သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဧဝရက်တောင်ပေါ် တဦးတည်းတက်ခွင့် နီပေါလ်အစိုးရ ခွင့်မပြုတော့


အမြင့်ပေ ၂၉,၀၂၈ ပေရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်ကို ၂၀၀၈ ခုနှစ်၊ မတ်လက တွေ့ရသည့်မြင်ကွင်း။

ဧဝရက်တောင်အပါအဝင် နီပေါလ်နိုင်ငံတွင်းက တောင်တန်းတွေမှာ မတော်တဆ ဖြစ်ပွားမှုအန္တရာယ် လျော့ပါးစေရေးအတွက် တောင်တက်သမားတဦးထဲ တောင်တက်ဖို့ နီပေါလ်အစိုးရက ခွင့်မပြုတော့ပါဘူး။

နွေဦးနဲ့ ဆောင်းဦးရာသီတိုင်းမှာ နီပေါလ်နိုင်ငံထဲကို တောင်တက်ဖို့လာရောက်သူ ထောင်ပေါင်းများစွာ ရှိနေတာဖြစ်ပြီး ရာသီဥတု အခြေနေပေါ်မူတည်ပြီး တောင်တက်လေ့ရှိကြတာပါ။

ဟိမဝန္တာတောင်တန်းပေါ်မှာတည်ရှိတဲ့ နီပေါလ်နိုင်ငံအတွက် တောင်တက်မှုဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ပြီး ကြာသပတေး နေ့နှောင်းပိုင်းမှာ နီပေါလ်အစိုးရအဖွဲ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ တောင်တက်ရာသီ မတိုင်ခင် ဒီ တားမြစ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အရင်တုန်းက တကိုယ်တော် တောင်တက်သမားတွေ တက်ရောက်ခွင့်ရှိပေမယ့် တောင်တက်သမား တွေ အသေအပျောက်နည်းပါးအောင်နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အခု တားမြစ်လိုက်ပြီဖြစ်ကြောင်း နီပေါလ်နိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနဲ့ ပြည်တွင်းလေကြောင်းဆိုင်ရာဝန်ကြီးဌာန အတွင်းဝန် Maheshwor Neupane က စနေနေ့မှာ ပြောပါတယ်။

နီပေါလ်အစိုးရရဲ့ တားမြစ်ချက်ထဲမှာ ခြေနှစ်ဖက်လုံး ဖြတ်တောက်ထားသူတွေ၊ မျက်မမြင်တွေကိုလည်း တောင်တက်ခွင့် ပိတ်ပင်ထားပါတယ်။

၂၀၁၇ ဧပြီလထဲမှာ ကျွမ်းကျင်တဲ့ ဆွစ်ဇာလန်တောင်တက်သမား Ueli Steck ဟာ ဧဝရက်တောင်ထိပ်အနီးက Nuptse တောင်ထိပ်ကို တကိုယ်တည်း တက်ရောက်ချိန်မှာ ခြေချော်ကျ ပြီး သေဆုံးခဲ့ရတာပါ။

တကိုယ်တော် တောင်တက်ရတာကို နှစ်သက်သူတွေကတော့ အခုလို တားမြစ်မှုအတွက် စိတ်ဆိုး ဒေါသထွက်တာတွေ ရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဧဝရက်တောင်ထိပ်ကို တောင်ဘက်ခြမ်းကနေ တက်ရောက်နိုင်ခဲ့ သူပေါင်း ၄၅၀ လောက်ရှိပြီး နီပေါလ်နိုင်ငံသား ၂၅၉ ယောက်နဲ့ နိုင်ငံခြားသား ၁၉၀ ပါဝင်ပါတယ်။

ဧဝရက်တောင်ပေါ် တဦးတည်းတက်ခွင့် နီပေါလ်အစိုးရ ခွင့်မပြုတော့
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG