သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင်ငြိမ်းချမ်းရေးဥယျာဉ် UNDP ရဲ့ Equator ဆုရ


Salween Peace Park

(Zawgyi/Unicode)

မြန်မာနိုင်ငံအတွင်းက ကရင်တိုင်းရင်းသားတွေ ထူထောင်ထားတဲ့ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် အပါအဝင် Equator ဆု ဆွတ်ခူး ရရှိထားသူတွေ အတွက် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က ကြေညာလိုက်ပါတယ်။ Nature for Life ခေါင်းစဉ် နဲ့ ဒီနှစ်အတွက် Equator ဆုကို တစ်ကမ္ဘာလုံးမှာ မြန်မာ အပါ အဝင် နိုင်ငံ ၁၀ နိုင်ငံက ဌာနေတိုင်းရင်းသား ဒေသခံ အုပ်စု ၁၀ ခုက ဇွန်လအတွင်းက ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ကျင်းပမယ့် ဒီ ဆုပေးပွဲကို COVID-19 ကြောင့် ဗွီဒီယိုကတဆင့် ကျင်းပမှာ ဖြစ်ပြီး ဆုပေးပွဲ ကျင်းပချိန်က ကုလသမဂ္ဂ ဇီဝမျိုးကွဲ ထိပ်သီး ညီလာခံနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပချိန်တွေနဲ့လည်း တိုက် ဆိုင်နေပါတယ်။

ကမ္ဘာတစ်ဝှမ်းက ဒေသအဆင့်လူ့အဖွဲ့အစည်းတွေနဲ့ ဌာနေတိုင်းရင်းသားတွေက ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းကို ဘယ်လို လက်တွေ့ ကျကျနဲ့ ပီပီပြင်ပြင် တုံ့ပြန်နိုင်သလဲဆိုတာကို ဒီ အခမ်းအနားကနေ ဖော်ထုတ် ပြသနိုင်မှာ ဖြစ်တယ်လို့လည်း နယူးယောက်မြို့ အခြေစိုက် UNDP ရုံးချုပ်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။

ဌာနေတိုင်းရင်းသားတွေနဲ့ ဒေသခံလူ့အဖွဲ့အစည်းတွေဟာ COVID 19 ကပ်ရောဂါဒဏ်ကို အကာအကွယ်မဲ့ ပြင်းပြင်းထန်ထန် ခံစား ရသူတွေ ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ သူတို့တစ်တွေရဲ့ တောင့်ခံနိုင်မှု စွမ်းအားနဲ့ တီထွင်ဉာဏ်တွေက ဒေသအဆင့်တွေမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှု ရရှိနိုင်တာကိုလမ်းပြပေးနေကြောင်းလည်း UNDP ရဲ့ သဘာဝနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ် မန်နေဂျာ Jamison Ervin က ပြောပါတယ်။

၂၀၂၀ ခုနှစ် Equator ဆုပေးပွဲမှာ ပါဝင်မယ့်နိုင်ငံတွေက မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကနေဒါ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ၊ အီကွေဒေါ၊ ဂွာတီမာလာ၊ ကင်ညာ၊ မဒတ်ဂါစကားနဲ့ မက္ကဆီကို နိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်က နိုင်ငံရဲ့ အရှေ့တောင်ဘက် သံလွင်မြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး ဧက ၁ ဒဿမ ၃ သန်း ကျယ်ဝန်းပါတယ်။ အဲဒီဥယျာဉ်ကို ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ရေရှည်တံ့တည်ရေးနဲ့ ဓလေ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေး ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) နှင့်မြန်မာအစိုးရ တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်ဆောင်လာတာလို့လည်း BNI တိုင်းရင်းသား သတင်းဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယာဉ် UNDP ရဲ့ Equator ဆုရ
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG