သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုလ်တုဆက်သွယ်ရေးစနစ် မြန်မာ စတော့မည်


မြန်မာအစိုးရက နိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေးကို စတင် လုပ်ဆောင်နေတာမှာ ဂြိလ်တုစနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီရဲ့ ပထမအကြိမ် စည်းဝေးပွဲကို ဧပြီလ ၂၈ ရက်နေ့က နေပြည်တောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်း အဝေး ခမ်းမမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို Geo-stationary ပတ်လမ်း၊ Indian Ocean Region (IOR) ၆၀ ဒီဂရီ အရှေ့ တည်နေရာမှာ ရှိတဲ့ Intelsat V ဂြိုလ်တုကို အသုံးပြုပြီး တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ရုပ်သံ လက်ခံရေးတို့အတွက် ၁၉၇၉ ခုနှစ်ကတည်း စတင် အသုံး ပြုခဲ့ကြောင်း၊ အဲဒီကနေ ၁၉၉၀ ခုနှစ်မှာ AsiaSat-1 နဲ့ ၁၉၉၈ ခုနှစ်မှာ ThaiComm 3 တို့ကိုပါ တိုးချဲ့ အသုံး ပြုခဲ့ကြောင်း ဂြိလ်တုစံနစ် တည်ထောင်ရေး ဦးဆောင် ကော်မီတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက စည်းဝေးပွဲ အတွင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ပြောင်းလဲလာနေတဲ့ ဆက်သွယ်ရေး လိုအပ်ချက်တွေနဲ့ လူမှုဘ၀ တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်ချက်တွေအရ မြန်မာနိုင်ငံ Space Agency အာကာသဌာန တည်ထောင်ရေးအတွက် စတင် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

၂၀၁၈ - ၂၀၁၉ ခုနှစ်တွေမှာ ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ် တွက်ချက် သင့်သည်များကို တွက်ချက်ကာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ လုံခြုံရေးကောင်းတဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဂြိုလ်တု ထားရှိခြင်း အားဖြင့် ကုန်းတွင်းပိုင်း၊ ရေပေါ်နဲ့ ကျွန်းတွေပေါ်အထိ တိုင်းပြည် နေရာ အနှံ့အပြားအတွက် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေ ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။

ဂြိုလ်တုဆက်သွယ်ရေးစနစ် မြန်မာ စတော့မည်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG