သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး အတွက်သာ ရည်ရွယ်


မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေ မရှိဘဲ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တွေသာ ရှိတယ်လို့ မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂကို ပြောဆိုလိုက်ပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ပြုလုပ်နေတဲ့ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးတင်ဝင်းက ကြာသပတေးနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြည်ပ သတင်းမီဒီယာတွေကနေ ဒီနှစ်အစောပိုင်းက သတင်းထုတ်ပြန်မှုတွေဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ နျူကလီးယားကို ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးသက်သက် အတွက်ကိုသာ အသုံးပြုနေတာ ဖြစ်တယ်လို့ ဦးတင်ဝင်းက ညီလာခံမှာပြောတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ထောက်ခံသလို နျူကလီးယား လက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးကို လိုလားတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ် ဆိုတာကို နျူကလီးယား အစီအစဉ်တွေမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူးသူအဖြစ် မြန်မာစစ်တပ်က အရာရှိဟောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းရဲ့ ပြောပြချက်တွေ၊ အထောက်အထား မှတ်တမ်းတွေနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ Al Jazeera အစီအစဉ်တွေမှာ ဇွန်လဆန်းတုန်းက ထုတ်လွှင့်ပြသခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG