သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်သွားမည်


၂၀၁၆ တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီးစဉ်
၂၀၁၆ တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီးစဉ်

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်နိုင်ငံကို ၆ ရက်ကြာ ခရီးသွားရောက် ဖို့ရှိတယ်လို့ ဂျပန်အစိုးရသတင်းတွေကို ကိုးကားပြီး Japan Today သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အောက်တိုဘာလ ၅ ရက် သောကြာနေ့မှာ သူ့ရဲ့ ဂျပန်နိုင်ငံ ၆ ရက်ကြာ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပြီး တိုကျိုမှာ အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပမယ့် ဆယ်ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေး ကို တက်ရောက်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံ Fukushima ဒေသက လယ်ယာလုပ်ငန်းခွင်ကိုပါ သွားရောက်ကြည့်ရှုဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူလယ်သမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ဒါကို ဂျပန်အစိုးရက ဖွံ့ဖြိုးရေးပုံစံသစ်ကို သုံးပြီး ဖြေရှင်းနေတာပါ။ မြန်မာ့ ကျေးလက်ဒေသတွေမှာလည်း လယ်ယာလုပ်ကိုင်သူ အတော်ရှားပါးတဲ့ ပြဿနာနဲ့ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ အခုလို အောင်မြင်တဲ့ ဖြေရှင်းမှုကို ကိုယ်တိုင်လေ့လာလိုတဲ့ ဆန္ဒရှိနေပုံရ တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်တက်လာခဲ့ပြီး နောက်ပိုင်း ၂၀၁၆ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ၅ ရက်ကြာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမိတ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီ်ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ် Akihito အပါအဝင်၊ ဂျပန်ဝန်ကြီးချုပ်နဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ၊ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG