သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုဆက်သွယ်ရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရ ပြင်ဆင်


ဂြိုဟ်တုဆက်သွယ်ရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရ ပြင်ဆင်
ဂြိုဟ်တုဆက်သွယ်ရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရ ပြင်ဆင်

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်ရေး ကြိုးပမ်းဖို့အတွက် ဗဟိုကော်မတီနဲ့ လုပ်ငန်းအဖွဲ့တို့ကို မြန်မာအာဏာပိုင်တွေက ဖွဲ့စည်းလိုက်ပါတယ်။ ၅ ဦးပါ ဗဟိုကော်မတီကိုတော့ ပို့ဆောင်ရေးနဲ့ စာတိုက်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းထွန်းက ဦးဆောင်မှာဖြစ်ပြီး ၇ ဦးပါ လုပ်ငန်းအဖွဲ့ကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူးလည်းဖြစ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ကျော်ညွန့်က ဦးဆောင်မှာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဒီ မြန်မာအစိုးရပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ မြန်မာအစိုးရကြား ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက နေပြည်တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ နားလည်မှု စာချွန်လွှာ လက်မှတ်မရေးထိုးခင် ထိုင်းဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီ Thaicom ပုဂ္ဂလိက ကုမ္ပဏီနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဆက်သွယ်ရေးဂြိုဟ်တု ဝန်ဆောင်မှုနဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေကို ၃ ရက်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်ရေး ဗဟိုကော်မတီ အနေနဲ့ အစိုးရပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်ရေး ကိစ္စတွေ၊ ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေးနဲ့ဆိုင်တဲ့ နားလည်မှု စာချွန်လွှာတွေ အတည်ပြုပေးရေးနဲ့ အာကာသ နည်းပညာများ ရရှိရေးဆိုင်ရာ လုပ်ငန်းတွေ ဦးဆောင် လုပ်ကိုင်ပေးသွားဖို့တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံပြီးရင် Thaicom ပုဂ္ဂလိက ကုမ္ပဏီရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို လက်ခံရယူမယ့် ဒုတိယနိုင်ငံ ဖြစ်ပါတယ်။

Myanmar International TV (MITV) နိုင်ငံတကာ ပရိသတ်တွေအတွက် သတင်းနဲ့ မှတ်တမ်းရုပ်ရှင်တွေပါတဲ့ နိုင်ငံတကာ ရုပ်မြင်သံကြား အစီအစဉ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ ၂၀၁၀ ခုနှစ် မတ်လ ၃၁ နေ့မှာ စပြီး ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် မြန်မာအစိုးရက ထုတ်လွှင့် ပြသနေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG