မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့အနီးမှာ မကြာခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ပြစ်တင်ဝေဖန်လိုက်ပြီး၊ မြန်မာအစိုးရ အနေနဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းကို အကာအကွယ်ပေးပြီး အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
သံတွဲမြို့နဲ့ ၁၆မိုင်ပဲ ဝေးတဲ့ ကျေးရွာတရွာမှာ လူငါးဦး အနည်းဆုံးသေဆုံးတဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံတွင်းက ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေဟာ နိုင်ငံတကာသတင်းတွေမှာ ရှေ့တန်းပြန်ရောက်
လာပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အခုလို အကြမ်းဖက်မှုတွေ အပေါ် အပြင်းအထန်ဝေဖန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
“ရခိုင်ပြည်နယ် သံတွဲမြို့ဝန်းကျင်မှာရှိတဲ့ မွတ်ဆလင်အများစုရှိတဲ့ လူမှုအသိုင်းအဝိုင်း အပေါ် အကြမ်းဖက်မှု သတင်းကို ကြားသိရလို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ အိမ်ခြေ ဆယ်ဂဏန်းနဲ့ ဗလီတွေပျက်စီးရတဲ့ မီးရှို့တိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေကြောင့် လူတဦးထက်မက သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရကာ ပြည်သူ ရာဂဏန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း သိရလို့ အင်မတန်ဝမ်းနည်းရပါတယ်။ ဒီလို အကြမ်းဖက်မှုမျိုးတွေကို အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်။”
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာလည်းပဲ အကြမ်းဖက်မှုတွေအပေါ် လျင်မြန်စွာနဲ့ တိကျပြတ်သားစွာ အရေးယူကိုင်တွယ်ဖို့ကိုလည်း မြန်မာအာဏာပိုင်တွေကို တိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
“ဖြစ်ရပ်တွေကို တိကျသေချာစွာ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက်ဖြစ်ရပ်တွေ အတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့၊ အကြမ်းဖက်ခံရသူတွေနဲ့ အခြားအားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အာဏာပိုင်တွေကို ထပ်ပြီး တိုက်တွန်းပါတယ်။”
ဒေသတွင်းမှာ လုံခြုံရေး တရားဥပဒေစိုးမိုးရေး တရားမျှတရေးနဲ့ လူသားချင်း စာနာကူညီမှုတွေအတွက် ပြည်ထောင်စုအစိုးရကရော ပြည်နယ်အစိုးရ
အာဏာပိုင်တွေကပါ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန က ပြောပါတယ်။ လူနည်းစု လူမှုအသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပေါ်မှာ ဝိုင်းဝန်း ဆန့်ကျင်ကြဖို့လည်း မြန်မာလူမှု အဖွဲ့အစည်း တရပ်လုံးကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။
“အရေးကြီးဆုံးကတော့ မွတ်ဆလင်တွေကို ဦးတည်တိုက်ခိုက်နေတာတွေကို ဆန့်ကျင်ဖို့နဲ့၊ နိုင်ငံတွင်းနေထိုင်တဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား နားလည်မှု အပြန်အလှန်လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတွေ ကို အားပေးသွားဖို့ - ဘာသာရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ကခေါင်းဆောင်တွေ အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေ အားလုံးကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတောင်းဆိုပါတယ်။”
သံတွဲမြို့မှာ ဒီရက်ပိုင်းအတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ တနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဦးဝဏ္ဏမောင်လွင်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ တွေ့ဆုံစဉ်မှာလည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အလေးထား ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို တရားဥပဒေအရ ကိုင်တွယ်ဖို့နဲ့ ပြဿနာ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ် ဆိုတာတွေကို အတွင်းရေးမှုးချုပ်က ထောက်ပြပြောခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
“တိုင်းပြည်အတွင်းက လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မကြာသေးခင်က သံတွဲမှာဖြစ်တဲ့အခြေနေတွေအပေါ်မှာ အလွန်တရာ စိုးရိမ်ကြောင်း အတွင်းရေးမှုးချုပ်က ပြောခဲ့ပါတယ်။ အစိုးရအနေနဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကာအကွယ်ပေးဖို့ အကြမ်းဖက်မှုတွေကိုတားဆီးပြီး တရားဥပဒေစိုးမိုးမှုဖြစ်စေဖို့၊ ပြဿနာရဲ့ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေကို တရားဥပဒေအရ ကိုင်တွယ်အရေးယူဖို့ အရေးကြီးတယ်ဆိုတာကို အတွင်းရေးမှုးချုပ်က ထောက်ပြခဲ့ပါတယ်။ ”
တဆက်တည်းမှာပဲ အောက်တိုဘာ၂ရက်နေ့မှာ ကျရောက်တဲ့ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာလည်း ရန်ကုန် မှာရှိတဲ့ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ် မစ္စတာ Ashok Nigam က ကြေငြာချက် ထုတ်ပြန်ပါတယ်။
ဒီထဲမှာလည်း ပြီးခဲ့တဲ့ သံတွဲမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အပါအဝင်၊ မြန်မာနိုင်ငံက ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဟာ ဆိုလို့ရှိရင် မတူကွဲပြားမှုတွေကို အကြမ်းမဖက်ပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ ဆိုတဲ့ ပိုင်းဖြတ်ချက်နဲ့လူသားဖြစ်တည်မှုဆိုတဲ့စိတ်ဓာတ်ခွန်အားတွေအပေါ်မှာ ဆန့်ကျင်ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြဝေဖန်သွားပါတယ်။