သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔ ႏိုင္ငံေရး မေျပလည္မႈေၾကာင့္ စီးပြားေရး ကေသာင္းကနင္းျဖစ္ 


(Zawgyi/ Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း စီးပြားေရးပိုင္းမွာ ဆယ္စုႏွစ္နဲ႔ခ်ီ မဟုတ္ေပမယ့္ ႏွစ္မ်ားစြာ ေနာက္ဆုတ္သြားပါတယ္။ ႏုိင္ငံေရး မတည္ၿငိမ္မႈနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ဘဏ္လုပ္ငန္း၊ ကုန္သြယ္ေရးနဲ႔ အသက္ေမြး၀မ္းေက်ာင္းေတြ ထိခုိက္ရၿပီး သန္းနဲ႔ခ်ီတဲ႔ လူထုလည္း ဆင္းရဲတြင္း ပိုၿပီး နက္ေစပါတယ္။ AP သတင္းေဆာင္းပါးကို အေျခခံၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပေပးပါမယ္။

ခရီးသြား လုပ္ငန္း က႑မလည္ပတ္ႏုိင္ေတာ့တဲ႔ ၿပီးခဲ႔တဲ႔ ၂၀၂၀ ျပည့္ႏွစ္ အတြင္း Covid-19 ကပ္ေဘးေရာဂါ ကာလ အတြင္းက စလို႔ ျမန္မာႏုိင္ငံမွာ စီးပြားက်ေနတာပါ။ က်ပ္ေငြေစ်းက်တာေၾကာင့္ စားေသာက္ကုန္နဲ႔ တျခား လိုအပ္တဲ႔ ပစၥည္းေတြကို ေစ်းႀကီးေပးေနၾကတဲ႔ ျမန္မာ ျပည္သူေတြ အတြက္ေတာ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ အရပ္သား အစိုးရကို စစ္တပ္က ျဖဳတ္ခ်ခဲ႔ၿပီးေနာက္ ႏုိင္ငံေရး ကေသာင္းကနင္း အေျခအေနေတြေၾကာင့္ ထပ္ၿပီး ဒုကၡေတြ႔ရပါတယ္။

ႏိုင္ငံေရး အၾကပ္အတည္းကို အဆံုးသတ္ႏိုင္ေရး လမ္းမျမင္ေသးတာနဲ႔ အတူဘဲ စီးပြားေရး အလားအလာကလည္း ေမွးမွိန္ေနပါတယ္။ မလံုျခံဳမႈနဲ႔ ပဋိပကၡေတြ ႀကီးထြားလာၿပီး Covid-19 ကပ္ေဘးေရာဂါဒဏ္၊ ေနာက္ စီးပြားက်မႈေတြေၾကာင့္ အသက္ကယ္ အေထာက္အပံ႔ေတြ လိုအပ္ေနတဲ႔ လူ ၃ သန္းေက်ာ္ အတြက္ အတားအဆီး မရွိ သြားေရာက္ခြင့္ျပဳဖို႔ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ အႀကီးအကဲ Martin Griffiths ကလည္း ျမန္မာ စစ္ေခါင္းေဆာင္ေတြကို ပန္ၾကားထားပါတယ္။

ၿမိဳ႕ထဲနဲ႔ ၿမိဳ႕ျပင္ေတြမွာ စားနပ္ရိကၡာ မလံုေလာက္မႈ ပိုမ်ားလာတဲ႔ အေၾကာင္း သတင္းေတြ အေပၚမွာ စိုးရိမ္ပူပန္ေၾကာင္းလည္း သူက ေျပာပါတယ္။ ႏိုင္ငံတြင္းမွာ လူေပါင္း သိန္းခ်ီ အလုပ္အကိုင္ ဆံုးရံံႈးရၿပီး ေငြေၾကးေဖာင္းပြမႈကလည္း တဟုန္ထိုး တက္သြားတာေၾကာင့္ ဆင္းရဲမြဲေတမႈက ပိုဆိုးလာပါတယ္။ တပိုင္တႏိုင္ စီးပြားေရး လုပ္ေနတဲ႔ မလံုးလံုးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

" တခ်ိဳ႕ေတာ့လည္း ရွိတဲ႔ လူနည္းစုေလးနဲ႔ အလုပ္ရွိရင္ ၿပီးေရာ လည္ပတ္ေနတယ္။ တခ်ိဳ႕ ကုမၸဏီေတြဆိုရင္ လံုး၀ ရပ္လိုက္တယ္။ ၀န္ထမ္းေတြ ေလွ်ာ့တယ္။ တခ်ိဳ႕ ကုမၸဏီေတြ ပိတ္လိုက္တယ္။ Covid ကတည္းက အဲဒီလို ရွိတဲ႔ အခ်ိန္မွာ အခု ဒီကာလမွာေတာ့ ပိုဆိုးသြားတာေပါ့။ ကုမၸဏီ ေတာ္ေတာ္မ်ားမ်ားဆိုရင္ ပိတ္လိုက္ၿပီ။ ၀န္ထမ္းေတြ ေလွ်ာ့လိုက္တယ္ဆိုေတာ့ အကုန္လံုးက တျခားဟာ ရတာ လုပ္ရတာေပါ့။ "

ျပည္ပက တင္သြင္းရတဲ႔ စားေသာက္ကုန္ေတြနဲ႔ ေဆးေတြ ေစ်းႏႈန္းက ပံုမွန္ထက္ ၂ ဆ တက္သြားတာေၾကာင့္ လူေတြက လိုတာဘဲ ၀ယ္ၾကေတာ့တဲ႔ အေၾကာင္း၊ ေစ်းသည္ေတြ အတြက္ကလည္း ၁၀၀၀ နဲ႔ ေရာင္းလိုက္တဲ႔ ပစၥညး္က ေနာက္ေန႔မွာ ၁၂၀၀ ျဖစ္သြားတာေၾကာင့္ ေရာင္းတိုင္း ရံႈးသလို ျဖစ္ေနတယ္လို႔ ထိုင္းကုန္စည္ေတြကို ေရာင္းတဲ႔ ေမာ္လၿမိဳင္က မဆန္းဆန္း က AP ကို ေျပာပါတယ္။ သြင္းကုန္ေတြ ေစ်းတက္တာကို စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းကလည္း ဗြီအိုေအကို ေျပာပါတယ္။

“ နယ္စပ္ကလည္း တင္သြင္းတဲ႔ ေခါက္ဆြဲေျခာက္တို႔ အခ်ိဳရည္တို႔ ဒါေတြကလည္း ေစ်းတက္သြားတယ္။ ေစ်းတက္သြားတဲ႔ အခါက်ေတာ့ ၀ယ္မစားဘူးေပါ့။ အရင္က ၂ ထုပ္စားတဲ႔သူက ၁ ထုပ္ဘဲ စားေတာ့တာေပါ့။ ”

အခု ၂၀၂၁ ခုႏွစ္ အတြင္း ျမန္မာ့ စီးပြားေရးက ၁၈ ဒသမ ၄ ရာခိုင္ႏႈန္း ေလ်ာ့သြားႏိုင္တယ္လို႔ အာရွ ဖြံ႔ၿဖိဳးမႈဘဏ္ ADB က ခန္႔မွန္းထားၿပီး ဒီပမာဏဟာဆိုရင္ လက္ရွိ ကမ ၻာမွာ အႀကီးမားဆံုး စီးပြားက်မႈ တခုျဖစ္ပါတယ္။ စစ္အစိုးရ အဆက္ဆက္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး တစိတ္တပိုင္း တသီးတျခား ျဖစ္ခဲ႔တဲ႔ ျမန္မာႏိုင္ငံကို ကမ ၻာ့စီးပြားေရးမွာ ပါ၀င္လာေရး အတြက္ ေဖေဖာ္ဝါရီလက ျဖဳတ္ခ်ခံရတဲ႔ အရပ္သား အစိုးရ လက္ထက္ ႀကိဳးပမ္းမႈေတြမွာ ေႏွးေကြးေပမယ့္ ပံုမွန္ တိုးတက္မႈ ရွိခဲ႔ပါတယ္။

ဆယ္စုႏွစ္နဲ႔ခ်ီ အာဏာ ထိန္းခ်ဳပ္ခဲ႔တဲ႔ စစ္ဗိုလ္ခ်ဳပ္မ်ားက ခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်လာၿပီးေနာက္ ၿပီးခဲ႔တဲ႔ ဆယ္စုႏွစ္ အတြင္း ပို႔ကုန္ တင္ပို႔ႏိုင္မႈ ျမင့္တက္ခဲ႔ပါတယ္။ ငယ္ရြယ္ၿပီး ကုန္က်စာရိတ္ သက္သာတဲဲ႔ လုပ္သားအင္အားစုရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ အထည္ခ်ဳပ္ စက္ရံုေတြနဲ႔ တျခား အေသးစား ကုန္စည္ ထုတ္လုပ္မႈ စက္ရံုေတြကို တည္ေထာင္ခဲ႔ၾကပါတယ္။

ၿမိဳ႕ေတာ္ေဟာင္း ရန္ကုန္ဆိုရင္လည္း လမ္းသစ္ေတြ၊ စက္မႈဇံုေတြ၊ ေစ်း၀ယ္ စင္တာေတြနဲ႔ ေခတ္မီ အိမ္ယာေတြနဲ႔ အသြင္ေျပာင္းလာပါတယ္။ ပုဂၢလိက အလုပ္အကိုင္ေတြ ေပၚေပါက္လာၿပီး အလုပ္အကိုင္ေတြ ေပၚေပါက္လာသလို လက္ကိုင္ဖုန္းနဲ႔ ကားသစ္ေတြလို ပစၥည္းေတြလည္း ၀ယ္လိုအား တက္ခဲ႔ပါတယ္။

ဒါေပမယ့္လည္း ႏိုင္ငံေရး ျပသနာထက္ၿပီး လပိုင္းအၾကာမွာေတာ့ ေဒၚလာ စုေဆာင္းမႈနဲ႔ ေမွာင္ခို ေစ်းကြက္လည္း ဟိုးအရင္ေခတ္ကလို ျပန္ျဖစ္လာခဲ႔ပါတယ္။ က်ပ္ေငြ အေပၚ ယံုၾကည္မႈက်လာၿပီး ေဒၚလာေတြ ၀ယ္ၾကတာေၾကာင့္ ေစ်းတက္တာျဖစ္ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းက AP သတင္းေအဂ်င္စီကို ေျပာပါတယ္။ ေဒၚလာေစ်းတက္တဲ႔ ကိစၥနဲ႔ ပတ္သက္ၿပီး ဗြီအိုေအရဲ႕ ဆက္သြယ္ေမးျမန္းမႈမွာလည္း ေဒါက္တာ စိုးထြန္းက အခုလို ေျပာပါတယ္။

“ အထူးသျဖင့္ တက္သြားတဲ႔ အေၾကာင္းရင္းကလည္း က်ေနာ္တို႔ ျပည္သူေတြ အေနနဲ႔ ျမန္မာ က်ပ္ေငြ အေပၚ ယံုၾကည္မႈ ေလ်ာ့က်သြားတယ္ေပါ့ေနာ္။ ေကာလာဟလ တခ်ိဳ႕လည္း ထြက္လာတာေပါ့ က်ပ္ေငြ ဖ်က္သိမ္းမယ္တို႔၊ ေနာက္ ဗဟိုဘဏ္က ေငြစကၠဴသစ္ေတြ ၅ ေသာင္းတန္ေတြ ႐ိုက္ေနတယ္တို႔ ဒါေတြကလည္း လူထု အေနနဲ႔ ဗဟိုဘဏ္ အေပၚ ယံုၾကည္မႈ ေလ်ာ့က်တဲ႔ အပိုင္းေတာ့ ျမင္တယ္။ ”

ကမ ၻာတလႊားမွာလည္း ကုန္စည္ ျပတ္လပ္မႈ၊ သယ္ယူပို႔ေဆာင္ေရး စာရိတ္စက ႀကီးျမင့္မႈနဲ႔ တ႐ုတ္နယ္စပ္ ပိတ္တာေတြေၾကာင့္ ကုန္သြယ္ေရးက ေႏွာင့္ေႏွးေနပါတယ္။ ပို႔ကုန္ ေလ်ာ႔က်မႈ၊ ႏိုင္ငံျခားေငြ အထူးသျဖင့္ အေမရိကန္ ေဒၚလာ ၀င္ေငြ ေလ်ာ့က်မႈဟာဆိုရင္ ေဒၚလာ ရွားပါးလာၿပီး ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ရာမွာ ေစ်းတက္သြားေစပါတယ္။ ၿပီးခဲ႔တဲ႔ စက္တင္ဘာလ အတြင္း ေဒၚလာေစ်းႏႈန္း စံခ်ိန္တင္ ျမင့္တက္ခဲ႔ၿပီး ေဒၚလာေစ်းတက္တာေၾကာင့္ ႏိုင္ငံျခားကေန ေဒၚလာနဲ႔ ၀ယ္ယူ တင္သြင္းရတဲ႔ စားသံုးဆီ၊ အလွကုန္၊ စားေသာက္ကုန္၊ လွ်ပ္စစ္ပစၥည္း၊ စက္သံုးဆီလို ကုန္စည္ေတြ ေစ်းတက္သြားပါတယ္။

ႏိုင္ငံျခားေငြလဲႏႈန္း ထပ္တက္မယ့္ အေရးကို ထိန္းခ်ဳပ္ႏိုင္ေရး ဗဟိုဘဏ္က အေမရိကန္ ေဒၚလာ ထုတ္ေရာင္းေပးတာမ်ိဳး၊ ေနာက္ ႏိုင္ငံျခားေငြေၾကး လဲလွယ္ေရာင္း၀ယ္မႈကို ဗဟိုဘဏ္ ရည္ၫႊန္းေစ်းႏႈန္းရဲ႕ သတ္မွတ္ ရာခိုင္ႏႈန္း အတိုင္းသာ အေရာင္းအ၀ယ္ လုပ္ၾကဖို႔၊ မလိုက္နာရင္ အေရးယူမယ့္ အေၾကာင္း ေၾကညာခဲ႔ပါတယ္။

အႏၲရာယ္ မ်ားေပမယ့္လည္း တခ်ိဳ႕လူေတြကေတာ့ အြန္လိုင္းေပၚကေန ႏိုင္ငံျခားေငြ အလဲအလွယ္ လုပ္ၾကပါတယ္။ အြန္လိုင္းေပၚကေန အေရာင္းအ၀ယ္ လုပ္လိုသူေတြ ရွာရ လြယ္ေပမယ့္လည္း ေရာင္သူနဲ႔ ၀ယ္သူၾကား ယံုၾကည္မႈ တည္ေဆာက္ဖို႔ေတာ့ လိုတယ္လို႔ အြန္လိုင္းေပၚကေန အေရာင္းအ၀ယ္ လုပ္ေလ႔ရွိတဲ႔ ကိုသူရိန္က AP ကို ေျပာပါတယ္။ စက္သံုးဆီ ရွားပါးမႈကလည္း အဓိက ျပသနာႀကီး တရပ္ ျဖစ္လာပါတယ္။

ေဒၚလာ ၀ယ္ဖို႔ ခက္ခဲၿပီး ေရနံ ကုမၸဏီေတြကလည္း အေႂကြးမေပးၾကေတာ့ဘူးလို႔ Max Energy က တာ၀န္ရွိသူ တဦးက AP သတင္းေအဂ်င္စီကို ေျပာပါတယ္။ လိုသေလာက္ ၀ယ္မရႏိုင္တဲ႔ အေျခအေနနဲ႔ သူတို႔နဲ႔ ယံုၾကည္မႈ တည္ေဆာက္ဖို႔လည္း အခက္အခဲ ရွိခ်ိန္ျဖစ္ေၾကာင္း၊ လက္ရွိ အခ်ိန္ကေတာ့ အရံႈးမမ်ားဖို႔ဘဲ ႀကိဳးစားေနရတာပါလို႔လည္း သူက ေျပာပါတယ္။ သူကေတာ့ ႏိုင္ငံေရး ျပသနာကို အျပစ္ဖို႔ပါတယ္။

ႏိုင္ငံတြင္းမွာေတာင္ တေယာက္နဲ႔ တေယာက္ မယံုၾကည္ၾကတာေၾကာင့္ ႏိုင္ငံျခားသားေတြလည္း ယံုၾကည္ၾကမွာ မဟုတ္ပါဘူးတဲ႔၊ ဘဏ္စနစ္ မေျပမလည္ ျဖစ္တာေၾကာင့္လည္း ပါတယ္လို႔ Max Energy က တာ၀န္ရွိသူ တဦးက AP ကို ေျပာဆိုခဲ႔တာပါ။ ေျပာရတဲ႔ အေၾကာင္းအရာကလည္း အကဲဆတ္တာေၾကာင့္ နာမည္ မေဖာ္ဘဲ သူက ေျပာခဲ႔တာပါ။ဘဏ္ေတြမွာလည္း အပ္ႏွံေငြကို အလြယ္တကူ ထုတ္လို႔ မရပါဘူး။ ဘဏ္အပ္ေငြကို အျမတ္ေပး ထုတ္ယူေနရဆဲ ျဖစ္ေၾကာင္း တပိုင္တႏိုင္ စီးပြားေရး လုပ္ငန္းရွင္ မလံုးလံုးက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့ နိုင်ငံရေး မပြေလည်မှုကြောင့် စီးပွားရေး ကသောင်းကနင်းဖြစ်

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးပိုင်းမှာ ဆယ်စုနှစ်နဲ့ချီ မဟုတ်ပေမယ့် နှစ်များစွာ နောက်ဆုတ်သွားပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်ရပြီး သန်းနဲ့ချီတဲ့ လူထုလည်း ဆင်းရဲတွင်း ပိုပြီး နက်စေပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

ခရီးသွား လုပ်ငန်း ကဏ္ဍမလည်ပတ်နိုင်တော့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အတွင်း Covid-19 ကပ်ဘေးရောဂါ ကာလ အတွင်းက စလို့ မြန်မာနိုင်ငံမှာ စီးပွားကျနေတာပါ။ ကျပ်ငွေဈေးကျတာကြောင့် စားသောက်ကုန်နဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေကို ဈေးကြီးပေးနေကြတဲ့ မြန်မာ ပြည်သူတွေ အတွက်တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရပ်သား အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေး ကသောင်းကနင်း အခြေအနေတွေကြောင့် ထပ်ပြီး ဒုက္ခတွေ့ရပါတယ်။

နိုင်ငံရေး အကြပ်အတည်းကို အဆုံးသတ်နိုင်ရေး လမ်းမမြင်သေးတာနဲ့ အတူဘဲ စီးပွားရေး အလားအလာကလည်း မှေးမှိန်နေပါတယ်။ မလုံခြုံမှုနဲ့ ပဋိပက္ခတွေ ကြီးထွားလာပြီး Covid-19 ကပ်ဘေးရောဂါဒဏ်၊ နောက် စီးပွားကျမှုတွေကြောင့် အသက်ကယ် အထောက်အပံ့တွေ လိုအပ်နေတဲ့ လူ ၃ သန်းကျော် အတွက် အတားအဆီး မရှိ သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြီးအကဲ Martin Griffiths ကလည်း မြန်မာ စစ်ခေါင်းဆောင်တွေကို ပန်ကြားထားပါတယ်။

မြို့ထဲနဲ့ မြို့ပြင်တွေမှာ စားနပ်ရိက္ခာ မလုံလောက်မှု ပိုများလာတဲ့ အကြောင်း သတင်းတွေ အပေါ်မှာ စိုးရိမ်ပူပန်ကြောင်းလည်း သူက ပြောပါတယ်။ နိုင်ငံတွင်းမှာ လူပေါင်း သိန်းချီ အလုပ်အကိုင် ဆုံးရံှုံးရပြီး ငွေကြေးဖောင်းပွမှုကလည်း တဟုန်ထိုး တက်သွားတာကြောင့် ဆင်းရဲမွဲတေမှုက ပိုဆိုးလာပါတယ်။ တပိုင်တနိုင် စီးပွားရေး လုပ်နေတဲ့ မလုံးလုံးက ဗွီအိုအေကို အခုလို ပြောပါတယ်။

" တချို့တော့လည်း ရှိတဲ့ လူနည်းစုလေးနဲ့ အလုပ်ရှိရင် ပြီးရော လည်ပတ်နေတယ်။ တချို့ ကုမ္ပဏီတွေဆိုရင် လုံး၀ ရပ်လိုက်တယ်။ ဝန်ထမ်းတွေ လျှော့တယ်။ တချို့ ကုမ္ပဏီတွေ ပိတ်လိုက်တယ်။ Covid ကတည်းက အဲဒီလို ရှိတဲ့ အချိန်မှာ အခု ဒီကာလမှာတော့ ပိုဆိုးသွားတာပေါ့။ ကုမ္ပဏီ တော်တော်များများဆိုရင် ပိတ်လိုက်ပြီ။ ဝန်ထမ်းတွေ လျှော့လိုက်တယ်ဆိုတော့ အကုန်လုံးက တခြားဟာ ရတာ လုပ်ရတာပေါ့။ "

ပြည်ပက တင်သွင်းရတဲ့ စားသောက်ကုန်တွေနဲ့ ဆေးတွေ ဈေးနှုန်းက ပုံမှန်ထက် ၂ ဆ တက်သွားတာကြောင့် လူတွေက လိုတာဘဲ ဝယ်ကြတော့တဲ့ အကြောင်း၊ ဈေးသည်တွေ အတွက်ကလည်း ၁၀၀၀ နဲ့ ရောင်းလိုက်တဲ့ ပစ္စည်းက နောက်နေ့မှာ ၁၂၀၀ ဖြစ်သွားတာကြောင့် ရောင်းတိုင်း ရှုံးသလို ဖြစ်နေတယ်လို့ ထိုင်းကုန်စည်တွေကို ရောင်းတဲ့ မော်လမြိုင်က မဆန်းဆန်း က AP ကို ပြောပါတယ်။ သွင်းကုန်တွေ ဈေးတက်တာကို စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကလည်း ဗွီအိုအေကို ပြောပါတယ်။

“ နယ်စပ်ကလည်း တင်သွင်းတဲ့ ခေါက်ဆွဲခြောက်တို့ အချိုရည်တို့ ဒါတွေကလည်း ဈေးတက်သွားတယ်။ ဈေးတက်သွားတဲ့ အခါကျတော့ ဝယ်မစားဘူးပေါ့။ အရင်က ၂ ထုပ်စားတဲ့သူက ၁ ထုပ်ဘဲ စားတော့တာပေါ့။ ”

အခု ၂၀၂၁ ခုနှစ် အတွင်း မြန်မာ့ စီးပွားရေးက ၁၈ ဒသမ ၄ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ အာရှ ဖွံ့ဖြိုးမှုဘဏ် ADB က ခန့်မှန်းထားပြီး ဒီပမာဏဟာဆိုရင် လက်ရှိ ကမ ္ဘာမှာ အကြီးမားဆုံး စီးပွားကျမှု တခုဖြစ်ပါတယ်။ စစ်အစိုးရ အဆက်ဆက် ဆယ်စုနှစ်တွေနဲ့ချီပြီး တစိတ်တပိုင်း တသီးတခြား ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ ္ဘာ့စီးပွားရေးမှာ ပါဝင်လာရေး အတွက် ဖေဖော်ဝါရီလက ဖြုတ်ချခံရတဲ့ အရပ်သား အစိုးရ လက်ထက် ကြိုးပမ်းမှုတွေမှာ နှေးကွေးပေမယ့် ပုံမှန် တိုးတက်မှု ရှိခဲ့ပါတယ်။

ဆယ်စုနှစ်နဲ့ချီ အာဏာ ထိန်းချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်များက ချုပ်ကိုင်မှု လျှော့ချလာပြီးနောက် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ပို့ကုန် တင်ပို့နိုင်မှု မြင့်တက်ခဲ့ပါတယ်။ ငယ်ရွယ်ပြီး ကုန်ကျစာရိတ် သက်သာတဲ့ လုပ်သားအင်အားစုရဲ့ ဆွဲဆောင်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဟာ အထည်ချုပ် စက်ရုံတွေနဲ့ တခြား အသေးစား ကုန်စည် ထုတ်လုပ်မှု စက်ရုံတွေကို တည်ထောင်ခဲ့ကြပါတယ်။

မြို့တော်ဟောင်း ရန်ကုန်ဆိုရင်လည်း လမ်းသစ်တွေ၊ စက်မှုဇုံတွေ၊ ဈေးဝယ် စင်တာတွေနဲ့ ခေတ်မီ အိမ်ယာတွေနဲ့ အသွင်ပြောင်းလာပါတယ်။ ပုဂ္ဂလိက အလုပ်အကိုင်တွေ ပေါ်ပေါက်လာပြီး အလုပ်အကိုင်တွေ ပေါ်ပေါက်လာသလို လက်ကိုင်ဖုန်းနဲ့ ကားသစ်တွေလို ပစ္စည်းတွေလည်း ဝယ်လိုအား တက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ပြသနာထက်ပြီး လပိုင်းအကြာမှာတော့ ဒေါ်လာ စုဆောင်းမှုနဲ့ မှောင်ခို ဈေးကွက်လည်း ဟိုးအရင်ခေတ်ကလို ပြန်ဖြစ်လာခဲ့ပါတယ်။

ကျပ်ငွေ အပေါ် ယုံကြည်မှုကျလာပြီး ဒေါ်လာတွေ ဝယ်ကြတာကြောင့် ဈေးတက်တာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက AP သတင်းအေဂျင်စီကို ပြောပါတယ်။ ဒေါ်လာဈေးတက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗွီအိုအေရဲ့ ဆက်သွယ်မေးမြန်းမှုမှာလည်း ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

“ အထူးသဖြင့် တက်သွားတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ ပြည်သူတွေ အနေနဲ့ မြန်မာ ကျပ်ငွေ အပေါ် ယုံကြည်မှု လျော့ကျသွားတယ်ပေါ့နော်။ ကောလာဟလ တချို့လည်း ထွက်လာတာပေါ့ ကျပ်ငွေ ဖျက်သိမ်းမယ်တို့၊ နောက် ဗဟိုဘဏ်က ငွေစက္ကူသစ်တွေ ၅ သောင်းတန်တွေ ရိုက်နေတယ်တို့ ဒါတွေကလည်း လူထု အနေနဲ့ ဗဟိုဘဏ် အပေါ် ယုံကြည်မှု လျော့ကျတဲ့ အပိုင်းတော့ မြင်တယ်။ ”

ကမ ္ဘာတလွှားမှာလည်း ကုန်စည် ပြတ်လပ်မှု၊ သယ်ယူပို့ဆောင်ရေး စာရိတ်စက ကြီးမြင့်မှုနဲ့ တရုတ်နယ်စပ် ပိတ်တာတွေကြောင့် ကုန်သွယ်ရေးက နှောင့်နှေးနေပါတယ်။ ပို့ကုန် လျော့ကျမှု၊ နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန် ဒေါ်လာ ဝင်ငွေ လျော့ကျမှုဟာဆိုရင် ဒေါ်လာ ရှားပါးလာပြီး မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာ ဈေးတက်သွားစေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ဒေါ်လာဈေးနှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးတက်တာကြောင့် နိုင်ငံခြားကနေ ဒေါ်လာနဲ့ ဝယ်ယူ တင်သွင်းရတဲ့ စားသုံးဆီ၊ အလှကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်သုံးဆီလို ကုန်စည်တွေ ဈေးတက်သွားပါတယ်။

နိုင်ငံခြားငွေလဲနှုန်း ထပ်တက်မယ့် အရေးကို ထိန်းချုပ်နိုင်ရေး ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ထုတ်ရောင်းပေးတာမျိုး၊ နောက် နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်မှုကို ဗဟိုဘဏ် ရည်ညွှန်းဈေးနှုန်းရဲ့ သတ်မှတ် ရာခိုင်နှုန်း အတိုင်းသာ အရောင်းအဝယ် လုပ်ကြဖို့၊ မလိုက်နာရင် အရေးယူမယ့် အကြောင်း ကြေညာခဲ့ပါတယ်။

အန္တရာယ် များပေမယ့်လည်း တချို့လူတွေကတော့ အွန်လိုင်းပေါ်ကနေ နိုင်ငံခြားငွေ အလဲအလှယ် လုပ်ကြပါတယ်။ အွန်လိုင်းပေါ်ကနေ အရောင်းအဝယ် လုပ်လိုသူတွေ ရှာရ လွယ်ပေမယ့်လည်း ရောင်သူနဲ့ ဝယ်သူကြား ယုံကြည်မှု တည်ဆောက်ဖို့တော့ လိုတယ်လို့ အွန်လိုင်းပေါ်ကနေ အရောင်းအဝယ် လုပ်လေ့ရှိတဲ့ ကိုသူရိန်က AP ကို ပြောပါတယ်။ စက်သုံးဆီ ရှားပါးမှုကလည်း အဓိက ပြသနာကြီး တရပ် ဖြစ်လာပါတယ်။

ဒေါ်လာ ဝယ်ဖို့ ခက်ခဲပြီး ရေနံ ကုမ္ပဏီတွေကလည်း အကြွေးမပေးကြတော့ဘူးလို့ Max Energy က တာဝန်ရှိသူ တဦးက AP သတင်းအေဂျင်စီကို ပြောပါတယ်။ လိုသလောက် ဝယ်မရနိုင်တဲ့ အခြေအနေနဲ့ သူတို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့လည်း အခက်အခဲ ရှိချိန်ဖြစ်ကြောင်း၊ လက်ရှိ အချိန်ကတော့ အရှုံးမများဖို့ဘဲ ကြိုးစားနေရတာပါလို့လည်း သူက ပြောပါတယ်။ သူကတော့ နိုင်ငံရေး ပြသနာကို အပြစ်ဖို့ပါတယ်။

နိုင်ငံတွင်းမှာတောင် တယောက်နဲ့ တယောက် မယုံကြည်ကြတာကြောင့် နိုင်ငံခြားသားတွေလည်း ယုံကြည်ကြမှာ မဟုတ်ပါဘူးတဲ့၊ ဘဏ်စနစ် မပြေမလည် ဖြစ်တာကြောင့်လည်း ပါတယ်လို့ Max Energy က တာဝန်ရှိသူ တဦးက AP ကို ပြောဆိုခဲ့တာပါ။ ပြောရတဲ့ အကြောင်းအရာကလည်း အကဲဆတ်တာကြောင့် နာမည် မဖော်ဘဲ သူက ပြောခဲ့တာပါ။ဘဏ်တွေမှာလည်း အပ်နှံငွေကို အလွယ်တကူ ထုတ်လို့ မရပါဘူး။ ဘဏ်အပ်ငွေကို အမြတ်ပေး ထုတ်ယူနေရဆဲ ဖြစ်ကြောင်း တပိုင်တနိုင် စီးပွားရေး လုပ်ငန်းရှင် မလုံးလုံးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG