သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလတ္စတစ္ ညစ္ညမ္းမႈ တိုက္ဖ်က္ေရးနဲ႔ ျမန္မာ


ဂ်ာကာတာၿမိဳ ႔က ျမစ္တခုမွာပလပ္စတစ္အမႈိက္လိုက္ေကာက္ေနတဲ့ကေလးတဦး၊ မတ္ ၂၁၊ ၂၀၁၀

ပလတ္စတစ္အမႈိက္တုိက္ဖ်က္ေရး မျဖစ္မေနလိုက္နာရမယ့္ ျပဌာန္းခ်က္တခု ခ်မွတ္ႏုိင္ေအာင္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ႀကိဳးပမ္းေနၾကပါတယ္။ ပတ္၀န္းက်င္ ထိန္းသိမ္းေရးမွာ အားနည္းခ်က္ေတြ ရွိေနတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကေရာ ဘယ္လို ရွိေနပါသလဲ၊ ညီလာခံကို တက္ေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံက ပတ္၀န္းက်င္အေရး လႈပ္ရွားသူတဦးကို ဆက္သြယ္ေမးျမန္းၿပီး နန္းေလာင္၀္က တင္ျပထားပါတယ္။

ကုလသမဂၢအဖြဲ႔၀င္ႏုိင္ငံအားလုံး မျဖစ္မေနလိုက္နာရမယ့္ ပလတ္စတစ္ညစ္ညမ္းမႈ တုိက္ဖ်က္ေရးသေဘာတူညီခ်က္မွာ ပလတ္ စတစ္ပစၥည္း မ်ိဳးစုံ ထုတ္လုပ္အသုံးခ်ရာကေန စြန္႔ပစ္တဲ့ထိ ပလတ္စတစ္သံသရာတခုလုံး လုိက္နာရမယ့္စည္းကမ္းခ်က္ေတြ ၿခဳံငုံထည့္သြင္းမွာျဖစ္ပါတယ္။ ဥ႐ုေဂြးႏုိင္ငံမွာက်င္းပခဲ့တဲ့ ႏုိင္ငံတကာညွိႏႈိင္းေဆာင္ရြက္ေရးေကာ္မတီ INC ပထမ အၾကိမ္ညီလာခံကို အြန္လိုင္းကေန တက္ေရာက္ခဲ့တဲ့ ျမန္မာႏုိင္ငံက သဘာ၀ပတ္၀န္းက်င္အေရးတက္ၾကြလႈပ္ရွားသူ ကိုဟိန္းထက္ဥိီးက သူ႔အေတြ႔အႀကဳံကို ခုလိုေျပာပါတယ္။

“ ပထမဆုံးအစည္းအေ၀းမွာ က်ေနာ္က ျမန္္မာလူငယ္တေယာက္အေနနဲ႔ ကုလသမဂၢကတရား၀င္အသိအမွတ္ျပဳၿပီးတက္ေရာက္ခြင့္ရခဲ့ပါ တယ္။ ႏုိင္ငံစုံမွာ ပလတ္စတစ္နဲ႔ပတ္သက္ၿပီး ဘာေတြေဆြးေႏြးေနသလဲ၊ ဘာေတြကစိုးရိမ္စရာျဖစ္ေနသလဲဆိုတာ ေလ့လာခြင့္ရခဲ့တယ္။ ေနာက္ၿပီး ျမန္မာလူငယ္တေယာက္အေနနဲ႔ ဘယ္လို စိတ္ပူပန္မႈမ်ဳိးရွိေနသလဲ ဆိုတာကိုပါတင္ျပခြင့္ရခဲ့ပါတယ္။ “

ကမၻာတ၀န္းေနရာေပါင္းစုံမွာ တခါသုံးပလတ္စတစ္အမႈိက္ေတြျမင္မေကာင္းေအာင္ စုပုံလာေနတဲ့အတြက္ ကမၻာတခုလုံးပလတ္္စတစ္ႏြံထဲ နစ္လာေနၿပီလို႔လည္း တက္ၾကြလႈပ္ရွားသူေတြက တင္စားေျပာဆိုၾကပါတယ္။ ဒါေၾကာင့္လည္း ပလတ္စတစ္တုိက္ဖ်က္ေရးမွာ စိန္ေခၚခ်က္ေတြမ်ားလြန္းေပမယ့္ အျမန္ဆုံးအေျဖတရပ္ရွာဖို႔ ႏုိင္ငံစုံကိုယ္စားလွယ္ေတြေရာ လူငယ္အဖြဲ႔အစည္းေတြကပါ တက္တက္ၾကြၾကြ ပါ၀င္ ေဆြးေႏြးခဲ့ၾကပါတယ္။ UNEP အမႈေဆာင္ညႊန္ၾကားေရးမွဴး Inger Andersen ကညီလာခံအဖြင့္မိန္႔ခြန္းမွာ ခုလိုေျပာဆိုသြားပါတယ္။

" ပလတ္စတစ္ျပႆနာတခုလုံး ကို ၿခဳံငုံႏုိင္ၿပီး ႏုိင္ငံေပါင္းစုံပါ၀င္ႏုိင္မယ့္ သေဘာတူညီမႈတရပ္ေပၚေပါက္လာေအာင္ ေရးဆြဲရမွာပါ။ ေဆြးေႏြးရမယ့္ကိစၥအေတာ္မ်ားပါတယ္။ မရွိမျဖစ္မဟုတ္ပဲ ျပႆနာမ်ားတဲ့ ပလတ္စတစ္ပစၥည္းေတြကို ဖယ္ရွားပစ္ဖို႔လိုပါတယ္။ ပလတ္စတစ္ပစၥည္းထုတ္လုပ္သူေတြကလည္း ျဖစ္ႏုိ္င္မယ္ဆိုရင္ ျပန္အသုံးျပဳလို႔ရတာမ်ိဳး၊ ေဆြးေျမ့ပ်က္စီးႏုိင္တာမ်ိဳး ပုံစံထုတ္ရမွာပါ။ ဒါေတြကိုလည္း စာရြက္ေပၚက သီအိုရီေတြအျဖစ္ မဟုတ္ပဲ အမွန္တကယ္ လက္ေတြ႔ဖန္တီးတာမ်ိဳးျဖစ္ရပါလိမ့္မယ္။"
၅ ႀကိမ္က်င္းပမယ့္ INC ညီလာခံမွာေတာ့ ပလတ္စတစ္ကိုဘယ္လိုသုံးေနၾကသလဲ၊ ဘယ္လိုစြန္႔ပစ္ၾကမလဲ၊ ဒီပလတ္ စတစ္အမႈိက္ျပႆနာကို ဘယ္လိုထိန္းခ်ဳပ္ၾကမလဲဆိုတာ ေဆြးေႏြးၾကတာျဖစ္ပါတယ္။ ကိုယ္ပုိင္အားထုတ္မႈနဲ႔ INC ညိီလာခံတက္ခြင့္ရခဲ့တဲ့ ကိုဟိန္းထက္ဦးကခုလိုေျပာပါတယ္။

“ ၀မ္းနည္းဖို႔ေကာင္းတာက က်ေနာ္တို႔ႏုိင္ငံအေျခအေနအရေရာ၊ က်ေနာ္တို႔ႏုိင္ငံကိုယ္တုိင္က ပါ၀င္မႈ တအားအားနည္းတယ္ဗ်၊ တျခားႏုိင္ငံေတြက သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ၀န္ႀကီးေတြလာတက္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔ႏုိင္ငံက ဒီအစည္းအေ၀းရွိေနတယ္၊ အျပည္ျပည္ဆုိင္ရာ တရား၀င္စာတမ္းတခုေၾကညာမယ္ဆိုတာေတာင္ သတိထားမိပုံမေပၚဘူး၊ အဲဒီေတာ့ ျမန္မာႏုိ္င္ငံကလူငယ္တေယာက္ေအနနဲ႔ က်ေနာ္႔ ႏုိင္ငံဖက္က ဘာမွအေထာက္အပံ႔မရခဲ့ဘူးဗ်။ က်ေနာ္တို႔အဖြဲ႔မွာ လူငယ္ ၈ ေယာက္ပါ၀င္ခဲ့ပါတယ္။ ႏုိင္ငံတကာကလူငယ္ေတြပါပဲ။ ကုလသမဂၢက လူငယ္နဲ႔ကေလးသူငယ္မ်ားအဖြဲ႔အစည္းဆိုတာရွိတယ္ဗ်၊ အဲဒီကေန တရား၀င္အသိအမွတ္ျပဳၿပီးေတာ့ အစည္းအေ၀းကိုပါ၀င္ခြင့္ျပဳခဲ့တာပါ။ က်ေနာ္ကေတာ့ ျမန္မာႏုိင္ငံကလူငယ္တေယာက္ေအနနဲ႔အဲဒီအဖြဲ႔နဲ႔ ပါ၀င္ခဲ့တာပါ။”

မျဖစ္မေနလိုက္နာရမယ့္ ျပဌာန္းခ်က္ျဖစ္တဲ့အတြက္ သေဘာထားမတုိက္ဆုိင္တာ၊ သေဘာထာကြဲျပားတာမ်ိဳးမျဖစ္ဖို႔ ပလတ္စတစ္အမ်ားဆုံးထုတ္လုပ္ေနတဲ့ တုိင္းျပည္ျဖစ္တဲ့ အေမရိကန္ႏုိင္ငံက တုိက္တြန္းသြားပါတယ္။ လူ႔က်န္းမာေရးနဲ႔ သေဘာ၀ပတ္၀န္းက်င္ကိုေရာ ေတာ႐ိုိင္းတိရိစၱာန္ေတြကိုပါ ေဘးသင့္ေနတဲ့ ပလတ္စတစ္အမႈိက္ကိစၥ ေျဖရွင္းဖို႔ အေရးတႀကီးလိုအပ္ေနတာေၾကာင့္ သက္ဆုိင္ရာအစိုးရက ႏုိင္ငံံေရွ႔လုပ္ငန္းစဥ္အျဖစ္ခ်မွတ္ေဆာင္ရြက္ဖို႔ ညီလာခံတက္ေရာက္ခဲ့သူေတြက အႀကံျပဳခဲ့ၾကပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ပလတ္စတစ္အေရး ပါ၀င္ကူညီခ်င္ေပမယ့္ လမ္းစေပ်ာက္ေနၾကတယ္လို႔ ကိုဟိန္းထက္ဦးက ေျပာပါတယ္။

“ဒီလုပ္ငန္းစဥ္မွာ ျမန္မာႏုိင္ငံက သိပ္ကိုေနာက္က်က်န္ေနခဲ့တာကို ေတြ႔ရပါတယ္။ ဥပမာ က်ေနာ္တို႔အေရွ ႔ေတာင္အာရွႏုိ္င္ငံထဲမွာဆိုရင္ စကၤာပူလိုႏုိင္ငံမ်ိဳးမွာဆိုရင္ သူ႔ရဲ ႔ပညာေရးစနစ္ထဲမွာ ပလတ္စတစ္ ကမေကာင္းဘူး၊ ပလတ္ စတစ္ဆိုတာ အမ်ိဳးအစားေပါင္စုံရွိေနတယ္။ ၿပီးေတာ့ေရထဲကို စြန္႔ပစ္လိုက္တာနဲ႔ ဘယ္လိုမ်ိဳး လူေတြကို ထိိခိုက္ေနတယ္ဆိုတာ ေဆြးေႏြးေနၾကၿပီ။ ဒီအတြက္ တကမၻာလုံး ဘယ္လိုအတူေဆာင္ရြက္ၾကမလဲဆိုတာ ေဆြးေႏြးေနခ်ိန္မွာ က်ေနာ္တို႔ႏိုင္ငံက ပလတ္ စတစ္ျပႆနာနဲ႔ပတ္သက္လို႔ ဘယ္သူက တာ၀န္ရွိမွန္းေတာင္က်ေနာ္တို႔မသိရပါဘူး။ ပလတ္ စတစ္ဟာ ႏုိင္ငံအတြက္၊ ကိုယ့္ပတ္၀န္းက်င္အတြက္ မေကာင္းဘူးဆိုတာသိတယ္၊ ဒါေပမယ့္ က်ေနာ္တို႔ ဘယ္လိုပါ၀င္ေဆာင္႐ြက္ရမလဲဆိုတာ ေမးဖို႔ေတာင္ လမ္းစမရွိပါဘူး”

တက္ၾကြလႈပ္ရွားသူတေြနဲ႔ ႏုိင္ငံေခါင္းေဆာင္ေတြကေတာ့ ဘုံရည္မွန္းခ်က္နဲ႔ ၀ုိင္း၀န္းလုပ္ကုိင္ရင္ ရည္မွန္းခ်က္အတုိင္းေအာင္ျမင္ရမယ္လို႔ တထစ္ခ်ယုံၾကည္ထားၾကပါတယ္။ ႏွစ္ေပါင္းေထာင္ခ်ီ မပ်က္စီးတတ္တဲ့ပလတ္ စတစ္အမႈိက္ျပႆနာ ဒီထက္ပိုဆိုးမလာေအာင္ ၀ိုင္း၀န္းကာကြယ္ဖို႔ ကုလသမဂၢရဲ ႔ ဦးေဆာင္မႈနဲ႔ ခုလိုက်ိဳးပမ္းေနတာျဖစ္ပါတယ္။ ႏုိင္ငံအလိုက္ နည္းလမ္းသစ္ရွာၿပီး တီထြင္ႀကံဆႏုိင္ဖို႔ ၊ တိုးတက္မႈေတြကို ပုံမွန္တင္ျပၾကဖို႔၊ လြတ္လပ္ပြင့္လင္းစြာ လုပ္ကုိင္ၾကဖို႔နဲ႔ ဆင္းရဲႏြမ္းပါးတဲ့တုိင္းျပည္ေတြကိုေတာ့ ေငြေၾကးကူညီေထာက္ပံ႔ဖို႔ အျပင္ လိုအပ္တဲ့ သင္တန္းေတြေပးအပ္ဖို႔ လည္း INC ညီလာခံ တက္ေရာက္လာ ၾကသူေတြက အႀကံျပဳခဲ့ၾကပါတယ္။

INC ေကာ္မတီညီလာခံကို ၅ ႀကိမ္က်င္းပဖို႔စီစဥ္ထားပါတယ္။ လာမယ့္၂၀၂၃ နဲ႔ ၂၀၂၄ ခုႏွစ္မွာ ညီလာခံ ၂ ႀကိမ္စီက်င္းပဖို႔ရွိေနၿပီး ၂၀၂၅ ႏွစ္လယ္ေလာက္ က်ရင္ေတာ့ ပလစ္စတစ္ညစ္ညမ္းမႈတုိက္ဖ်က္ေရး မျဖစ္မေနလိုက္နာရမယ့္ မူ၀ါဒတရပ္ အၿပီး သတ္ခ်မွတ္ၾကမွာလည္းျဖစ္ပါတယ္။

ပလတ္စတစ္ ညစ္ညမ္းမႈ တိုက္ဖ်က္ေရးနဲ႔ ျမန္မာ
please wait

No media source currently available

0:00 0:05:00 0:00

Unicode

ပလတ်စတစ်အမှိုက်တိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမယ့် ပြဌာန်းချက်တခု ချမှတ်နိုင်အောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းနေကြပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားနည်းချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကရော ဘယ်လို ရှိနေပါသလဲ၊ ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတဦးကို ဆက်သွယ်မေးမြန်းပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
..
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး မဖြစ်မနေလိုက်နာရမယ့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးသဘောတူညီချက်မှာ ပလတ် စတစ်ပစ္စည်း မျိုးစုံ ထုတ်လုပ်အသုံးချရာကနေ စွန့်ပစ်တဲ့ထိ ပလတ်စတစ်သံသရာတခုလုံး လိုက်နာရမယ့်စည်းကမ်းချက်တွေ ခြုံငုံထည့်သွင်းမှာဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာညှိနှိုင်းဆောင်ရွက်ရေးကော်မတီ INC ပထမ အကြိမ်ညီလာခံကို အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ကိုဟိန်းထက်ဦးက သူ့အတွေ့အကြုံကို ခုလိုပြောပါတယ်။

“ ပထမဆုံးအစည်းအဝေးမှာ ကျနော်က မြန်မာလူငယ်တယောက်အနေနဲ့ ကုလသမဂ္ဂကတရားဝင်အသိအမှတ်ပြုပြီးတက်ရောက်ခွင့်ရခဲ့ပါ တယ်။ နိုင်ငံစုံမှာ ပလတ်စတစ်နဲ့ပတ်သက်ပြီး ဘာတွေဆွေးနွေးနေသလဲ၊ ဘာတွေကစိုးရိမ်စရာဖြစ်နေသလဲဆိုတာ လေ့လာခွင့်ရခဲ့တယ်။ နောက်ပြီး မြန်မာလူငယ်တယောက်အနေနဲ့ ဘယ်လို စိတ်ပူပန်မှုမျိုးရှိနေသလဲ ဆိုတာကိုပါတင်ပြခွင့်ရခဲ့ပါတယ်။ “

ကမ္ဘာတဝန်းနေရာပေါင်းစုံမှာ တခါသုံးပလတ်စတစ်အမှိုက်တွေမြင်မကောင်းအောင် စုပုံလာနေတဲ့အတွက် ကမ္ဘာတခုလုံးပလတ်စတစ်နွံထဲ နစ်လာနေပြီလို့လည်း တက်ကြွလှုပ်ရှားသူတွေက တင်စားပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ပလတ်စတစ်တိုက်ဖျက်ရေးမှာ စိန်ခေါ်ချက်တွေများလွန်းပေမယ့် အမြန်ဆုံးအဖြေတရပ်ရှာဖို့ နိုင်ငံစုံကိုယ်စားလှယ်တွေရော လူငယ်အဖွဲ့အစည်းတွေကပါ တက်တက်ကြွကြွ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ UNEP အမှုဆောင်ညွှန်ကြားရေးမှူး Inger Andersen ကညီလာခံအဖွင့်မိန့်ခွန်းမှာ ခုလိုပြောဆိုသွားပါတယ်။

" ပလတ်စတစ်ပြဿနာတခုလုံး ကို ခြုံငုံနိုင်ပြီး နိုင်ငံပေါင်းစုံပါဝင်နိုင်မယ့် သဘောတူညီမှုတရပ်ပေါ်ပေါက်လာအောင် ရေးဆွဲရမှာပါ။ ဆွေးနွေးရမယ့်ကိစ္စအတော်များပါတယ်။ မရှိမဖြစ်မဟုတ်ပဲ ပြဿနာများတဲ့ ပလတ်စတစ်ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်သူတွေကလည်း ဖြစ်နိုင်မယ်ဆိုရင် ပြန်အသုံးပြုလို့ရတာမျိုး၊ ဆွေးမြေ့ပျက်စီးနိုင်တာမျိုး ပုံစံထုတ်ရမှာပါ။ ဒါတွေကိုလည်း စာရွက်ပေါ်က သီအိုရီတွေအဖြစ် မဟုတ်ပဲ အမှန်တကယ် လက်တွေ့ဖန်တီးတာမျိုးဖြစ်ရပါလိမ့်မယ်။"

၅ ကြိမ်ကျင်းပမယ့် INC ညီလာခံမှာတော့ ပလတ်စတစ်ကိုဘယ်လိုသုံးနေကြသလဲ၊ ဘယ်လိုစွန့်ပစ်ကြမလဲ၊ ဒီပလတ် စတစ်အမှိုက်ပြဿနာကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာ ဆွေးနွေးကြတာဖြစ်ပါတယ်။ ကိုယ်ပိုင်အားထုတ်မှုနဲ့ INC ညီလာခံတက်ခွင့်ရခဲ့တဲ့ ကိုဟိန်းထက်ဦးကခုလိုပြောပါတယ်။

“ ဝမ်းနည်းဖို့ကောင်းတာက ကျနော်တို့နိုင်ငံအခြေအနေအရရော၊ ကျနော်တို့နိုင်ငံကိုယ်တိုင်က ပါဝင်မှု တအားအားနည်းတယ်ဗျ၊ တခြားနိုင်ငံတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးတွေလာတက်နေတဲ့အချိန်မှာ ကျနော်တို့နိုင်ငံက ဒီအစည်းအဝေးရှိနေတယ်၊ အပြည်ပြည်ဆိုင်ရာ တရားဝင်စာတမ်းတခုကြေညာမယ်ဆိုတာတောင် သတိထားမိပုံမပေါ်ဘူး၊ အဲဒီတော့ မြန်မာနိုင်ငံကလူငယ်တယောက်အေနနဲ့ ကျနော့် နိုင်ငံဖက်က ဘာမှအထောက်အပံ့မရခဲ့ဘူးဗျ။ ကျနော်တို့အဖွဲ့မှာ လူငယ် ၈ ယောက်ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာကလူငယ်တွေပါပဲ။ ကုလသမဂ္ဂက လူငယ်နဲ့ကလေးသူငယ်များအဖွဲ့အစည်းဆိုတာရှိတယ်ဗျ၊ အဲဒီကနေ တရားဝင်အသိအမှတ်ပြုပြီးတော့ အစည်းအဝေးကိုပါဝင်ခွင့်ပြုခဲ့တာပါ။ ကျနော်ကတော့ မြန်မာနိုင်ငံကလူငယ်တယောက်အေနနဲ့အဲဒီအဖွဲ့နဲ့ ပါဝင်ခဲ့တာပါ။”

မဖြစ်မနေလိုက်နာရမယ့် ပြဌာန်းချက်ဖြစ်တဲ့အတွက် သဘောထားမတိုက်ဆိုင်တာ၊ သဘောထာကွဲပြားတာမျိုးမဖြစ်ဖို့ ပလတ်စတစ်အများဆုံးထုတ်လုပ်နေတဲ့ တိုင်းပြည်ဖြစ်တဲ့ အမေရိကန်နိုင်ငံက တိုက်တွန်းသွားပါတယ်။ လူ့ကျန်းမာရေးနဲ့ သဘောဝပတ်ဝန်းကျင်ကိုရော တောရိုင်းတိရိစ္တာန်တွေကိုပါ ဘေးသင့်နေတဲ့ ပလတ်စတစ်အမှိုက်ကိစ္စ ဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေတာကြောင့် သက်ဆိုင်ရာအစိုးရက နိုင်ငံံရှေ့လုပ်ငန်းစဉ်အဖြစ်ချမှတ်ဆောင်ရွက်ဖို့ ညီလာခံတက်ရောက်ခဲ့သူတွေက အကြံပြုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ပလတ်စတစ်အရေး ပါဝင်ကူညီချင်ပေမယ့် လမ်းစပျောက်နေကြတယ်လို့ ကိုဟိန်းထက်ဦးက ပြောပါတယ်။

“ဒီလုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံက သိပ်ကိုနောက်ကျကျန်နေခဲ့တာကို တွေ့ရပါတယ်။ ဥပမာ ကျနော်တို့အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင် စင်္ကာပူလိုနိုင်ငံမျိုးမှာဆိုရင် သူ့ရဲ့ပညာရေးစနစ်ထဲမှာ ပလတ်စတစ် ကမကောင်းဘူး၊ ပလတ် စတစ်ဆိုတာ အမျိုးအစားပေါင်စုံရှိနေတယ်။ ပြီးတော့ရေထဲကို စွန့်ပစ်လိုက်တာနဲ့ ဘယ်လိုမျိုး လူတွေကို ထိခိုက်နေတယ်ဆိုတာ ဆွေးနွေးနေကြပြီ။ ဒီအတွက် တကမ္ဘာလုံး ဘယ်လိုအတူဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးနေချိန်မှာ ကျနော်တို့နိုင်ငံက ပလတ် စတစ်ပြဿနာနဲ့ပတ်သက်လို့ ဘယ်သူက တာဝန်ရှိမှန်းတောင်ကျနော်တို့မသိရပါဘူး။ ပလတ် စတစ်ဟာ နိုင်ငံအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် မကောင်းဘူးဆိုတာသိတယ်၊ ဒါပေမယ့် ကျနော်တို့ ဘယ်လိုပါဝင်ဆောင်ရွက်ရမလဲဆိုတာ မေးဖို့တောင် လမ်းစမရှိပါဘူး”

တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ ဘုံရည်မှန်းချက်နဲ့ ဝိုင်းဝန်းလုပ်ကိုင်ရင် ရည်မှန်းချက်အတိုင်းအောင်မြင်ရမယ်လို့ တထစ်ချယုံကြည်ထားကြပါတယ်။ နှစ်ပေါင်းထောင်ချီ မပျက်စီးတတ်တဲ့ပလတ် စတစ်အမှိုက်ပြဿနာ ဒီထက်ပိုဆိုးမလာအောင် ဝိုင်းဝန်းကာကွယ်ဖို့ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ခုလိုကျိုးပမ်းနေတာဖြစ်ပါတယ်။ နိုင်ငံအလိုက် နည်းလမ်းသစ်ရှာပြီး တီထွင်ကြံဆနိုင်ဖို့ ၊ တိုးတက်မှုတွေကို ပုံမှန်တင်ပြကြဖို့၊ လွတ်လပ်ပွင့်လင်းစွာ လုပ်ကိုင်ကြဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေကိုတော့ ငွေကြေးကူညီထောက်ပံ့ဖို့ အပြင် လိုအပ်တဲ့ သင်တန်းတွေပေးအပ်ဖို့ လည်း INC ညီလာခံ တက်ရောက်လာ ကြသူတွေက အကြံပြုခဲ့ကြပါတယ်။

INC ကော်မတီညီလာခံကို ၅ ကြိမ်ကျင်းပဖို့စီစဉ်ထားပါတယ်။ လာမယ့်၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ ညီလာခံ ၂ ကြိမ်စီကျင်းပဖို့ရှိနေပြီး ၂၀၂၅ နှစ်လယ်လောက် ကျရင်တော့ ပလစ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမယ့် မူဝါဒတရပ် အပြီး သတ်ချမှတ်ကြမှာလည်းဖြစ်ပါတယ်။

XS
SM
MD
LG