သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျဉ်းထောင်တွေမှာ COVID-19 ကူးစက်မယ့်အန္တရာယ် အရပ်ဖက်အဖွဲ့တွေသတိပေး


ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်
ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်

(Zawgyi/Unicode)

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားလာနိုင်တဲ့အန္တရာယ်ရှိတာကြောင့် အကျဉ်းသားတချို့ကို လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေထဲ ကပ်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံထားတဲ့ ကြေညာချက် တစောင်ကို မြန်မာ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဧပြီလ ၆ ရက်နေ့ ရက်စွဲနဲ့ မြန်မာအာဏာပိုင်တွေထံ မေတ္တာရပ်ခံတိုက်တွန်းထားတဲ့ အဲဒီ ပူးတွဲကြေညာချက်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၉၀ ကျော် ပါဝင် လက်မှတ်ရေးထိုးထားတာပါ။

အဲဒီ ကြေညာချက်မှာ ကျန်းမာရေး ပြဿနာအခံရှိတဲ့ အကျဉ်းသားတွေတင်မကဘဲ အကြမ်းဖက် ပြစ်မှုနဲ့ မဟုတ်တဲ့ အကျဉ်းကျခံနေရသူတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုထားသလို အကျဉ်းထောင်တွေထဲ COVID-19 ကပ်ရောဂါ မဖြစ်ပွားအောင် ကြိုတင် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ပူးတွဲ ကြေညာချက်မှာ အကျဉ်းထောင်တွေထဲ လူဦးရေ ကြပ်ညပ် များပြားနေတာကို ထောက်ပြထားပြီး အကျဉ်းသား အရေအတွက် လျှော့ချတဲ့ အနေနဲ့ အများပြည်သူ လုံခြုံရေးအတွက် အန္တရာယ် နည်းပါးတဲ့ အကျဉ်းသားတွေကို စိစစ် ရွေးချယ်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

ဒါ့အပြင် နောက်ထပ် ထောင်ချတာနဲ့ အကြမ်းဖက်မှု မရှိတဲ့ ပြစ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းတာတွေကို ယာယီဆိုင်ငံ့ထားဖို့လည်း တောင်းဆိုထားပါတယ်။ အကျဉ်းထောင်တွေထဲ ရောဂါကူးစက်မှု အန္တရာယ် လျှော့ချဖို့အတွက် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ ကျန်းမာရေး ဝန်ဆောင်မှု ပိုမို လက်လှမ်းမီရေး ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အစိုးရ အဆက်ဆက် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြုလာခဲ့တဲ့နည်းတူ လက်ရှိ အခြေအနေအောက်မှာ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရင်နှစ်တွေကနဲ့ မတူပဲ အထူးပဲ အရေးကြီးလာပြီ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG