သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္မ်ိဳးကြဲကူးစက္မႈ ထိန္းခ်ဳပ္ျပင္ဆင္ေဆာင္႐ြက္ေန


အာေခါင္တို ့ဖက္ယူဖို ့က်န္းမာေရး၀န္ထမ္းမ်ားျပင္ဆင္ေနပံု (ဓာတ္ပံု - AFP)

ျမန္မာႏိုင္ငံမွာ Omicron ကိုဗစ္မ်ိဳးကြဲသစ္ ဓါတ္ခြဲအတည္ျပဳေတြ႕ရွိလာတာနဲ႔အတူ၊ ေဆး႐ုံေဆးခန္းေတြနဲ႔ ကုသေရးစင္တာေတြမွာ ကိုဗစ္လူနာေတြ ပိုမ်ားလာပါတယ္။ ဒါေပမယ့္လည္း အခုအခ်ိန္ထိေတာ့ ေရာဂါထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနမွာ ရွိေနၿပီး၊ ႀကိဳတင္ျပင္ဆင္မႈေတြလည္း ေဆာင္႐ြက္ထားတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြကေျပာပါတယ္။ ကိုဝင္းမင္းစုံစမ္းေမးျမန္းထားပါတယ္။

ရန္ကုန္တိုင္း ျပည္သူက်န္းမာေရးဦးစီးဌာနမႈး ေဒါက္တာထြန္းမင္းက ကိုဗစ္လူနာေတြ စၿပီးမ်ားလာတာကို အခုလိုရွင္းျပပါတယ္။
“Omicron ေတြက imported case ေလးေတြ ေတြ႕တာေပါ့။ ႏိုင္ငံျခားက ျပန္လာသူေတြထဲမွာ Omicron result နည္းနည္းေတြ႕တယ္။ လွည္းကူးက ေဖာင္ႀကီးသင္တန္းေၾကာင္းမွာ သင္တန္းဖြင့္ေတြဖြင့္ေတာ့ သင္တန္းသားေတြမွာ ကူးစပ္တာေလးေတြ နည္းနည္းရွိတယ္ေပါ့ေနာ္။ က်ေနာ္တို႔ႏိုင္ငံျခားက ျပန္လာတဲ့သူေတြကိုေတာ့ ေဟာ္တယ္ဆီမွာထားၿပီးေတာ့ Quarantine ထားၿပီးေတာ့ စစ္တယ္။ positive သမားေတြဆိုရင္ က်ေနာ္တို႔က သက္ဆိုင္ရာ Treatment စင္တာေတြ၊ ေဆး႐ုံေတြကို ပို႔တယ္။ အခုလက္ရွိအေျခအေနအရေတာ့ ဒီဇင္ဘာလနဲ႔စာရင္ေတာ့ ဇန္နဝါရီလဟာ နည္းနည္းေလးမ်ားတယ္။ အမ်ားႀကီးျဖစ္တာေတာ့ မဟုတ္ဘူး။”

ဒီေနရာမွာ ရန္ကုန္တိုင္းက်န္းမာေရးဦးစီးနဲ႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ေဝဠဳေက်ာ္ပရဟိတအသင္းတာဝန္ခံ ဦးေက်ာ္ေဇာကလည္း လူနာပို႔ရတာ စမ်ားလာတယ္လို႔ဆိုပါတယ္။
“က်ေနာ္တို႔ကေတာ့ တိုင္းက်န္းမာေရးကေန Swab စစ္တဲ့အခါမွာ positive ျဖစ္တဲ့သူေတြကို သူတို႔သပ္မွတ္ထားတဲ့ စင္တာေတြကို ပို႔ေပးတာေပါ့ေနာ္။ လူနာထူးျခားမႈအေနအထားကေတာ့ အစကနဲ႔စာရင္ နည္းနည္းမ်ားလာတယ္ေပါ့ေနာ္။ ဒီေန႔ဆို ၁၂ ေရာက္ရွိတာေပါ့။ အစက တေယာက္၊ ႏွစ္ေယာက္၊ သုံးေယာက္ပဲရွိတာေပါ့ေနာ္။ ၿပီးခဲ့တဲ့လေလာက္ကေပါ့။ အခုဒီလမွာက်ေတာ့ နည္းနည္းမ်ားလာတာေပါ့။ တေန႔တေန႔ကို ၁၀ ေယာက္ပတ္ဝန္းက်င္ေတာ့ အၿမဲတမ္းပို႔ေနရတယ္ေပါ့။”
တခ်ိန္ထဲမွာ ပုဂၢလိကေဆး႐ုံတခ်ိဳ႕မွာလည္း ကိုဗစ္လူနာေတြမ်ားလာေနတဲ့အေပၚ ေမးျမန္းရာမွာ ေဒါက္တာထြန္းမင္းက အခုလိုရွင္းျပပါတယ္။
“ ေဆး႐ုံေတြမွာ ကိုဗစ္မ်ားလာတယ္ဆိုတာက ဒီလိုေလ။ positive ထြက္တဲ့လူေတြထဲမွာ တခ်ိဳ႕က အစိုးရေဆး႐ုံေတြဆီမွာ မတက္ပဲနဲ႔ျပင္ပ ပုဂၢလိကေဆး႐ုံေတြဆီမွာ တက္ဖို႔ဆႏၵရွိတဲ့သူေတြဆိုရင္ က်ေနာ္တို႔က ခြင့္ျပဳေပးတယ္ေလ။ တခ်ိဳ႕ႏိုင္ငံျခားသားေတြကလည္း ပုဂၢလိက ေဆး႐ုံေတြဆီမွာတက္တယ္။ စေတြ႕ထဲကိုက က်ေနာ္တို႔က ပုဂၢလိက ေဆး႐ုံ (၇) ႐ုံေလာက္မွာ က်ေနာ္တို႔က စစ္ေဆးၿပီး တက္ဖို႔ခြင့္ျပဳထားတယ္။ အစိုးရေဆး႐ုံကေတာ့ က်ေနာ္တို႔က အဓိက ေဝဘာဂီေဆး႐ုံမွာထားတာေပါ့။ ေနာက္ၿပီး Treatment Center ႏွစ္ခုရွိတယ္။ ဇီဝက Treatment Center ရယ္၊ ေနာက္ၿပီး အုတ္တခ်ပ္သဲတပြင့္ေပါ့ သုဝဏၰ Treatment Center ရယ္ေပါ့။ အဲဒီႏွစ္ခုေပါင္း လူနာ ၅၀၀ နီးပါးေလာက္ ဆန္႔တယ္။ ဒါကေတာ့ က်န္းမာေရးဌာနနဲ႔အလႉရွင္ေတြနဲ႔စုေပါင္း ဖြင့္လွစ္ၿပီး လက္ခံတဲ့ Treatment Center ေတြေပါ့ေနာ္။ အခုလက္ရွိကေတာ့ ျပည့္လွ်ံေနတဲ့ အေနအထားေတာ့ မရွိပါဘူး။ လူနာ သုံးပုံတပုံနဲ႔တဝက္အၾကားေပါ့။ တက္လိုက္ဆင္းလိုက္ေပါ့။ တခ်ိဳ႕က်ေတာ့လည္း ပုဂၢလိကေဆး႐ုံသြားတက္တယ္ေလ။ Treatment Center ေတြက်ေတာ့္ အမ်ားနဲ႔တူတူေနရတယ္ေလ။”

Omicron အတြက္ အမ်ားကို ေဆးစစ္ႏိုင္တဲ့အေနအထားကို ဆက္ၿပီးေမးျမန္းရာမွာေတာ့ ေဒါက္တာထြန္းမင္းက အခုလို ဆက္ရွင္းျပပါတယ္။
“ အမွန္အတိုင္းေျပာရရင္ အိုမီခ႐ြန္က case တိုင္း၊ လူတိုင္းကို က်ေနာ္တို႔က စစ္တာမဟုတ္ဘူး။ Positive ထြက္တဲ့လူနာေတြထဲမွာမွ အိုမီခ႐ြန္ ျဖစ္မျဖစ္စစ္တယ္ေပါ့ေနာ္။ အဲဒီေတာ့ အခုက ေတာ္ေတာ္မ်ားမ်ားေတာ့ စစ္ႏိုင္ပါတယ္။ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္းကလည္းစစ္တယ္၊ တပ္မေတာ္ဘက္ကနည္း စစ္ေဆးေပးတာေပါ့ေနာ္။ ႏိုင္ငံျခားကျပန္လာတဲ့လူေရာ၊ ေရာဂါလကၡဏာျပတဲ့လူေရာ စစ္ေဆးေပးေနတာပဲေလ။ သူတို႔ကိုေနာက္ပိုင္း ပုံမွန္ေပါ့။ ေလယာဥ္နဲ႔ခရီးသြားမွာတို႔၊ သင္တန္းတက္မွာတို႔၊ ဒါေတြကလည္း အၿမဲတမ္းစစ္ေဆးေပးေနတာပါပဲ။ တကယ္လို႔စစ္ေဆးဖို႔ဆႏၵရွိတယ္ဆိုရင္လည္း သက္ဆိုင္ရာ ကိုယ္နဲ႔နီးစပ္တဲ့ေဆး႐ုံေတြမွာ သြားၿပီးစစ္ေဆးလို႔လည္း ရပါတယ္။ အျပင္မွာလည္း ပုဂၢလိကဓာတ္ခြဲခန္းေတြမွာလည္း ပိုက္ဆံေပးၿပီး စစ္ေဆးလို႔ရတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔က်န္းမာေရးဌာနကေနၿပီး အခမဲ့ စစ္ေဆးေပးတဲ့ ေနရာလည္းရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ ေရာဂါလကၡဏာရွိတယ္။ ကိုယ့္ကိုယ္ကိုယ္ ကူးစက္ခံရတယ္လို႔သံသယရွိမွ စစ္ေဆးတာပဲေကာင္းပါတယ္။ မလိုအပ္ပဲ စစ္ေဆးေတာ့လည္း အလကား အလုပ္ပိုတာေပါ့ဗ်ာ။”

ဒါ့အျပင္ လက္ရွိတာဝန္ရွိသူေတြဘက္ကလည္း ျပင္ဆင္ထားမႈအေနအထားကို ေမးျမန္းရာ ေဒါက္တာထြန္းမင္းက အခုလိုဆိုပါတယ္။
“ ရန္ကုန္တိုင္းအေနနဲ႔ကေတာ့ တိုင္းအစိုးရအဖြဲ႕နဲ႔ေရာ၊ ကိုဗစ္ေကာ္မတီနဲ႔ေရာ၊ တပ္မေတာ္ဘက္ကေရာ၊ က်န္းမာေရးဝန္ႀကီးဌာနေရာ၊ လိုအပ္တဲ့ဟာေတြေတာ့ အကုန္လုံးျပင္ဆင္ထားတယ္ေပါ့။ အေျခအေနအရ အဆင့္လိုက္အဆင့္လိုက္ေဆာင္႐ြက္သြားမယ္ေပါ့။ ဥပမာ Treatment Center ေတြလည္လိုအပ္ရင္ လူနာ ေထာင္နဲ႔ခ်ီၿပီးလက္ခံႏိုင္ေအာင္ Ready လုပ္ထားတယ္။ ေဆး႐ုံေတြလည္း လိုအပ္ရင္ ကိုဗစ္လူနာေတြလက္ခံႏိုင္ေအာင္ျပင္ဆင္ထားတယ္ေပါ့။ အခုလက္ရွိအေနအထားကေတာ့ လူနာေတြအမ်ားႀကီးတက္လာမယ့္ အေနအထားရွိတယ္။ ရန္ကုန္တိုင္းကေတာ့ က်န္တဲ့တိုင္းေတြနဲ႔စာရင္ေတာ့ မဆိုးဘူးေပါ့ေလ။ အသက္ ၁၈ ႏွစ္အထက္ လူဦးေရ ၆၅ ရာခိုင္ႏႈန္းေလာက္က ကာကြယ္ေဆးထိုးၿပီးေနၿပီ။ ေနာက္ထပ္လည္းထိုးၾကဦးမယ္။ Sputnik Light တို႔၊ Covid Shield တို႔၊ Sino Pharm တို႔အကုန္လုံး ဆက္တိုက္ပဲ ဆက္ထိုးေနတယ္ေပါ့။ တခ်ိဳ႕ဝန္ထမ္းေတြနဲ႔သက္ႀကီး႐ြယ္အိုေတြေပါ့။ တခ်ိဳ႕အသက္ႀကီးတဲ့ ဝန္ထမ္းေတြကို က်ေနာ္တို႔ Booster ပါ ထိုးေပးထားတယ္။ ျပည္သူေတြ အေရးႀကီးဆုံးကေတာ့ စည္းကမ္းလိုက္နာဖို႔ေပါ့။ က်ေနာ္တို႔ ကိုဗစ္မွာ သပ္မွတ္ထားတဲ့ social distancing ေတြ၊ မလိုအပ္ပဲ လူစုလူေဝးမလုပ္တာတို႔၊ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနၿပီးေတာ့ mask တပ္တာတို႔၊ လက္ခဏခဏေဆးတာတို႔၊ ေနာက္ အေပ်ာ္အပါးေပါ့ ။ ပြဲလမ္းေတြေရွာင္က်င္ဖို႔ေပါ့။”
ဒါအျပင္ လိုအပ္မယ့္ ေအာက္ဆီဂ်င္အတြက္ေရာ အရင္ထက္ပိုၿပီးျပင္ဆင္ထားတယ္လို႔က်န္းမာေရးတာဝန္ရွိသူေတြက ေျပာေနပါတယ္ခင္ဗ်ာ။

...............................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာကိုဗစ်မျိုးကွဲကူးစက်မှု ထိန်းချုပ်ပြင်ဆင်ဆောင်ရွက်နေ

(Unicode)
မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲသစ် ဓါတ်ခွဲအတည်ပြုတွေ့ရှိလာတာနဲ့အတူ၊ ဆေးရုံဆေးခန်းတွေနဲ့ ကုသရေးစင်တာတွေမှာ ကိုဗစ်လူနာတွေ ပိုများလာပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိတော့ ရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေမှာ ရှိနေပြီး၊ ကြိုတင်ပြင်ဆင်မှုတွေလည်း ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။ ကိုဝင်းမင်းစုံစမ်းမေးမြန်းထားပါတယ်။

ရန်ကုန်တိုင်း ပြည်သူကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမင်းက ကိုဗစ်လူနာတွေ စပြီးများလာတာကို အခုလိုရှင်းပြပါတယ်။
“Omicron တွေက imported case လေးတွေ တွေ့တာပေါ့။ နိုင်ငံခြားက ပြန်လာသူတွေထဲမှာ Omicron result နည်းနည်းတွေ့တယ်။ လှည်းကူးက ဖောင်ကြီးသင်တန်းကြောင်းမှာ သင်တန်းဖွင့်တွေဖွင့်တော့ သင်တန်းသားတွေမှာ ကူးစပ်တာလေးတွေ နည်းနည်းရှိတယ်ပေါ့နော်။ ကျနော်တို့နိုင်ငံခြားက ပြန်လာတဲ့သူတွေကိုတော့ ဟော်တယ်ဆီမှာထားပြီးတော့ Quarantine ထားပြီးတော့ စစ်တယ်။ positive သမားတွေဆိုရင် ကျနော်တို့က သက်ဆိုင်ရာ Treatment စင်တာတွေ၊ ဆေးရုံတွေကို ပို့တယ်။ အခုလက်ရှိအခြေအနေအရတော့ ဒီဇင်ဘာလနဲ့စာရင်တော့ ဇန်နဝါရီလဟာ နည်းနည်းလေးများတယ်။ အများကြီးဖြစ်တာတော့ မဟုတ်ဘူး။”

ဒီနေရာမှာ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ဝေဠုကျော်ပရဟိတအသင်းတာဝန်ခံ ဦးကျော်ဇောကလည်း လူနာပို့ရတာ စများလာတယ်လို့ဆိုပါတယ်။
“ကျနော်တို့ကတော့ တိုင်းကျန်းမာရေးကနေ Swab စစ်တဲ့အခါမှာ positive ဖြစ်တဲ့သူတွေကို သူတို့သပ်မှတ်ထားတဲ့ စင်တာတွေကို ပို့ပေးတာပေါ့နော်။ လူနာထူးခြားမှုအနေအထားကတော့ အစကနဲ့စာရင် နည်းနည်းများလာတယ်ပေါ့နော်။ ဒီနေ့ဆို ၁၂ ရောက်ရှိတာပေါ့။ အစက တယောက်၊ နှစ်ယောက်၊ သုံးယောက်ပဲရှိတာပေါ့နော်။ ပြီးခဲ့တဲ့လလောက်ကပေါ့။ အခုဒီလမှာကျတော့ နည်းနည်းများလာတာပေါ့။ တနေ့တနေ့ကို ၁၀ ယောက်ပတ်ဝန်းကျင်တော့ အမြဲတမ်းပို့နေရတယ်ပေါ့။”
တချိန်ထဲမှာ ပုဂ္ဂလိကဆေးရုံတချို့မှာလည်း ကိုဗစ်လူနာတွေများလာနေတဲ့အပေါ် မေးမြန်းရာမှာ ဒေါက်တာထွန်းမင်းက အခုလိုရှင်းပြပါတယ်။
“ ဆေးရုံတွေမှာ ကိုဗစ်များလာတယ်ဆိုတာက ဒီလိုလေ။ positive ထွက်တဲ့လူတွေထဲမှာ တချို့က အစိုးရဆေးရုံတွေဆီမှာ မတက်ပဲနဲ့ပြင်ပ ပုဂ္ဂလိကဆေးရုံတွေဆီမှာ တက်ဖို့ဆန္ဒရှိတဲ့သူတွေဆိုရင် ကျနော်တို့က ခွင့်ပြုပေးတယ်လေ။ တချို့နိုင်ငံခြားသားတွေကလည်း ပုဂ္ဂလိက ဆေးရုံတွေဆီမှာတက်တယ်။ စတွေ့ထဲကိုက ကျနော်တို့က ပုဂ္ဂလိက ဆေးရုံ (၇) ရုံလောက်မှာ ကျနော်တို့က စစ်ဆေးပြီး တက်ဖို့ခွင့်ပြုထားတယ်။ အစိုးရဆေးရုံကတော့ ကျနော်တို့က အဓိက ဝေဘာဂီဆေးရုံမှာထားတာပေါ့။ နောက်ပြီး Treatment Center နှစ်ခုရှိတယ်။ ဇီဝက Treatment Center ရယ်၊ နောက်ပြီး အုတ်တချပ်သဲတပွင့်ပေါ့ သုဝဏ္ဏ Treatment Center ရယ်ပေါ့။ အဲဒီနှစ်ခုပေါင်း လူနာ ၅၀၀ နီးပါးလောက် ဆန့်တယ်။ ဒါကတော့ ကျန်းမာရေးဌာနနဲ့အလှူရှင်တွေနဲ့စုပေါင်း ဖွင့်လှစ်ပြီး လက်ခံတဲ့ Treatment Center တွေပေါ့နော်။ အခုလက်ရှိကတော့ ပြည့်လျှံနေတဲ့ အနေအထားတော့ မရှိပါဘူး။ လူနာ သုံးပုံတပုံနဲ့တဝက်အကြားပေါ့။ တက်လိုက်ဆင်းလိုက်ပေါ့။ တချို့ကျတော့လည်း ပုဂ္ဂလိကဆေးရုံသွားတက်တယ်လေ။ Treatment Center တွေကျတော့် အများနဲ့တူတူနေရတယ်လေ။”

Omicron အတွက် အများကို ဆေးစစ်နိုင်တဲ့အနေအထားကို ဆက်ပြီးမေးမြန်းရာမှာတော့ ဒေါက်တာထွန်းမင်းက အခုလို ဆက်ရှင်းပြပါတယ်။
“ အမှန်အတိုင်းပြောရရင် အိုမီခရွန်က case တိုင်း၊ လူတိုင်းကို ကျနော်တို့က စစ်တာမဟုတ်ဘူး။ Positive ထွက်တဲ့လူနာတွေထဲမှာမှ အိုမီခရွန် ဖြစ်မဖြစ်စစ်တယ်ပေါ့နော်။ အဲဒီတော့ အခုက တော်တော်များများတော့ စစ်နိုင်ပါတယ်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကလည်းစစ်တယ်၊ တပ်မတော်ဘက်ကနည်း စစ်ဆေးပေးတာပေါ့နော်။ နိုင်ငံခြားကပြန်လာတဲ့လူရော၊ ရောဂါလက္ခဏာပြတဲ့လူရော စစ်ဆေးပေးနေတာပဲလေ။ သူတို့ကိုနောက်ပိုင်း ပုံမှန်ပေါ့။ လေယာဉ်နဲ့ခရီးသွားမှာတို့၊ သင်တန်းတက်မှာတို့၊ ဒါတွေကလည်း အမြဲတမ်းစစ်ဆေးပေးနေတာပါပဲ။ တကယ်လို့စစ်ဆေးဖို့ဆန္ဒရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ကိုယ်နဲ့နီးစပ်တဲ့ဆေးရုံတွေမှာ သွားပြီးစစ်ဆေးလို့လည်း ရပါတယ်။ အပြင်မှာလည်း ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာလည်း ပိုက်ဆံပေးပြီး စစ်ဆေးလို့ရတယ်။ နောက်ပြီးတော့ ကျနော်တို့ကျန်းမာရေးဌာနကနေပြီး အခမဲ့ စစ်ဆေးပေးတဲ့ နေရာလည်းရှိတယ်ပေါ့နော်။ ဒါပေမယ့် ရောဂါလက္ခဏာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကူးစက်ခံရတယ်လို့သံသယရှိမှ စစ်ဆေးတာပဲကောင်းပါတယ်။ မလိုအပ်ပဲ စစ်ဆေးတော့လည်း အလကား အလုပ်ပိုတာပေါ့ဗျာ။”

ဒါ့အပြင် လက်ရှိတာဝန်ရှိသူတွေဘက်ကလည်း ပြင်ဆင်ထားမှုအနေအထားကို မေးမြန်းရာ ဒေါက်တာထွန်းမင်းက အခုလိုဆိုပါတယ်။
“ ရန်ကုန်တိုင်းအနေနဲ့ကတော့ တိုင်းအစိုးရအဖွဲ့နဲ့ရော၊ ကိုဗစ်ကော်မတီနဲ့ရော၊ တပ်မတော်ဘက်ကရော၊ ကျန်းမာရေးဝန်ကြီးဌာနရော၊ လိုအပ်တဲ့ဟာတွေတော့ အကုန်လုံးပြင်ဆင်ထားတယ်ပေါ့။ အခြေအနေအရ အဆင့်လိုက်အဆင့်လိုက်ဆောင်ရွက်သွားမယ်ပေါ့။ ဥပမာ Treatment Center တွေလည်လိုအပ်ရင် လူနာ ထောင်နဲ့ချီပြီးလက်ခံနိုင်အောင် Ready လုပ်ထားတယ်။ ဆေးရုံတွေလည်း လိုအပ်ရင် ကိုဗစ်လူနာတွေလက်ခံနိုင်အောင်ပြင်ဆင်ထားတယ်ပေါ့။ အခုလက်ရှိအနေအထားကတော့ လူနာတွေအများကြီးတက်လာမယ့် အနေအထားရှိတယ်။ ရန်ကုန်တိုင်းကတော့ ကျန်တဲ့တိုင်းတွေနဲ့စာရင်တော့ မဆိုးဘူးပေါ့လေ။ အသက် ၁၈ နှစ်အထက် လူဦးရေ ၆၅ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေးထိုးပြီးနေပြီ။ နောက်ထပ်လည်းထိုးကြဦးမယ်။ Sputnik Light တို့၊ Covid Shield တို့၊ Sino Pharm တို့အကုန်လုံး ဆက်တိုက်ပဲ ဆက်ထိုးနေတယ်ပေါ့။ တချို့ဝန်ထမ်းတွေနဲ့သက်ကြီးရွယ်အိုတွေပေါ့။ တချို့အသက်ကြီးတဲ့ ဝန်ထမ်းတွေကို ကျနော်တို့ Booster ပါ ထိုးပေးထားတယ်။ ပြည်သူတွေ အရေးကြီးဆုံးကတော့ စည်းကမ်းလိုက်နာဖို့ပေါ့။ ကျနော်တို့ ကိုဗစ်မှာ သပ်မှတ်ထားတဲ့ social distancing တွေ၊ မလိုအပ်ပဲ လူစုလူဝေးမလုပ်တာတို့၊ တယောက်နဲ့တယောက် ခပ်ခွာခွာနေပြီးတော့ mask တပ်တာတို့၊ လက်ခဏခဏဆေးတာတို့၊ နောက် အပျော်အပါးပေါ့ ။ ပွဲလမ်းတွေရှောင်ကျင်ဖို့ပေါ့။”
ဒါအပြင် လိုအပ်မယ့် အောက်ဆီဂျင်အတွက်ရော အရင်ထက်ပိုပြီးပြင်ဆင်ထားတယ်လို့ကျန်းမာရေးတာဝန်ရှိသူတွေက ပြောနေပါတယ်ခင်ဗျာ။

XS
SM
MD
LG