(Zawgyi/Unicode)
ျပဳံးေနသေယာင္ မ်က္ႏွာရွိတဲ့ ျမန္မာ့မ်ိဳးရင္း ရွားပါးလိပ္တမ်ိဳးကို မ်ိဳးသုဥ္းလုဆဲဆဲ အေျခအေနကေန ႏွစ္ေပါင္း ၂၀ ေလာက္အၾကာ မွာ ျပန္ၿပီး တိုးပြါးေအာင္ေမြးျမဴနိုင္ခဲ့တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ဒီ ရွားပါးလိပ္မ်ိဳး ေကာင္ေရအနည္းငယ္ကို ရွာေဖြ ေတြ႕ရွိၿပီးတဲ့ေနာက္မွာ သိပၸံပညာရွင္ေတြက ေကာင္ေရ ၁၀၀၀ နီးပါးတိုးပြါးလာေအာင္ျပန္ၿပီးေမြးျမဴနိုင္ခဲ့တယ္လို႔ New York Times သတင္းစာက ေျပာပါတယ္။
သူတို႔သာ အခုလို အခ်ိန္မီ မထိန္းသိမ္းနိုင္ခဲ့ရင္ ဒီလိပ္မ်ိဳးစိတ္ေတြ မ်ိဳးသုဥ္းသြားေလာက္ၿပီျဖစ္တယ္လို႔ ေတာရိုင္းတိရိစၧာန္ ထိန္းသိမ္းေရး အဖြဲ႕အစည္း Wildlife Conservation Society က ကုန္းေန၊ ေရေန သတၱဝါမ်ိဳးစိတ္ ေလ့လာေရး ပညာရွင္ Steven Platt ကေျပာပါတယ္။
ရွာေဖြေတြ႕ရွိခဲ့တဲ့ လက္က်န္ ရွားပါးလိပ္မ်ိဳး ေကာင္ေရအနည္းငယ္ကို သဘာဝအေနအထားတခု ဖန္တီး ေစာင့္ၾကည့္ၿပီး အခုလို လိပ္ေကာင္ေရ တေထာင္ေက်ာ္ကို သဘာဝအတိုင္း မ်ိဳးပြါးေပးနိုင္ခဲ့ တာျဖစ္ေၾကာင္း Steven Platt က သူ႔ရဲ့ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက ဒီလိပ္မ်ိဳးေတြကို ရာနဲ႔ခ်ီ ၿပီး ရန္ကုန္ ေတာင္ဘက္ ဧရာဝတီျမစ္ထဲမွာေတြ႕ခဲ့ၾကရေပမယ့္ လူေတြက နည္းမ်ိဳးစုံနဲ႔ ငါးဖမ္းခဲ့ၾကတာေတြေၾကာင့္ ဒီလိပ္ေတြေသဆုံးခဲ့ရတာပါ။ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ ဒီလိပ္မ်ိဳးစိတ္ေတြကို မ်ိဳးသုဥ္းသြားခဲ့ၿပီလို႔ ယူဆခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာမွာေတာ့ သုေတသနပညာရွင္ေတြက ျမန္မာ့ သစ္ေတာဦးစီးဌာနနဲ႔ ပူးေပါင္းခြင့္ျပဳခ်က္ရယူၿပီး ရွာေဖြခဲ့ၾကရာက ဒီလိပ္မ်ိဳး ၃ ေကာင္ျပန္ရွာေတြ႕ခဲ့ၿပီး မ်ိဳးပြားနိုင္ခဲ့တာပါ။ အခု မ်ိဳးပြားထားတဲ့ လိပ္ေကာင္ေရ ၁၀၀၀ ေလာက္ကို တိရိစၧာန္႐ုံ ကို လႊဲေျပာင္းေပးထားၿပီး ျမန္မာနိုင္ငံတြင္း ေနရာ ၃ ေနရာမွာ ဆက္လက္ေမြးျမဴထားပါတယ္။
လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာလည္း မ်က္လုံးႀကီး အာရွ ေရခ်ိဳလိပ္ႀကီး မ်ိဳးရင္းဝင္ လိပ္ေတြကို မ်ိဳးပြါးၿပီး သဘာဝ အတိုင္းျပန္လည္ လႊတ္ေပးခဲ့ပါတယ္။
.................
မြန်မာ့မျိုးရင်း ရှားပါးလိပ်တမျိုးကို မျိုးပွားအောင် သိပ္ပံပညာရှင်တွေ လုပ်ဆောင်နိုင်ခဲ့
(Unicode)
ပြုံးနေသယောင် မျက်နှာရှိတဲ့ မြန်မာ့မျိုးရင်း ရှားပါးလိပ်တမျိုးကို မျိုးသုဉ်းလုဆဲဆဲ အခြေအနေကနေ နှစ်ပေါင်း ၂၀ လောက်အကြာ မှာ ပြန်ပြီး တိုးပွါးအောင်မွေးမြူနိုင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီ ရှားပါးလိပ်မျိုး ကောင်ရေအနည်းငယ်ကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်မှာ သိပ္ပံပညာရှင်တွေက ကောင်ရေ ၁၀၀၀ နီးပါးတိုးပွါးလာအောင်ပြန်ပြီးမွေးမြူနိုင်ခဲ့တယ်လို့ New York Times သတင်းစာက ပြောပါတယ်။
သူတို့သာ အခုလို အချိန်မီ မထိန်းသိမ်းနိုင်ခဲ့ရင် ဒီလိပ်မျိုးစိတ်တွေ မျိုးသုဉ်းသွားလောက်ပြီဖြစ်တယ်လို့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့အစည်း Wildlife Conservation Society က ကုန်းနေ၊ ရေနေ သတ္တဝါမျိုးစိတ် လေ့လာရေး ပညာရှင် Steven Platt ကပြောပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ကျန် ရှားပါးလိပ်မျိုး ကောင်ရေအနည်းငယ်ကို သဘာဝအနေအထားတခု ဖန်တီး စောင့်ကြည့်ပြီး အခုလို လိပ်ကောင်ရေ တထောင်ကျော်ကို သဘာဝအတိုင်း မျိုးပွါးပေးနိုင်ခဲ့ တာဖြစ်ကြောင်း Steven Platt က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီလိပ်မျိုးတွေကို ရာနဲ့ချီ ပြီး ရန်ကုန် တောင်ဘက် ဧရာဝတီမြစ်ထဲမှာတွေ့ခဲ့ကြရပေမယ့် လူတွေက နည်းမျိုးစုံနဲ့ ငါးဖမ်းခဲ့ကြတာတွေကြောင့် ဒီလိပ်တွေသေဆုံးခဲ့ရတာပါ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဒီလိပ်မျိုးစိတ်တွေကို မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာမှာတော့ သုတေသနပညာရှင်တွေက မြန်မာ့ သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းခွင့်ပြုချက်ရယူပြီး ရှာဖွေခဲ့ကြရာက ဒီလိပ်မျိုး ၃ ကောင်ပြန်ရှာတွေ့ခဲ့ပြီး မျိုးပွားနိုင်ခဲ့တာပါ။ အခု မျိုးပွားထားတဲ့ လိပ်ကောင်ရေ ၁၀၀၀ လောက်ကို တိရိစ္ဆာန်ရုံ ကို လွှဲပြောင်းပေးထားပြီး မြန်မာနိုင်ငံတွင်း နေရာ ၃ နေရာမှာ ဆက်လက်မွေးမြူထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း မျက်လုံးကြီး အာရှ ရေချိုလိပ်ကြီး မျိုးရင်းဝင် လိပ်တွေကို မျိုးပွါးပြီး သဘာဝ အတိုင်းပြန်လည် လွှတ်ပေးခဲ့ပါတယ်။