သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆိုင်ရာ နေပြည်တော် ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ ကျင်းပမည်


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST အဖွဲ့ဝင်များ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ (NCA-S EAO)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST အဖွဲ့ဝင်များ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ (NCA-S EAO)

အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်၊ တနင်္လာနေ့ ဒီကနေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ KNU ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ DKBA ၊ CNF ၊ PNLO ၊ ALP ၊ LDU ၊ NMSP ၊ RCSS နဲ့ ABSDF အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သတင်းထွက်ထားပါတယ်။ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက နေပြည်တော်မှာ ရောက်နေကြပါပြီ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးလုံးပါဝင်ပြီး NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါလိမ့် မယ်။

တနင်္လာနေ့အစည်းအဝေးမတိုင်ခင် စနေနေ့တုန်းကတော့ ဒီ ၁၀ ဖွဲ့ထဲက ၈ ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ အကြို ညှိနှိုင်းစည်းဝေးကြပါတယ်။ အကြိုညှိနှိုင်းအစည်းအဝေး ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ DKBA အဖွဲ့တို့ကလွဲပြီး ကျန်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်တာကို အစိုးရ သတင်းစာတွေမှာပါတဲ့သတင်းမှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG