သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်သက်သာခွင့် မပါဝင်ဘဲ ၂၀၁၈ အခွန်ဥပဒေသစ် လွှတ်တော်အတည်ပြု


မြန်မာနိုင်ငံမှာ ဒီနှစ်အတွက် အခွန်ဥပဒေသစ်ကို အခွန်သက်သာခွင့် ပြင်ဆင်ချက်တွေ မပါတော့ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက အခွန်သက်သာခွင့်ပေးဖို့ မကြာသေးခင်ကပဲ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ လွှတ်တော်က အခွန်လျှော့ပေါ့ရေး အစီအစဉ်တွေ မပါဘဲ ၂၀၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေကို အတည်ပြုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးပါလိမ့်မယ်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းမှာ ကန့်သတ်ချက်နဲ့ အခွန်လျှော့ချ ကောက်ခံဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုပြုချက်တွေကို ချန်လှပ်ပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့ လိုအပ်တဲံ အပိုဒ်၊ အပိုင်ဒ်ခွဲများမှအပ မူလအဆိုပြုချက်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့တဲ့ သဘောထား မှတ်ချက်တွေ အတိုင်းသာ အတည်ပြုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်မှာ ကြေညာခဲ့တာပါ။

"နာယကကြီးခင်ဗျ ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလတင်ပြခဲ့တဲ့ အန်း(၇)ရဲ့နောက်မှာ ကန့်သန်ချက်ဖြင့် အခွန် သက်သာခွင့်ပြုရေး၊အခန်း (၈)ဖြင့် အသစ်ဖြည့်စွက်ဖို့ ဖြစ်ပါတယ်။အားလုံးနဲ့ ညှိနှိုင်းပြင်ဆင်ချက်များအရ အသစ်ထပ်မံ ဖြည့်စွက်ချက်ကို ဖြည့်စွက်ရာ မသင့်ပါဖူး။ဒါကြောင့်မို့လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလတင်ပြခဲ့တဲ့ ထပ်မံအသစ်ဖြည့်စွက်ဖို့ အခန်းကို ပယ်ဖျက်အတည်ပြူပေးနိုင်ရန် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျှာ။"

အစောပိုင်း အဆိုပြုချက်မှာတော့ ဝင်ငွေရလမ်းတခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့တာ ဒါမှမဟုတ် လျှော့နည်းပေးခဲ့တာတွေ ရှိခဲ့ရင် တင်ပြပေးဆောင်ဖို့နဲ့ ဒီလိုဝင်ငွေတွေအပေါ် အခွန် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ပြင်ဆင်ချက်တွေကို ထည့်သွင်းဖို့ ထည့်သွင်းထားတာပါ။ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်း ကတော့ အခွန်သက်သာခွင့်မပါတဲ့ ဥပဒေကြောင့် စီးပွားရေးမှာ ထူးထူးခြားခြား တွန်းအားတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒါကတော့ မပြောင်းလဲဘူးပေါ့ အိမ်ခြံမြေတို့ကတော့ အရောင်းအဝယ်ပြန်ဖြစ်ဖို့နည်းနည်းခက်တာပေါ့ ကားတွေလည်း အဲလိုပဲပေါ့။ ကျနော်တို့က အခွန်ကျရင် လူတွေ များများသုံးစွဲနိုင်တာပေါ့ ။ အခုကတော့ အရောင်းအဝယ်များများမကောင်းလာနိုင်ဘူး ငွေကြေးစီးဆင်းမှုတွေလည်းပြောင်းလဲမှုမရှိနိုင်ဘူး ။ ကျနော်တို့က တခြားနည်းလမ်းတွေကိုလည်း စဉ်းစားဖို့ အစိုးရကို တိုက်တွန်းချင်တာပေါ့နော် ။ အခွန်မလျော့ပဲနဲ့ တခြားစီးပွားရေးပြန်ကောင်းအောင် ဘာလုပ်မလဲပေါ့နော်။”

စီးပွာေးရး ဖွံ့ဖြိုးမှုတွေ အားကောင်းလာစေဖို့ အခွန်သက်သာခွင့်ပေးဖို့ အရေးကြီးတဲ့အကြောင်း မကြာသေးခင်ကပဲ လုပ်ငန်းရှင်တွေရဲ့ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့သလို၊ စီးပွားရေးကို ထိခိုက်နိုင်တယ်ဆိုပြီးတော့တောင် ပြောဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခွန်လျှော့ကောက်မယ့် အစီအစဉ်ဟာ အာဏာပိုင်တွေနဲ့ နီးစပ်ပြီး ချမ်းသာကြွယ်ဝလာသူတွေသာ အကျိုးများမယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ စီးပွားရေးပညာရှင် ဦးမင်းခင် ကတော့ လက်ရှိအခွန်ဥပဒေဟာ တိုင်းပြည်ရဲ့ ရေရှည် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“လောလောဆယ်၂၀၁၈ဥပဒေကြမ်းမှာ ဒီပြဌာန်းလိုက်တဲ့ ဥပဒေမှာ မပါတာက တချို့လုပ်ငန်းတွေကိုတော့ထိခိုက်မယ်။ အရင်ကကျနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်တွေ ကျနေမယ်။ ဘာကြောင့်ကျသလဲဆိုတော့ ကျနော်တု့ိမှာ တကယ်တမ်း အိမ်ခြံမြေဆိုပါတော့နော် သုံးစွဲသူ စားသုံးသူ ဝယ်နိုင်တဲ့ဈေးနှုန်း၊ ဝယ်တဲ့ ဈေးကွက် မဟုတ်ဘူး တကယ်တမ်းက ဝယ်ရောင်းတွေ ဈေးကစားလို့ဖောင်းပွလာတဲ့ ဈေးကွက်ဖြစ်နေတယ် ဒါက ပြန်ကျသွားတယ် အဲဒီမှာတော့ အနည်းနဲ့အများ ထိခိုက်တာကတော့ ရှိမယ်။ သို့သော် တိုင်းပြည်ရဲ့စီးပွားရေးလမ်းကြောင်းအမှန်ကို သွားဖို့အတွက်ကတော့ အခုလက်ရှိအစိုးရသွားနေသလိုသွားရမယ်။ ဘယ်လောက်ထိခိုက်မလဲဆိုတော့ ထိခိုက်မှုကတော့ ရှိသင့်သလောက်ရှိမယ်။ သို့သော် ယေဘုယျကတော့ သွားသင့်တဲ့လမ်းကြောင်းကို သွားတာဖြစ်တဲ့အတွက် တချိန်မှာတော့ ရှိသင့်တဲ့ လမ်းကြောင်းတွေသူ့ဟာသူရှိလာမယ်။”

ဧပြီလ ၁ရက်နေ့မှာ စတင်သက်ရောက်မယ့် ၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေအရ တစ်နှစ်ကို ကျပ် ၄၈ သိန်းအထက် ဝင်ငွေရှိသူတွေ ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပြီး၊ အင်ဂျင်ပါဝါ ၁၅၀၁ CC ကနေ ၂၀၀၀ CC ထိ အိမ်သုံးကား အမျိုးအစားတွေ အပေါ်မှာတော့ အခွန် ၁၀ ရာခိုင်နှုန်း လျှော့ချကောက်ခံဖို့လည်း ထည့်သွင်းထားပါတယ်

XS
SM
MD
LG