သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္က တ႐ုတ္ၿမိဳ႕သစ္မ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအလားအလာ


Construction workers building a condominium at the site of the Chinese resort town on the outskirts of Shwe Koko in Karen state, Myanmar.
တိုက္႐ိုက္ လင့္ခ္

ကရင္ျပည္နယ္မွာ တ႐ုတ္တို႔တည္ေဆာက္ေနတဲ့ စီးပြါးေရးၿမိဳ႕သစ္ေတြေၾကာင့္ ေဒသဖြံ႕ၿဖိဳးေရးျဖစ္ထြန္းမယ့္ အလားအလာဟာ ေဒသတြင္းအဏာရွိတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြအေပၚ မူတည္တယ္လို႔ သမိုင္းပညာရွင္ ေဒါက္တာေအာင္ခင္က ဆိုပါတယ္။ အေသးစိတ္ကို ေဒါက္တာေအာင္ခင္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံရဲ ႔ အေရွ ႔ဘက္ ကရင္ျပည္နယ္မွာ တရုတ္ေတြရဲ ႔ စီးပြားေရးလုပ္ငန္းေတြလာၿပီး လုပ္ဖို႔ဆုိၿပီးေတာ့ ၿမိဳ ႔သစ္ေတြ တည္ၾကပါတယ္။ ဒီကိစၥကို သြားေရာက္ေလ့လာ သုေတသနျပဳတဲ့ အေမရိကန္ကအဖြဲ႔တဖြဲ႔က ဒီကိစၥဟာ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ေနတယ္။ ေနာက္ၿပီးေတာ့ တရုတ္ရာဇဝတ္ဂိုဏ္းႀကီးေတြက ဦးေဆာင္ၿပီးေတာ့ လုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြ ျဖစ္တယ္ဆိုၿပီးေတာ့ ေဝဖန္ေရးသားတာကို ေတြ႔ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဆရာ ဘယ္လို ပထမဦးဆံုး မွတ္ခ်က္ခ်ေျပာခ်င္ပါလဲ။

ေျဖ ။ ။ နယ္စပ္ကေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြေပါ့။ လက္နက္ကိုင္အဖြဲ႔အစည္းကို ေျပာရမယ္ဆိုရင္ လူဆိုးဂိုဏ္းေပါ့။ သူမ်ားလုပ္ရင္ေတာ့ လူဆိုးဂိုဏ္းေပါ့။ Organized activity, organized crime လုပ္ေနၾကတာ နယ္စပ္ေတြမွာသာ လုပ္ေလ့ရိွၾက မ်ားၾကတယ္။ ျမန္မာ-တရုတ္ နယ္စပ္မွာလည္း ဒါေတြအမ်ားႀကီးရိွတယ္။ မိုင္းလားဘက္က အထင္ရွာဆံုးေပါ့။ အခုလဲ တရုတ္က ထိုင္း-ျမန္မာ နယ္စပ္မွာ ဒီဟာလုပ္တယ္ဆိုေတာ့ ကရင္လက္နက္ကိုင္အဖြဲ႔အစည္းနဲ႔ သေဘာတူညီခ်က္ယူၿပီးေတာ့ လုပ္တဲ့ကိစၥေပါ့။ ကရင္လက္နက္ကိုင္အဖြဲ႔အစည္းကလည္း သူ႔ရန္ပံုေငြ ရွာရတဲ့သေဘာေပါ့။ တရုတ္ကလည္း စီးပြားရွာတဲ့သေဘာေပါ့။ အဲဒီေတာ့ ဗမာစစ္တပ္ကလည္း စီးပြားရွာတာေတ့ အပစ္အခတ္ရပ္စဲတယ္ဆိုေတာ့ ခင္မ်ားတို႔လဲ ၾကားမွာေပါ့ အပစ္ရပ္အရင္းရွင္ Ceasefire Capitalism ဆိုတာ အပစ္ရပ္လုပ္လိုက္တဲ့အတြက္ စီးပြားေရးေတြ ျဖစ္ထြန္းၿပီးေတာ့ အရင္လက္နက္ကိုင္ အရင္းရွင္ေတြ ေပၚလာတယ္ဆိုတာ အဲဒါမ်ဳိးေပါ့။ တရားဝင္တယ္၊ မဝင္ဘူးဆိုတာေတာ့ ခဏေဘးဖယ္ထားေပါ့။ ေလာေလာဆယ္ အလုပ္ျဖစ္ဖို႔ပဲ အေရးႀကီးတာကို။

တရုတ္က ဒါေတြကို ေရႊကုကၠိဳလ္တည္တယ္။ … , ရြန္ရာၿမိဳ ႔ေတာ္ စီမံကိန္း စသည္ျဖင့္ ဒီ (၃) ခု ေသာင္းရင္းျမစ္နဲ႔ ျမဝတီနယ္ေျမမွာ ဒါေတြလုပ္တယ္ဆိုတာ သက္ဆုိင္ရာ ကရင္လက္နက္ကိုင္အဖြဲ႔အစည္းရဲ ႔ သေဘာတူညီခ်က္နဲ႔ လုပ္တာ။ အဲဒါကို အေမရိကန္က ဒါကို တရားမဝင္ဘူး။ လူဆိုးဂိုဏ္း ဘာဂိုဏ္း ေျပာေပမယ့္ သူ ကရင္ကို ဘာေထာက္ပံ့ႏုိုင္လဲ။ တရုတ္ေတြက ေထာက္ပံ့ႏိုင္လို႔ ကရင္က ဒါကိုလက္ခံထားတာေပါ့။

ေမး ။ ။ အဲဒီမွာ ေဒသဖြံ႔ၿဖိဳးေရးအတြက္ေကာ တကယ္အေထာက္အကူျပဳတယ္လို႔ ဆရာ ယူဆပါသလား။ တခ်ဳိ ႔ေဒသခံေတြကလဲ ေျပာၾကတယ္။ တရုတ္ေတြက အလုပ္သမားေတြကို ေအာက္ေျခသိမ္းအလုပ္သမားအစ သူတုိ႔ဆီက ေခၚလာၾကတယ္ဆိုၿပီးေတာ့။ တံျမက္စည္းလွဲတဲ့ လူေလာက္ပဲ ေဒသခံေတြ အလုပ္ရတယ္ဆိုၿပီးေတာ့ ေျပာၾကပါတယ္။ ဒီကိစၥေကာ လက္ခံႏိုင္ဖြယ္ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္ ေလ့လာမိသေလာက္ေတာ့ တရုတ္က အတတ္ပညာအဆင့္ျမင့္တယ္။ သူက လွ်ပ္စစ္ပိုင္းဆိုင္ရာေတြပါလုပ္ဖို႔ ဘာဖို႔ဆိုေတာ့၊ တရုတ္က မ်ားေသာအားျဖင့္က ဗမာထက္ အမ်ားႀကီးအဆင့္ျမင့္ေနတယ္။ စက္မႈဘက္မွာ၊ အတတ္ပညာဘက္မွာဆိုေတာ့ သူက သူ႔အလုပ္သမားနဲ႔သူလာတာေပါ့။ ဗမာကေတာ့ အလုပ္ၾကမ္းေလာက္ပဲ သံုးတာေပါ့။ ဆိုေတာ့ ေလာေလာဆယ္ကေတာ့ သူတုိ႔လာတည္တယ္ဆိုတာ၊ သူတို႔အက်ဳိးရိွဖို႔က အဓိကေပါ့။ ဗမာအက်ဳိးရိွတယ္၊ မရိွဘူးဆိုတာေတာ့ သူတိုိ႔လဲ သိပ္ၿပီးေတာ့ အာရံုထားမွာ မဟုတ္ဘူး။ ဗမာဘက္ကလဲ ကိုယ့္ဘက္က အက်ဳိးရိွေအာင္ ကိုယ္တတ္ႏိုင္သေလာက္ ယူေပါ့။ ဒါပဲရိွတယ္။ ကိုယ္မယူႏုိင္ရင္ေတာ့ ကိုယ္ရႈံးတာေပါ့။ ဆိုေတာ့ တရုတ္က ဟိုအရင္တုန္းက ကိုေက်ာ္ဇံသာတုိ႔ မွတ္မိပါလိမ့္မယ္။ တရုတ္ျဖဴေတြ ခ်န္ေကရိွတ္တပ္ေတြ ရွမ္းျပည္ထဲဝင္လာေတာ့ ၁၉၅၁ ေလာက္ကေန ဝင္လာေတာ့ သူတုိ႔မွာ ဘာမွေက်ာေထာက္ေနာက္ခံ ဘာရိွမလဲ။ ဘာမွမရိွဘူး။ သူတုိ႔ရဲ ႔ လက္နက္ကိုင္ေတာ္လွန္ေရး ကြန္ျမဴနစ္ဆန္႔က်င္ေရးကို ဘိန္းစိုက္ၿပီး အေထာက္အကူ လုပ္ခဲ့တယ္။ အဲဒီ ဘိန္းကုန္ကူးတဲ့အထဲမွာ ထိုင္းကတရုတ္ေတြနဲ႔ ဗမာကာကြယ္ေရးက ခြန္ဆာ၊ ေလာ္စစ္ဟန္တို႔ ပါလာၿပီး၊ ေနာက္ဆံုးပိတ္ၾကေတာ့ ဘိန္းခ်တဲ့အထဲမွာ ဗမာစစ္တပ္ပါ ပါလာတာေပါ့။

အဲဒီေတာ့ ဘိန္းကစလိုက္တာ တရုတ္က စလိုက္တာ။ အဲဒီက အစြယ္အပြားေတြက အခုထက္ထိ ဗမာျပည္မွာ က်န္ေနတံုးပဲ။ အခု စထားတယ္ဆိုတာ က်ေနာ္ျမင္တာေတာ့ သူ႔ေက်ာေထာက္ေနာက္ခံက ထိုင္းလို႔ျမင္တယ္။ ထိုင္းစီးပြားေရးကို တရုတ္က လက္ဝါးႀကီးအုပ္ထားတာ။ အဲဒီေတာ့ တရုတ္က ထိုင္းနဲ႔လုပ္တယ္ဆိုတာ။ အရင္တုန္းက ဘိန္းခ်တုန္းကလဲ ဒီလိုပဲ။ ေလာ္စစ္ဟန္ကို ထိုင္းမွာဖမ္းမိတာ၊ ခြန္ဆာကိုလည္း ထုိင္းမွာပဲ။ အကုန္လံုး ဘိန္းေမွာင္ခိုေတြအားလံုး ထိုင္းမွာ အေျခခံတယ္။ အဲဒီေတာ့ လူဆိုးဂိုဏ္းကို ထိုင္းက ဘယ္လိုပဲလုပ္လုပ္၊ သူ႔နည္းသူ႔ဟန္နဲ႔ လက္ခံထားတာပဲ။ တရုတ္မာဖီယာက ေဟာင္ေကာင္မွာရိွတယ္။ ထိုင္းမွာရိွတယ္။ ကရင္မွာ နယ္စပ္စီမံကိန္းေတြ လုပ္လြန္အားႀကီးလို႔ Karen Enterprises ဆိုၿပီးေတာ့ Australia ကေန ႏိုင္ဂါဂ်ီရာဆိုတဲ့လူက ကရင္ဗိုလ္ခ်ဳပ္နာဒါဘိုျမနဲ႔ ေပါင္းၿပီးေတာ့ ဒုကၡသည္စခန္းကို ၿမိဳ ႔တည္မယ္ဆိုၿပီးေတာ့ အႀကီးအက်ယ္လုပ္ၿပီးေတာ့ ေနာက္ဆံုးပိတ္မွာ ဒီလူက လူလိမ္မွန္းသိေတာ့ စကၤာပူမွာ တရားစြဲၾက၊ ဘာၾကနဲ႔ သူကိုေငြရင္းစိုက္ထုတ္တဲ့ အေမရိကန္ေတြ၊ ဂ်ပန္ေတြေတာင္ စကၤာပူမွာ တရားစြဲတဲ့အဆင့္ကို ေရာက္သြားၾကတယ္။

နယ္စပ္မွာ ဒီလိုစခန္းေတြေထာင္ၿပီးေတာ့ လုပ္လို႔ရိွရင္ နယ္စပ္ကလူေတြ ႀကီးပြားမယ္ဆိုၿပီးေတာ့ ဗိုလ္ခ်ဳပ္နာဒါဘုိျမတို႔ကေတာ့ ကရင္လူမ်ဳိးေကာင္းစားေရးအတြက္ဆိုၿပီးေတာ့ သူတို႔ကေတာ့ စိတ္ပါလက္ပါ လုပ္တာေပါ့။ ေနာက္ဆံုးပိတ္မွာ လူလိမ္မွန္းသိယ္။ တရုတ္ကလဲ ဒါမ်ဳိး မျဖစ္ႏို္င္ဘူးလို႔ မေျပာႏုိင္ဘူး။

ေမး ။ ။ ဒီနယ္စပ္ေတြမွာပဲ ဝ၊ မိုင္းလားေဒသေတြဟာ အပစ္ခတ္ရပ္စဲၿပီး တရုတ္နဲ႔ စီးပြားေရးလုပ္ၿပီးေတာ့ ႏွစ္အနည္းငယ္အတြင္းမွာပဲ တကယ္ဖြံ႔ၿဖိဳးတိုးတက္လာတဲ့ ေဒသေတြ ျဖစ္လာၿပီဆိုၿပီးေတာ့ တေလာက သတင္းစာဆရာေတြ၊ သတင္းသမားေတြ ေခၚၿပီးေတာ့ ျပခဲ့ပါတယ္။ ဆိုေတာ့ အဲဒီကိစၥကိုေတာ့ လူေတြက ေတာ္ေတာ္ေလး ခ်ီးက်ဴးၿပီး ေရးၾကပါတယ္။ က်ေနာ္ စဥ္းစားတာက ေရႊကုကိၠဳလ္အပါအဝင္ ဒီၿမိဳ ႔သစ္ေတြေကာ အဲဒီလို ျဖစ္မလာႏုိင္ဘူးလား။

ေျဖ ။ ။ ဒါကေတာ့ ေဒသခံကရင္အဖြဲ႔အစည္းေပၚ မူတည္ပါတယ္။ ကရင္လက္နက္ကိုင္အဖြဲ႔က အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ေနတာ သံုးေလးဖြဲ႔ ရိွေနတာ KNU, Peace Council, DKBA, BGF နယ္ျခားေစာင့္တပ္ ဆိုၿပီး ရိွၾကတယ္။ အမ်ဳိးမ်ဳိးရိွေနၾကေတာ့ တေနရာက ကရင္အဖြဲ႔တခုနဲ႔ သေဘာတူညီခ်က္ ယူတယ္ဆိုရင္ ေနာက္တေနရာမွာလဲ ေနာက္တဖြဲ႔နဲ႔ သေဘာတူညီခ်က္ ယူတာပဲ။ ဒီေနရာမွာ က်ေနာ္သြားၿပီးေတာ့ စဥ္းစားမိတာက ဒါေတြကို တရုတ္ကို အေျခခံၿပီးေတာ့ စီးပြားရွာဖို႔ ႀကံစည္းတဲ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြ ရိွသလို၊ ဖားပြန္ခရိုင္မွာ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ Salween Peace Park ဆိုၿပီးေတာ့ ရိွတယ္။ သူတုိ႔ေထာင္ထားတာ (၁) ႏွစ္ေလာက္ရိွၿပီ။ ဧက (၁) သန္းခြဲေလာက္ေနရာမွာ သူတုိ႔လုပ္ထားတာ ရြာေပါင္း (၃၀၀) ေက်ာ္ ရိွတယ္။ ေအာက္ေျခကေန လုပ္တဲ့ဟာကို။ ဆိုေတာ့ ၿငိမ္းခ်မ္းေရးမွာ ေအာက္ေျခအဖြဲ႔အစည္းမပါရင္ လုပ္လို႔မရဘူး။ အေပၚယံကြက္ၿပီးေတာ့ လုပ္လို႔မရဘူး။ ဒါေၾကာင့္ ေအာက္ေျခအဖြဲ႔အစည္းေတြနဲ႔ လုပ္တယ္ဆိုၿပီးေတာ့ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္ဆိုၿပီးေတာ့ လုပ္တယ္။ အဲဒါကို မၾကာခင္ကပဲ UNDP ကုလသမဂၢကေနၿပီးေတာ့ Equator Prize 2020 ဆိုၿပီး ခ်ီးျမင့္လိုက္ေသးတယ္။ ဒါကို အစိုးရက အခုထက္ထိ အသိအမွတ္မျပဳေသးဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဖားပြန္ခရိုင္မွာလဲ KNU နဲ႔ တိုက္ပြဲေတြ ျဖစ္ေနတာရိွတယ္။ ထိေတြ႔တိုက္ပြဲေလးေတြ၊ မၾကာခဏ ပစ္ၾကတယ္။ ဒါေတြကို complaint ေတြ ခဏခဏ တက္ေနၾကတယ္။

ေမး ။ ။ အခု ကရင္ျပည္နယ္က တရုတ္စီမံကိန္း ၿမိဳ ႔သစ္ေတြမွာလဲ အစိုးရရဲ ႔ ထိန္းခ်ဳပ္မႈ၊ တရားဥပေဒလက္ေအာက္မွာ သိပ္မရိွဘူး။ အစိုးရသေဘာတူ ခြင့္ျပဳထားတာနည္းနည္း သူတုိ႔ႀကိဳက္သလို လုပ္ေနတယ္ဆိုတဲ့ သေဘာမ်ဳိး ေတြ႔ရေတာ့ အစိုးရထိန္းခ်ဳပ္မႈက ဘယ္ေလာက္အေရးႀကီးသလဲ။ က်ေနာ္ စဥ္းစားမိတာက ဝ၊ မိုင္းလားတို႔မွာ အစိုးရထိန္းခ်ဳပ္မႈ လံုးဝမရိွဘူး ထင္ပါတယ္။ သူတုိုိ႔ေတြ တရုတ္နဲ႔ဆက္ၿပီး စီးပြားေရးလုပ္ေတာ့ အခုဖြံ႔ၿဖိဳးတိုးတက္လာတဲ့ ကိစၥမွာ။ ဝဆိုရင္ သူတို႔ဘာသာသီးျခား လုပ္ေနတယ္။ ဆိုေတာ့ ဒီေဒသေတြအေနနဲ႔လဲ အစိုးရထိန္းခ်ဳပ္မႈ မရိွဘဲနဲ႔ လုပ္ရင္ေကာ သူတုိ႔လို ဖြံ႔ၿဖိဳးမတိုးတက္လာႏုိင္ဘူးလား။ အစိုးရထိန္းခ်ဳပ္မႈက ဘယ္ေလာက္အေရးပါသလဲလို႔ ထင္ပါသလဲ။

ေျဖ ။ ။ အခု ကရင္နယ္စပ္က ၿမိဳ ႔ေတြမွာ တခ်ဳိ ႔ၿမိဳ ႔ေတြမွာ ဥပမာ ေရႊကုကိၠဳလ္ဆိုရင္ Investment Commission က အနည္းငယ္ ခြင့္ျပဳခ်က္ေပးထားတယ္။ ခြင့္ျပဳခ်က္ေပးထားတာနည္းနည္း သူတုိ႔လုပ္တာမ်ားမ်ား ဆုိၿပီးေတာ့ ဗဟိုအစိုးရႀကီးၾကပ္မႈကေတာ့ မရိွသေလာက္ပဲလို႔ က်ေနာ္ထင္တယ္။ ကရင္ကလဲ ေအာက္ေျခက တပ္မွဴးေတြက ေတာ္ေတာ္ေလးၾသဇာရိွပံုရတယ္။ နယ္စားပယ္စားေတြ ရိွေနေတာ့ ကိုယ္ပိုင္တဲ့နယ္မွာ ကိုယ္ခြင့္ျပဳတဲ့သေဘာ ရိွတာေပါ့။

ေမး ။ ။ ဆိုေတာ့ ဝ၊ မုိင္းလားတို႔လဲ အဲဒီလိုပဲ လုပ္ခဲ့ၾကတာ။ အစိုးရထိန္းခ်ဳပ္မႈနဲ႔ ကင္းကြာၿပီးေတာ့ သူတုိ႔လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ သူတို႔က ဖြံ႔ၿဖိဳးတိုးတက္လာတယ္ဆိုၿပီးေတာ့ လူေတြက အသိအမွတ္ျပဳၾကတယ္။ ဒီေဒသမွာေကာ အဲဒီလို ျဖစ္မလာႏုိင္ဘူးလား။ အစိုးရလက္ေအာက္ကို မေရာက္သည့္တုိင္းေအာင္။

ေျဖ ။ ။ ဝကေတာ့ က်ေနာ္ျမင္တာက ဝမွာက စည္းလံုးညီညႊတ္တယ္။ သူရိွတဲ့လူနဲ႔ သူက ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ ယူၿပီးေတာ့ အေပၚစီးနဲ႔ သူက အကုန္လံုးလုပ္တယ္။ ကရင္မွာ ဒီလို မျဖစ္ဘူးလို႔ က်ေနာ္ထင္တယ္။ ကရင္မွာ ဗဟိုခ်ဳပ္ကိုင္မႈက အားနည္းတယ္။ ကရင္မွာ ေအာက္ေျခကေန အဖြဲ႔အစည္းအမ်ဳိးမ်ဳိး ကြဲေနတာမ်ားတယ္။ အဲဒါ ဘယ္ေလာက္ထိေအာင္ ေရရွည္ခံမယ္ဆိုတာေတာင္ မေျပာႏုိင္ဘူး။ အကယ္၍ ဒါေတြျပတ္ၿပီဆိုရင္ေတာ့ အေဆာက္အဥိီးေတြ ဘာေတြအကုန္လံုး စစ္ေျမျပင္ ျဖစ္သြားရင္ေတာ့ မတတ္ႏုိင္ဘူးေပါ့။

ေမး ။ ။ ေနာက္ဆံုးတခု ေမးခ်င္တာက ဒီစီမံကိန္းကို ပထမဦးဆံုး ေထာက္ျပေဝဖန္တာ အေမရိကန္သုေတသန Think-Tank အဖြဲ႔တခုက ျဖစ္ပါတယ္။ အဲဒီ Tink-Tank မွာ စာတမ္းျပဳစုခဲ့တဲ့ ပုဂၢိဳလ္တေယာက္ကို က်ေနာ္ ဆက္သြယ္ေမးျမန္းေတာ့ သူက ဒီစီမံကိန္းႀကီးဟာ တရုတ္လုပ္တာမို႔လို႔ သူတို႔ေဝဖန္တာ မဟုတ္ဘူး။ တရုတ္က တရားသျဖင့္ စီးပြားေရးဖြံ႔ၿဖိဳးေအာင္လုပ္ရင္ သူတုိ႔ဘာမွ ေျပာစရာမရိွဘူးဆိုၿပီးေတာ့ ဆိုပါတယ္။ ဆိုေတာ့ တခ်ဳိ ႔က စဥ္းစားၾကတာက အေမရိကန္ေတြက တရုတ္ေတြလုပ္တာမို႔လို႔ သူတုိ႔ေဝဖန္ေနျခင္းျဖစ္တယ္။ ႏို္င္ငံေရးအားျဖင့္ ျမန္မာႏုိင္ငံမွာ တရုတ္ဝင္စြက္ဖက္တာကို သူတုိ႔ မလိုခ်င္လို႔ဆုိၿပီး ေျပာၾကပါတယ္။ အဲဒါ ဘယ္ေလာက္ ျဖစ္ႏိုင္မယ္ ထင္ပါသလဲ။

ေျဖ ။ ။ သူတို႔ကေတာ့ သူတုိ႔အျမင္ေပါ့။ ဘာပဲေျပာေျပာ လက္ေတြ႔မွာ လက္နက္ကိုင္အဖြဲ႔အစည္းဆိုတာ သူတုိ႔မွာ Ideology မရိွဘူး။ သူတို႔က လက္ေတြ႔စားရမယ့္ကိစၥကို လုပ္ၾကတယ္။ သူတို႔ေတြက Realists ေတြ။ သူတို႔အေနနဲ႔ တရားဝင္တာ၊ မဝင္တာ ဂရုမစိုက္ဘူး။ လက္ေတြ႔ဘာအက်ဳိးအျမတ္ ရိွမလဲဆိုတာကိုပဲ ၾကည့္ၿပီးလုပ္တာ။ အဲဒီေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းတိုင္းကေတာ့ ဒီလိုပဲ Realists ေတြ Idealists ေတြ မဟုတ္ဘူး။ အဲဒီေတာ့ Idealist ကေန ဒါကို မွန္တယ္၊ မွားတယ္ဆိုၿပီးေတာ့ သြားဆံုးျဖတ္လို႔ မရဘူး။ သူတုိ႔ဟာ သူုတုိ႔ရဲ ႔ ေဒသမွာ သူတို႔လက္နက္ကိုင္အဖြဲ႔အစည္းအတြက္ ဘာအက်ဳိးရိွမလဲ၊ အက်ဳိးရိွတာကို လုပ္တာပဲ။

===Unicode==

ကရင်ပြည်နယ်မှာ တရုတ်တို့တည်ဆောက်နေတဲ့ စီးပွါးရေးမြို့သစ်တွေကြောင့် ဒေသဖွံ့ဖြိုးရေးဖြစ်ထွန်းမယ့် အလားအလာဟာ ဒေသတွင်းအဏာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် မူတည်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာအောင်ခင်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် ကရင်ပြည်နယ်မှာ တရုတ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေလာပြီး လုပ်ဖို့ဆိုပြီးတော့ မြို့သစ်တွေ တည်ကြပါတယ်။ ဒီကိစ္စကို သွားရောက်လေ့လာ သုတေသနပြုတဲ့ အမေရိကန်ကအဖွဲ့တဖွဲ့က ဒီကိစ္စဟာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတယ်။ နောက်ပြီးတော့ တရုတ်ရာဇဝတ်ဂိုဏ်းကြီးတွေက ဦးဆောင်ပြီးတော့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တယ်ဆိုပြီးတော့ ဝေဖန်ရေးသားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို ပထမဦးဆုံး မှတ်ချက်ချပြောချင်ပါလဲ။

ဖြေ ။ ။ နယ်စပ်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းကို ပြောရမယ်ဆိုရင် လူဆိုးဂိုဏ်းပေါ့။ သူများလုပ်ရင်တော့ လူဆိုးဂိုဏ်းပေါ့။ Organized activity, organized crime လုပ်နေကြတာ နယ်စပ်တွေမှာသာ လုပ်လေ့ရှိကြ များကြတယ်။ မြန်မာ-တရုတ် နယ်စပ်မှာလည်း ဒါတွေအများကြီးရှိတယ်။ မိုင်းလားဘက်က အထင်ရှာဆုံးပေါ့။ အခုလဲ တရုတ်က ထိုင်း-မြန်မာ နယ်စပ်မှာ ဒီဟာလုပ်တယ်ဆိုတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ သဘောတူညီချက်ယူပြီးတော့ လုပ်တဲ့ကိစ္စပေါ့။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းကလည်း သူ့ရန်ပုံငွေ ရှာရတဲ့သဘောပေါ့။ တရုတ်ကလည်း စီးပွားရှာတဲ့သဘောပေါ့။ အဲဒီတော့ ဗမာစစ်တပ်ကလည်း စီးပွားရှာတာတေ့ အပစ်အခတ်ရပ်စဲတယ်ဆိုတော့ ခင်များတို့လဲ ကြားမှာပေါ့ အပစ်ရပ်အရင်းရှင် Ceasefire Capitalism ဆိုတာ အပစ်ရပ်လုပ်လိုက်တဲ့အတွက် စီးပွားရေးတွေ ဖြစ်ထွန်းပြီးတော့ အရင်လက်နက်ကိုင် အရင်းရှင်တွေ ပေါ်လာတယ်ဆိုတာ အဲဒါမျိုးပေါ့။ တရားဝင်တယ်၊ မဝင်ဘူးဆိုတာတော့ ခဏဘေးဖယ်ထားပေါ့။ လောလောဆယ် အလုပ်ဖြစ်ဖို့ပဲ အရေးကြီးတာကို။


တရုတ်က ဒါတွေကို ရွှေကုက္ကိုလ်တည်တယ်။ … , ရွန်ရာမြို့တော် စီမံကိန်း စသည်ဖြင့် ဒီ (၃) ခု သောင်းရင်းမြစ်နဲ့ မြဝတီနယ်မြေမှာ ဒါတွေလုပ်တယ်ဆိုတာ သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ သဘောတူညီချက်နဲ့ လုပ်တာ။ အဲဒါကို အမေရိကန်က ဒါကို တရားမဝင်ဘူး။ လူဆိုးဂိုဏ်း ဘာဂိုဏ်း ပြောပေမယ့် သူ ကရင်ကို ဘာထောက်ပံ့နိုင်လဲ။ တရုတ်တွေက ထောက်ပံ့နိုင်လို့ ကရင်က ဒါကိုလက်ခံထားတာပေါ့။

မေး ။ ။ အဲဒီမှာ ဒေသဖွံ့ဖြိုးရေးအတွက်ကော တကယ်အထောက်အကူပြုတယ်လို့ ဆရာ ယူဆပါသလား။ တချို့ဒေသခံတွေကလဲ ပြောကြတယ်။ တရုတ်တွေက အလုပ်သမားတွေကို အောက်ခြေသိမ်းအလုပ်သမားအစ သူတို့ဆီက ခေါ်လာကြတယ်ဆိုပြီးတော့။ တံမြက်စည်းလှဲတဲ့ လူလောက်ပဲ ဒေသခံတွေ အလုပ်ရတယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒီကိစ္စကော လက်ခံနိုင်ဖွယ် ရှိပါသလား။

ဖြေ ။ ။ ကျနော် လေ့လာမိသလောက်တော့ တရုတ်က အတတ်ပညာအဆင့်မြင့်တယ်။ သူက လျှပ်စစ်ပိုင်းဆိုင်ရာတွေပါလုပ်ဖို့ ဘာဖို့ဆိုတော့၊ တရုတ်က များသောအားဖြင့်က ဗမာထက် အများကြီးအဆင့်မြင့်နေတယ်။ စက်မှုဘက်မှာ၊ အတတ်ပညာဘက်မှာဆိုတော့ သူက သူ့အလုပ်သမားနဲ့သူလာတာပေါ့။ ဗမာကတော့ အလုပ်ကြမ်းလောက်ပဲ သုံးတာပေါ့။ ဆိုတော့ လောလောဆယ်ကတော့ သူတို့လာတည်တယ်ဆိုတာ၊ သူတို့အကျိုးရှိဖို့က အဓိကပေါ့။ ဗမာအကျိုးရှိတယ်၊ မရှိဘူးဆိုတာတော့ သူတို့လဲ သိပ်ပြီးတော့ အာရုံထားမှာ မဟုတ်ဘူး။ ဗမာဘက်ကလဲ ကိုယ့်ဘက်က အကျိုးရှိအောင် ကိုယ်တတ်နိုင်သလောက် ယူပေါ့။ ဒါပဲရှိတယ်။ ကိုယ်မယူနိုင်ရင်တော့ ကိုယ်ရှုံးတာပေါ့။ ဆိုတော့ တရုတ်က ဟိုအရင်တုန်းက ကိုကျော်ဇံသာတို့ မှတ်မိပါလိမ့်မယ်။ တရုတ်ဖြူတွေ ချန်ကေရှိတ်တပ်တွေ ရှမ်းပြည်ထဲဝင်လာတော့ ၁၉၅၁ လောက်ကနေ ဝင်လာတော့ သူတို့မှာ ဘာမှကျောထောက်နောက်ခံ ဘာရှိမလဲ။ ဘာမှမရှိဘူး။ သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေး ကွန်မြူနစ်ဆန့်ကျင်ရေးကို ဘိန်းစိုက်ပြီး အထောက်အကူ လုပ်ခဲ့တယ်။ အဲဒီ ဘိန်းကုန်ကူးတဲ့အထဲမှာ ထိုင်းကတရုတ်တွေနဲ့ ဗမာကာကွယ်ရေးက ခွန်ဆာ၊ လော်စစ်ဟန်တို့ ပါလာပြီး၊ နောက်ဆုံးပိတ်ကြတော့ ဘိန်းချတဲ့အထဲမှာ ဗမာစစ်တပ်ပါ ပါလာတာပေါ့။

အဲဒီတော့ ဘိန်းကစလိုက်တာ တရုတ်က စလိုက်တာ။ အဲဒီက အစွယ်အပွားတွေက အခုထက်ထိ ဗမာပြည်မှာ ကျန်နေတုံးပဲ။ အခု စထားတယ်ဆိုတာ ကျနော်မြင်တာတော့ သူ့ကျောထောက်နောက်ခံက ထိုင်းလို့မြင်တယ်။ ထိုင်းစီးပွားရေးကို တရုတ်က လက်ဝါးကြီးအုပ်ထားတာ။ အဲဒီတော့ တရုတ်က ထိုင်းနဲ့လုပ်တယ်ဆိုတာ။ အရင်တုန်းက ဘိန်းချတုန်းကလဲ ဒီလိုပဲ။ လော်စစ်ဟန်ကို ထိုင်းမှာဖမ်းမိတာ၊ ခွန်ဆာကိုလည်း ထိုင်းမှာပဲ။ အကုန်လုံး ဘိန်းမှောင်ခိုတွေအားလုံး ထိုင်းမှာ အခြေခံတယ်။ အဲဒီတော့ လူဆိုးဂိုဏ်းကို ထိုင်းက ဘယ်လိုပဲလုပ်လုပ်၊ သူ့နည်းသူ့ဟန်နဲ့ လက်ခံထားတာပဲ။ တရုတ်မာဖီယာက ဟောင်ကောင်မှာရှိတယ်။ ထိုင်းမှာရှိတယ်။ ကရင်မှာ နယ်စပ်စီမံကိန်းတွေ လုပ်လွန်အားကြီးလို့ Karen Enterprises ဆိုပြီးတော့ Australia ကနေ နိုင်ဂါဂျီရာဆိုတဲ့လူက ကရင်ဗိုလ်ချုပ်နာဒါဘိုမြနဲ့ ပေါင်းပြီးတော့ ဒုက္ခသည်စခန်းကို မြို့တည်မယ်ဆိုပြီးတော့ အကြီးအကျယ်လုပ်ပြီးတော့ နောက်ဆုံးပိတ်မှာ ဒီလူက လူလိမ်မှန်းသိတော့ စင်္ကာပူမှာ တရားစွဲကြ၊ ဘာကြနဲ့ သူကိုငွေရင်းစိုက်ထုတ်တဲ့ အမေရိကန်တွေ၊ ဂျပန်တွေတောင် စင်္ကာပူမှာ တရားစွဲတဲ့အဆင့်ကို ရောက်သွားကြတယ်။

နယ်စပ်မှာ ဒီလိုစခန်းတွေထောင်ပြီးတော့ လုပ်လို့ရှိရင် နယ်စပ်ကလူတွေ ကြီးပွားမယ်ဆိုပြီးတော့ ဗိုလ်ချုပ်နာဒါဘိုမြတို့ကတော့ ကရင်လူမျိုးကောင်းစားရေးအတွက်ဆိုပြီးတော့ သူတို့ကတော့ စိတ်ပါလက်ပါ လုပ်တာပေါ့။ နောက်ဆုံးပိတ်မှာ လူလိမ်မှန်းသိယ်။ တရုတ်ကလဲ ဒါမျိုး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။

မေး ။ ။ ဒီနယ်စပ်တွေမှာပဲ ဝ၊ မိုင်းလားဒေသတွေဟာ အပစ်ခတ်ရပ်စဲပြီး တရုတ်နဲ့ စီးပွားရေးလုပ်ပြီးတော့ နှစ်အနည်းငယ်အတွင်းမှာပဲ တကယ်ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒေသတွေ ဖြစ်လာပြီဆိုပြီးတော့ တလောက သတင်းစာဆရာတွေ၊ သတင်းသမားတွေ ခေါ်ပြီးတော့ ပြခဲ့ပါတယ်။ ဆိုတော့ အဲဒီကိစ္စကိုတော့ လူတွေက တော်တော်လေး ချီးကျူးပြီး ရေးကြပါတယ်။ ကျနော် စဉ်းစားတာက ရွှေကုက္ကိုလ်အပါအဝင် ဒီမြို့သစ်တွေကော အဲဒီလို ဖြစ်မလာနိုင်ဘူးလား။

ဖြေ ။ ။ ဒါကတော့ ဒေသခံကရင်အဖွဲ့အစည်းပေါ် မူတည်ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်နေတာ သုံးလေးဖွဲ့ ရှိနေတာ KNU, Peace Council, DKBA, BGF နယ်ခြားစောင့်တပ် ဆိုပြီး ရှိကြတယ်။ အမျိုးမျိုးရှိနေကြတော့ တနေရာက ကရင်အဖွဲ့တခုနဲ့ သဘောတူညီချက် ယူတယ်ဆိုရင် နောက်တနေရာမှာလဲ နောက်တဖွဲ့နဲ့ သဘောတူညီချက် ယူတာပဲ။ ဒီနေရာမှာ ကျနော်သွားပြီးတော့ စဉ်းစားမိတာက ဒါတွေကို တရုတ်ကို အခြေခံပြီးတော့ စီးပွားရှာဖို့ ကြံစည်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိသလို၊ ဖားပွန်ခရိုင်မှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် Salween Peace Park ဆိုပြီးတော့ ရှိတယ်။ သူတို့ထောင်ထားတာ (၁) နှစ်လောက်ရှိပြီ။ ဧက (၁) သန်းခွဲလောက်နေရာမှာ သူတို့လုပ်ထားတာ ရွာပေါင်း (၃၀၀) ကျော် ရှိတယ်။ အောက်ခြေကနေ လုပ်တဲ့ဟာကို။ ဆိုတော့ ငြိမ်းချမ်းရေးမှာ အောက်ခြေအဖွဲ့အစည်းမပါရင် လုပ်လို့မရဘူး။ အပေါ်ယံကွက်ပြီးတော့ လုပ်လို့မရဘူး။ ဒါကြောင့် အောက်ခြေအဖွဲ့အစည်းတွေနဲ့ လုပ်တယ်ဆိုပြီးတော့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဆိုပြီးတော့ လုပ်တယ်။ အဲဒါကို မကြာခင်ကပဲ UNDP ကုလသမဂ္ဂကနေပြီးတော့ Equator Prize 2020 ဆိုပြီး ချီးမြင့်လိုက်သေးတယ်။ ဒါကို အစိုးရက အခုထက်ထိ အသိအမှတ်မပြုသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖားပွန်ခရိုင်မှာလဲ KNU နဲ့ တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။ ထိတွေ့တိုက်ပွဲလေးတွေ၊ မကြာခဏ ပစ်ကြတယ်။ ဒါတွေကို complaint တွေ ခဏခဏ တက်နေကြတယ်။

မေး ။ ။ အခု ကရင်ပြည်နယ်က တရုတ်စီမံကိန်း မြို့သစ်တွေမှာလဲ အစိုးရရဲ့ ထိန်းချုပ်မှု၊ တရားဥပဒေလက်အောက်မှာ သိပ်မရှိဘူး။ အစိုးရသဘောတူ ခွင့်ပြုထားတာနည်းနည်း သူတို့ကြိုက်သလို လုပ်နေတယ်ဆိုတဲ့ သဘောမျိုး တွေ့ရတော့ အစိုးရထိန်းချုပ်မှုက ဘယ်လောက်အရေးကြီးသလဲ။ ကျနော် စဉ်းစားမိတာက ဝ၊ မိုင်းလားတို့မှာ အစိုးရထိန်းချုပ်မှု လုံးဝမရှိဘူး ထင်ပါတယ်။ သူတိို့တွေ တရုတ်နဲ့ဆက်ပြီး စီးပွားရေးလုပ်တော့ အခုဖွံ့ဖြိုးတိုးတက်လာတဲ့ ကိစ္စမှာ။ ဝဆိုရင် သူတို့ဘာသာသီးခြား လုပ်နေတယ်။ ဆိုတော့ ဒီဒေသတွေအနေနဲ့လဲ အစိုးရထိန်းချုပ်မှု မရှိဘဲနဲ့ လုပ်ရင်ကော သူတို့လို ဖွံ့ဖြိုးမတိုးတက်လာနိုင်ဘူးလား။ အစိုးရထိန်းချုပ်မှုက ဘယ်လောက်အရေးပါသလဲလို့ ထင်ပါသလဲ။

ဖြေ ။ ။ အခု ကရင်နယ်စပ်က မြို့တွေမှာ တချို့မြို့တွေမှာ ဥပမာ ရွှေကုက္ကိုလ်ဆိုရင် Investment Commission က အနည်းငယ် ခွင့်ပြုချက်ပေးထားတယ်။ ခွင့်ပြုချက်ပေးထားတာနည်းနည်း သူတို့လုပ်တာများများ ဆိုပြီးတော့ ဗဟိုအစိုးရကြီးကြပ်မှုကတော့ မရှိသလောက်ပဲလို့ ကျနော်ထင်တယ်။ ကရင်ကလဲ အောက်ခြေက တပ်မှူးတွေက တော်တော်လေးသြဇာရှိပုံရတယ်။ နယ်စားပယ်စားတွေ ရှိနေတော့ ကိုယ်ပိုင်တဲ့နယ်မှာ ကိုယ်ခွင့်ပြုတဲ့သဘော ရှိတာပေါ့။

မေး ။ ။ ဆိုတော့ ဝ၊ မိုင်းလားတို့လဲ အဲဒီလိုပဲ လုပ်ခဲ့ကြတာ။ အစိုးရထိန်းချုပ်မှုနဲ့ ကင်းကွာပြီးတော့ သူတို့လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုပြီးတော့ လူတွေက အသိအမှတ်ပြုကြတယ်။ ဒီဒေသမှာကော အဲဒီလို ဖြစ်မလာနိုင်ဘူးလား။ အစိုးရလက်အောက်ကို မရောက်သည့်တိုင်းအောင်။

ဖြေ ။ ။ ဝကတော့ ကျနော်မြင်တာက ဝမှာက စည်းလုံးညီညွှတ်တယ်။ သူရှိတဲ့လူနဲ့ သူက ဗဟိုချုပ်ကိုင်မှုနဲ့ ယူပြီးတော့ အပေါ်စီးနဲ့ သူက အကုန်လုံးလုပ်တယ်။ ကရင်မှာ ဒီလို မဖြစ်ဘူးလို့ ကျနော်ထင်တယ်။ ကရင်မှာ ဗဟိုချုပ်ကိုင်မှုက အားနည်းတယ်။ ကရင်မှာ အောက်ခြေကနေ အဖွဲ့အစည်းအမျိုးမျိုး ကွဲနေတာများတယ်။ အဲဒါ ဘယ်လောက်ထိအောင် ရေရှည်ခံမယ်ဆိုတာတောင် မပြောနိုင်ဘူး။ အကယ်၍ ဒါတွေပြတ်ပြီဆိုရင်တော့ အဆောက်အဦးတွေ ဘာတွေအကုန်လုံး စစ်မြေပြင် ဖြစ်သွားရင်တော့ မတတ်နိုင်ဘူးပေါ့။

မေး ။ ။ နောက်ဆုံးတခု မေးချင်တာက ဒီစီမံကိန်းကို ပထမဦးဆုံး ထောက်ပြဝေဖန်တာ အမေရိကန်သုတေသန Think-Tank အဖွဲ့တခုက ဖြစ်ပါတယ်။ အဲဒီ Tink-Tank မှာ စာတမ်းပြုစုခဲ့တဲ့ ပုဂ္ဂိုလ်တယောက်ကို ကျနော် ဆက်သွယ်မေးမြန်းတော့ သူက ဒီစီမံကိန်းကြီးဟာ တရုတ်လုပ်တာမို့လို့ သူတို့ဝေဖန်တာ မဟုတ်ဘူး။ တရုတ်က တရားသဖြင့် စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ရင် သူတို့ဘာမှ ပြောစရာမရှိဘူးဆိုပြီးတော့ ဆိုပါတယ်။ ဆိုတော့ တချို့က စဉ်းစားကြတာက အမေရိကန်တွေက တရုတ်တွေလုပ်တာမို့လို့ သူတို့ဝေဖန်နေခြင်းဖြစ်တယ်။ နိုင်ငံရေးအားဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဝင်စွက်ဖက်တာကို သူတို့ မလိုချင်လို့ဆိုပြီး ပြောကြပါတယ်။ အဲဒါ ဘယ်လောက် ဖြစ်နိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ သူတို့ကတော့ သူတို့အမြင်ပေါ့။ ဘာပဲပြောပြော လက်တွေ့မှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ သူတို့မှာ Ideology မရှိဘူး။ သူတို့က လက်တွေ့စားရမယ့်ကိစ္စကို လုပ်ကြတယ်။ သူတို့တွေက Realists တွေ။ သူတို့အနေနဲ့ တရားဝင်တာ၊ မဝင်တာ ဂရုမစိုက်ဘူး။ လက်တွေ့ဘာအကျိုးအမြတ် ရှိမလဲဆိုတာကိုပဲ ကြည့်ပြီးလုပ်တာ။ အဲဒီတော့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကတော့ ဒီလိုပဲ Realists တွေ Idealists တွေ မဟုတ်ဘူး။ အဲဒီတော့ Idealist ကနေ ဒါကို မှန်တယ်၊ မှားတယ်ဆိုပြီးတော့ သွားဆုံးဖြတ်လို့ မရဘူး။ သူတို့ဟာ သူုတို့ရဲ့ ဒေသမှာ သူတို့လက်နက်ကိုင်အဖွဲ့အစည်းအတွက် ဘာအကျိုးရှိမလဲ၊ အကျိုးရှိတာကို လုပ်တာပဲ။

XS
SM
MD
LG