သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရက်တောင်ပေါ်မှာ နီပေါတောင်တက်သမားတွေ အမှိုက်ကောက်


ဧဝရက်တောင်ပေါ်မှ အမှိုက်များ
ဧဝရက်တောင်ပေါ်မှ အမှိုက်များ

ကမ္ဘာအမြင့်ဆုံး ဧဝရက်တောင်ကြီးကို သန့်ရှင်းပေးတဲ့အနေနဲ့၊ အမှိုက် (၁၁) တန်ကို တောင်တက်အသင်းတစ်ခုက ဆွဲထုတ်ရှင်းလင်းပစ်လိုက်ပါပြီ။ ၄၅ ရက်ကြာ အမှိုက်ရှင်းခဲ့တဲ့ နီပေါအစိုးရ တောင်တက်လေ့လာရေးအဖွဲ့အနေနဲ့ အစားအသောက်ထုတ်တဲ့ပစ္စည်းတွေ၊ ဗူးခွံတွေ၊ ကျွင်းကျန် အောက်ဆီဂျင် ဆလင်ဒါဗူးတွေနဲ့ တခြား စွန့်ပစ်အမှိုက်တွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်တက်သမား (၄) ဦးရဲ့ အလောင်းတွေကိုလည်း တွေ့ရှိခဲ့ပေမဲ့၊ ဘယ်သူဘယ်ဝါဖြစ်တယ် ဘယ်အချိန်မှာ သေဆုံးခဲ့တယ်ဆိုတာကိုတော့ အဆုံးအဖြတ် မပေးနိုင်သေးပါဘူး။ ပေပေါင်း နှစ်သောင်း ကိုးထောင်ကျော်မြင့်တဲ့ ဒီတောင်ထိပ်ကို ၁၉၅၃ ခုနှစ်ထဲက လူတွေတက်နိုင်ခဲ့အပြီးကတည်းက ခုချိန်ထိ သေဆုံးခဲ့တဲ့ တောင်တက်သမား ၃၀၀ ခန့် ရှိသွားပါပြီ။

တောင်တက်သမားတွေအနေနဲ့ လူသေအလောင်းတွေကို ပုံမှန်အားဖြင့် သယ်ယူနိုင်လေ့မရှိတာကြောင့်၊ ဒီအလောင်းတွေဟာ နှင်းတွေအောက်မှာ ကျန်နေခဲ့ပြီး၊ နှင်းတွေပျော်ချိန်မှာ ပြန်ပေါ်လာလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဧဝရက်တောင်ရဲ့ နီပေါဖက်ခြမ်းမှာ (၉) ဦးသေဆုံးခဲ့ပြီး၊ တိဗက်ဖက်ခြမ်းမှာ (၂) ဦး သေဆုံးခဲ့တာကြောင့် လူအသေအပျောက်အများဆုံး တောင်တက်ရာသီရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း၊ အသေအပျောက် အများဆုံးကာလ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG