သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသား  ၅၈၀၀  ကျော်  စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပြု


အင်းစိန်ထောင်ရှေ့ လွတ်ငြိမ်းချမ်းသာနဲ့လွတ်မြေ ာက်လာမည့်သူများအားစောင့်မျှော်နေသူများ။ (ဗွီအိုအေမြန်မာပိုင်း)
အင်းစိန်ထောင်ရှေ့ လွတ်ငြိမ်းချမ်းသာနဲ့လွတ်မြေ ာက်လာမည့်သူများအားစောင့်မျှော်နေသူများ။ (ဗွီအိုအေမြန်မာပိုင်း)

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ ဒီကနေ့ စနေနေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်‌မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုတာမှာလည်း အကျဉ်သားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန် ရင် အရင်ပြစ်ဒဏ် ကိုပါ တပေါင်းတစည်းတည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး တသက်တကျွန်းကျပြစ်ဒဏ်ခံနေရတဲ့ အယောက် ၁၄၄ ယောက်ကို တသက်တကျွန်းပြစ်ဒဏ်ကနေ ၁၅နှစ်ပြစ်ဒဏ်ကို လျော့ပေါ့ပေးလိုက်ပါတယ်။

ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြား သား အကျဉ်းသူ၊အကျဉ်းသား ၁၈၀ ဦး ပါဝင်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နောက်ပြီး အထူးအနေနဲ့ လက်နက်မှု၊ ဖောက်ခွဲမှု၊ လူသတ်မှု၊ မုဒိန်းမှုနဲ့မူးယစ်မှုတွေမဟုတ်တဲ့ အမှုတွေကို ပြစ်ဒဏ်ရဲ့ ၆ပုံ၁ပုံသက်သာခွင့်ပေးတာလည်းစစ်ကောင်စီက လုပ် ခဲ့ပါတယ်။

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦး ပါဝင်လဲဆိုတာ ဗွီအိုအေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG