သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလိပ်ငယ်တွေအပေါ် ပလပ်စတစ်ရဲ့ အန္တရာယ်


စွန့်ပစ်အမှိုက် ပလပ်စတစ်များ (credit Friedor Jeske/Thant Myanmar)
စွန့်ပစ်အမှိုက် ပလပ်စတစ်များ (credit Friedor Jeske/Thant Myanmar)

မြန်မာနိုင်ငံမှာ လိပ်ပေါက်ကလေးတွေ အတွက် အန္တရာယ်သိပ်ကြီးတဲ့ အနေအထားရှိနေချိန်မှာပဲ နောက်ထပ်တခု အဖြစ် ပလပ်စတစ် အန္တရာယ်ပါ တိုးလာနေတယ်လို့ စစ်တမ်း အသစ်တခုမှာ ဖေါ်ပြထားပါတယ်။

ဒီစစ်တမ်းကို Fauna & Flora International (FFI) နဲ့ သန့်မြန်မာ အဖွဲ့တို့ ပူးတွဲပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက သောင်ပြင်တွေမှာ ကောက်ယူခဲ့တာ ဖြစ်ပြီး အဲဒီမှာ တနေ့ကို ပလပ်စတစ် တန်ချိန်ပေါင်း ၁၁၉ တန်အထိ တွေ့နေရတယ်လို့ ဖေါ်ပြထားပါတယ်။

လိပ်ပေါက်ကလေးတွေ အတွက် အကောင်မပေါက်ခင် သူတို့ရဲ့ အသိုက်တွေဟာ ပူပြင်းတဲ့ ရာသီဥတု ဒဏ်ကို ခံကြရသလို လိပ်ဥတူးသူတွေရဲ့ အန္တရာယ်ပါ ရှိနေတာ ဖြစ်ပြီး သူတို့လက်က လွှတ်သွားရင်တောင် ပေါက်ခါစ အကောင်လေးတွေ ဟာ အခုဆို ပလပ်စတစ် ဘူးအဖုံးတွေ၊ ကော်ဖီမှုန့်ထည့်တဲ့ အိတ်တွေနဲ့ အစားအသောက် ထည့်တဲ့ အိတ်တွေနဲ့ ပြည့်နေတဲ့ သောင်ပြင်မှာ အသက်မသေအောင် ရုန်းကန်ပြီး ပင်လယ်ပြင်ထဲ အရောက် သွားနေရတာပါ။

ဧရာဝတီအထက်ပိုင်းမှာ နေ့စဉ် ပလပ်စတစ် တန်ချိန် ၅၈ တန်လောက် ရှိနေသလို မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသက တနေ့ ၃၂ တန် နဲ့ မြို့တော် ရန်ကုန်တဝိုက် မှာတော့ တနေ့ကို ၂၉ တန်လောက် ရှိနေတယ်လို့ စစ်တမ်းမှာ ဖေါ်ပြပါတယ်။ ဒါဟာ ပလပ်စတစ် စွန့်ပစ်ပစ္စည်း ဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တွေ့ရတဲ့ ပလပ်စတစ် အမျိုးအစားတွေထဲမှာ အဓိကက ပလပ်စတစ် အမာစားနဲ့ လုပ်ထားတဲ့ ဘူးအဖုံးတွေဖြစ်ပြီး ကျန်ပလပ်စတစ်တွေက အပျော့စားနဲ့ လုပ်ထားတဲ့ အစားအစာ ထုပ်ပိုးတာနဲ့ တခါသုံး အထုပ်ကလေးတွေ ဖြစ်ပါတယ်။ မိုးရာသီမှာဆို ခြောက်သွေ့ရာသီထက် ပလပ်စတစ်အမှိုက် ၁၇ ဆ ပိုတွေ့ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG