သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီမြစ်ထဲ ပလပ်စတစ်အမှိုက် နေ့စဉ် တန် ၁၀၀ ကျော် မျောဝင်


ဧရာဝတီမြစ် (ဖေဖော်ဝါရီ၊ ၁၇၊ ၂၀၁၂)
ဧရာဝတီမြစ် (ဖေဖော်ဝါရီ၊ ၁၇၊ ၂၀၁၂)

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်အတွင်းကို ပလပ်စတစ် တန်ချိန် ၁၂၀ နီးပါး နေ့စဉ် စွန့်ပစ်နေကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ လေ့လာချက်စစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ Fauna and Flora (FFI) နဲ့ Thant Myanmar လို့ အမည်ရတဲ့ အဖွဲ့ နှစ်ဖွဲ့က ဒီ စစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီ သတင်းဌာနက ပြောပါတယ်။

ဒီ စစ်တမ်းကို စစ်ကိုင်း၊ မန္တလေး၊ ချင်းတွင်း၊ မကွေး၊ မြစ်ဝကျွန်းပေါ် ဒေသ၊ ရန်ကုန်နဲ့ ဧရာဝတီမြစ်တစ်လျှောက်က ခြောက်သွေ့ဇုန်တွေမှာ မနှစ် ဒီဇင်ဘာက ဒီနှစ် ဇွန်လအတွင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ထဲ ပလတ်စတစ်တွေ အများဆုံး စွန့်ပစ်တဲ့နေရာက မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပြီး နေ့စဉ် ပလပ်စတစ် ၃၂ တန် စွန့်ပစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်က ၂၉ တန်နဲ့ ဒုတိယအများဆုံး စွန့်ပစ်ပါတယ်။

စွန့်ပစ် ပစ္စည်း အမှိုက်တွေကို မှန်မှန်ကန်ကန် စွန့်ပစ်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ဒေါ်လာ သန်း ၂၀ ဝန်းကျင် သုံးစွဲဖို့ လိုအပ်ပေမဲ့ အမှိုက်စွန့်ပစ်တာမှာ ပြည်သူလူထုကို အသိပညာပေးဖို့ကို ပို အလေးထား လုပ်သင့်ကြောင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်ဖို့ လိုကြောင်း FFI အဖွဲ့က ကျွမ်းကျင်သူ မမေသက်ထွေးက ပြောပါတယ်။

သဘာ၀ အရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေနဲ့ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးအတွက် စီမံကိန်း မူကြမ်း တရပ်ကို ရေးဆွဲနေပါတယ်။

ဧရာဝတီမြစ်ထဲ ပလပ်စတစ်အမှိုက် နေ့စဉ် တန် ၁၀၀ ကျော် မျောဝင်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG