သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပနားမားနိုင်ငံမှာ ပလပ်စတစ်အိတ် သုံးစွဲမှု တားမြစ်


ပနားမားနိုင်ငံရဲ့ ကမ်းခြေမှာ တွေ့ရတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ
ပနားမားနိုင်ငံရဲ့ ကမ်းခြေမှာ တွေ့ရတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ

ပနားမားနိုင်ငံဟာ ဆိုရင် တခါသုံး ပလတ်စတစ်အိတ် အသုံးပြုခွင့်ကို တားမြစ်တဲ့ ပထမဆုံးသော ဗဟို အမေရိကန်နိုင်ငံ ဖြစ်လာခဲ့ပါပြီ။

ပနားမားနိုင်ငံရဲ့ ကမ်းခြေတွေ ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးနဲ့ ကမ္ဘာပေါ်မှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်ချက်တွေ အကြီးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာကို အရေးယူ ကိုင်တွယ်တာမှာ အထောက်အကူ ဖြစ်စေဖို့ အခုလို ဆောင်ရွက်လိုက်တာပါ။

တခါသုံး ပလတ်စတစ်အိတ် အသုံးပြုတာကို လုံး၀ ပိတ်ပင်ထားတဲ့ ဒါမှမဟုတ်လည်း၊ တစိတ်တပိုင်း ပိတ်ပင်ထားတဲ့ ဒါမှမဟုတ်လည်း ပလတ်စတစ်အိတ် အသုံးပြုမှု အပေါ် အခွန်ကောက်တဲ့ နိုင်ငံပေါင်း ၆၀ ကျော်မှာ လူဦးရေ ၄ သန်း ရှိတဲ့ ပနားမား နိုင်ငံလည်း ပူးပေါင်းပါဝင်လာတာပါ။

ပနားမား နိုင်ငံမှာ၂၀၁၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဥပဒေနဲ့ အညီ စူပါမတ်ကက်တွေ၊ ဆေးဆိုင်တွေ၊ လက်လီ အရောင်းဆိုင်တွေ အနေနဲ့ ကြွပ်ကြွပ်အိတ် အသုံးပြုမှုကို ချက်ချင်း ရပ်ဆိုင်းရမှာ ဖြစ်ပြီး လက်ကား အရောင်းဆိုင်ကြီးတွေမှာတော့ ၂၀၂၀ အရောက်မှာ ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။ ဥပဒေ မလိုက်နာရင် ဒဏ်ငွေတပ်နိုင်ပေမယ့်လည်း အသား၊ ငါး တွေလိုမျိုးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်မှု အကြောင်းပြချက်နဲ့ ပလတ်စတစ်အိတ် အသုံးပြုခွင့်ကို ခြွင်းချက်နဲ့ ခွင့်ပြုထားပါတယ်။

ပနားမား စီးတီးက လမ်းမတွေပေါ်မှာတော့ အိတ်တွေလျှော့ပြီး အသက်ရှည်ရှည် နေကြစို့ဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားပြီး ပလတ်စတစ်အိတ် အသုံးပြုမှု ကန့်သတ်တဲ့ ဥပဒေ စတင်သက်ရောက်ပြီဆိုတာကို လမ်းသွား လမ်းလာတွေကို အသိပေးထားပါတယ်။

ပနားမားနိုင်ငံမှာ ပလပ်စတစ်အိတ် သုံးစွဲမှု တားမြစ်
please wait

No media source currently available

0:00 0:00:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG