သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် မြန်မာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ဖက်ခေါင်းဆောင်တွေဆွေးနွေး


ဂျပန်နိုင်ငံကို အလည်အပတ်ခရီးအဖြစ် ရောက်နေတဲ့ သမ္မတ ဦးထင်ကျော် ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံ
ဂျပန်နိုင်ငံကို အလည်အပတ်ခရီးအဖြစ် ရောက်နေတဲ့ သမ္မတ ဦးထင်ကျော် ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံ

ဂျပန်နိုင်ငံကို အလည်အပတ်ခရီးအဖြစ် ရောက်နေတဲ့ သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဒီကနေ့ တွေ့ဆုံမှုအပြီး၊ တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဦးထင်ကျော်က ပြောဆိုခဲ့တာပါ။

ဂျပန်နိုင်ငံက လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်အောင် ဂျပန်ဝန်ကြီးချုပ်ကို တိုက်တွန်းဖို့ ပြောကြားခဲ့ကြောင်းလည်း သမ္မတဦးထင်ကျော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ပြဿနာတွေ၊ လူသားချင်းစာနာထောက်ထားရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံရဲ့ စိုးရိမ်ပူပမ်မှုတွေကို ပြောကြားခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဂျပန်-မြန်မာ သတင်းစာရှင်းလင်းပွဲ
ဂျပန်-မြန်မာ သတင်းစာရှင်းလင်းပွဲ

တချိန်တည်းမှာပဲ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေနဲ့ အောင်မြင်မှုတွေရဲ့ အရေးပါမှုတွေ ကိုလည်း အလေးထားပြောကြားခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဒေသတွင်းမှာ ခြိမ်းခြောက်မှု တရပ်ဖြစ်နေတဲ့ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့သလို၊ မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ဆက်လက် ဖိအားပေးသွားဖို့ လိုအပ်ကြောင်း၊ မြန်မာနဲ့ ဂျပန်ခေါင်းဆောင်တို့ကြား လက်ခံခဲ့ကြတယ်လို့လည်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောဆိုခဲ့တာပါ။

မြန်မာသမ္မတ ဦးထင်ကျော်ဟာ ဂျပန်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့ထိ ကျင်းပနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG