုများကြောင့် နာမည်ဆိုးနဲ့ သာ ကျော်ကြားခဲ့ရတဲ့ ဥပဒေတစ်ခု ဖြစ်လာရပါတယ်။

လက်တွေ့မှာ အစိုးရ၊ တပ်မတော်၊ အာဏာရပါတီဝင်များနဲ့ ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေက သူတို့ ကိုဝေဖန်လာသူတွေကို ဂုဏ်သိက္ခာ ညှိုးအောင် လုပ်ဆောင်တယ်လိုခေါင်း စဉ်တပ်ကာ ဒီဥ ပဒေကို သုံးတရားစွဲလာကြတာ မို့ဒီဥပဒေက နာမည်ဆိုးနဲ့ကျော်ကြား လာတာပါ။

ဒီဥပဒေ ပြည်သူကို အကာအကွယ်ပေးတဲ့ဥပဒေမဟုတ်ဘဲနဲ့ ပြည်သူကို ဒုက္ခပေးတဲ့ဥပဒေအဖြစ် လက်တွေ့ကျင့်သုံးတဲ့အခါမှာတွေ့နေရတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။ ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီဥပဒေဟာမရှိသင့်တဲ့ ဥပဒေတခုလို့မြင်ပါတယ်။

“ကျနော်က နဂိုကတည်းက သဘောမကျတာ ဒီဥပဒေကို ။ ဒါပေမယ့် ဒီဥပဒေပြင်တဲ့လူတွေရဲ့ ရည်ရွယ်ချက်ကို သိနေလို့သာပေါ့နော် ။ တကယ်တော့ ဒါက လူထုကာကွယ်တဲ့ဟာမဟုတ်ဘူး လွှတ်တော်ကိုယ်စားလှယ်များကို ကာကွယ်ဖို့အတွက် လုပ်တာပေါ့နော်။ ဒါပေမယ့် တကယ်အကာအကွယ်ပေးနိုင်ဖို့ အတွက်လည်း ခဲယဉ်းတယ်။ သူသည်လုံခြုံရေးနဲ့ ပတ်သက်ရင် ဒီမိုကရေစီ ရှိလှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း အဲဒီ ရည်ရွယ်ချက်က ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကို ကာကွယ်ချင်တဲ့ သီးခြားခေါင်းစဉ် ရည်ရွယ်ချက်နဲ့ ပဲ ဖြစ်တယ်။ မလိုအပ်ပဲနဲ့ အချင်းချင်း တိုက်ခိုက်တဲ့ လက်နက်တခုလို ဒါက ဖြစ်နေတာလေ။ အဲလိုအနေအထားလေး ဖြစ်တဲ့အတွက် ဒီဥပဒေကိုတော့ ကျနော် သဘောမတူဘူး။ နည်းဥပဒေဘဲထွက်ထွက် မထွက်ထွက် ဖျက်သိမ်းသင့်တဲ့ ဥပဒေလို့ ထင်တယ်။”

လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဘက်ကတော့ ဒီဥပ ဒေကိုပြင်ဆင် ဖို့ထက် အသစ်ရေးဆွဲလို ကြပါတယ်။ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ဒီဥပဒေကလူ အချင်းချင်းကိုအမှုဆင်ဆွဲနိုင်ဖို့ လုပ်တာ မဟုတ်ဘဲနောက်ယောင်ခံလိုက်ကာမ လျော်ဩဇာ သုံးတဲ့ ဌာနဆိုင်ရာတွေကလူတွေကို အရေးယူဖို့ ရည်ရွယ်ထုတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကို လိုသလိုပုံ ဖျက်ခဲ့ကြတာမှာ အခုလို ပြင်ဆင်လိုက် တာမှ မလိုအပ်တဲ့ အားနည်းချက် တွေရှိလာမလားလို့ သူကစိုးရိမ် နေတာပါ။

“ ရှေ့မှာဖြစ်သွားတာက ဥပဒေက မှန်တယ် ။ ဒါပေမယ့် ဥပဒေကို ကျင့်သုံးသူတွေမှာ လက်မခံသင့်ပဲနဲ့ ဥပဒေမှာ ရှင်းရှင်းလင်းလင်းရေးထားပါလျက်နဲ့ သာမန်ပြည်သူတယောက်ကို ဒီဥပဒေနဲ့ တရားစွဲလို့ မရပါဘူးဆိုတာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပါနေသားနဲ့ သူတို့လက်ခံလို့ အခုလို ပုံပျက်သွားတာ။ ပြောမယ်ဆိုရင် ပြောင်းပြန်တောင်ပြန်ဖြစ်သွားတယ်။ မူလဥပဒေမှာ ပါတဲ့အချက်က ဝန်ကြီးဌာန တခုခုကပေါ့နော် အရှေ့ပိုင်းမှာဆိုရင်တော့ ပြည်ထဲရေးဝန်ကြီး ဌာနပါတယ်။ အဲဒီမှာ ရဲတို့ စသုံးလုံးတို့ ရှိတာကို ။ အခုဒါက ဘာဖြစ်သွားလဲဆိုတော့ တရားစွဲခံထားရတဲ့ ဝန်ကြီးဌာနကလူတွေကိုညှာသလိုတောင်ဖြစ်သွားတယ်။ အဲဒီအဓိပ္ပါတယ် သွားသက်ရောက်လိမ့်မယ်။”

ဒီပြင်ဆင်လာတဲ့ ဥပဒေကြမ်းကိုတော့ မကြာခင်ဆွေးနွေးသွားဖို့ရှိပါတယ်။

XS
SM
MD
LG