စစ်အာဏာသိမ်းမှုကိုတော်လှန်ရာမှာ Gen Z မျိုးဆက်သစ် လူငယ်တစုဖြစ်တဲ့ XIVIX လူငယ်အဖွဲ့ကတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် နေ့စဉ်လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။ သူအကြောင်းအစီအစဉ်မှာ ဒီလူငယ်တွေရဲ့ အသံတွေ၊ မျှော်လင့်ချက်တွေအကြောင်း ကြည့်ရပါမယ်။ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ကျောက်တောင် ကျောက်ဆောင်တွေကို တက်ရတာခုံမင်သူ ကိုညီညီအောင်ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်သွားတက်ခဲ့တဲ့ ပထမဆုံးမြန်မာအဖွဲ့ဝင်သုံးဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဝါသနာကို တက္ကသိုလ်တက်တော့ စတင်လိုက်စားပြီး တောင်တက်လေ့ကျင့်ခဲ့သူပါ။ သူ့အကြောင်းအစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ချိန်ကတည်းက ကိုဗစ်စင်တာတွေမှာ လူငယ် volunteer အနေနဲ့ ပါဝင်ခဲ့တဲ့ ကိုလွှမ်းထက်ချို ပြောပြထားတာကို သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ဒီနေ့ခေတ်မှာ recycle ပစ္စည်းတွေလက်မှုပစ္စည်းပြုလုပ်တာတွေက ခေတ်စားလာပါတယ်။ အသက်ဆယ့်ငါးနှစ်အရွယ် ကိုဘုန်းနိုင်ဝင်းကတော့ အများနဲ့မတူဘဲ ဘီယာဘူးခွံတွေနဲ့ စကေးကျ လှပတဲ့ ဘီယာဗူးခွံ ကား၊ ဆိုင်ကယ်စတဲ့ ပုံစံငယ်လေးတွေကို ဖန်တီးနေတာပါ။ သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
လူငယ်တွေမှာ ဝါသနာတွေ၊ အိပ်မက်တွေအပြည့်နဲ့ပါ။ Duke ဆိုတဲ့ ကိုကောင်းထိုက်တင်ကတော့ ငယ်ကတည်းက ဂိမ်းကစားရတာကြိုက်လို့ E-port အားကစားဆိုပြီး ဖြစ်လာတော့ အပျော်တမ်းအဆင့်ကစားရာကနေ အခု နိုင်ငံတကာအဆင့်မီကစားသူတယောက်အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ကိုဗစ်-၁၉ ကပ်လေးစဖြစ်ချိန်ကနေအခုထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေကို လိုက်အကူအညီပေးနေတဲ့ လူငယ်တွေဟာ ပိုးကူးမခံရအောင် သေချာကာကွယ်ကြပေမယ့် ကူးစက်ခံရတာတွေလည်းရှိတာပါ။ ဒီလိုအခြေအနေမှာ အကူညီပေးရေးဆက်လုပ်သူ လူငယ်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်း ပြောပြထားတာကို သူ့အကြောင်း အစီအစဉ်မှာ ကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ဝါသနာပါရာအလုပ်နဲ့ ဘဝကို တည်ဆောက်ရတာ ပျော်စရာလို့ ဖက်ရှင်ဒီဇိုင်နာ ဆန်းမွန်းဘီက ခံယူပြီး ဘဝရပ်တည်ချက်အတွက် နိုင်ငံခြားသင်္ဘောသားအဖြစ် ရပ်တည်ခဲ့တာကနေ ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ ဒီဇိုင်နာပညာရပ်ကိုလည်း အစဉ်မပြတ်လေ့လာခဲ့သူပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူး တင်ဆက်ထားပါတယ်။
အရသာချိုမြိန်တဲ့ ထန်းလျှက်ရဖို့ ထန်းပင်တက် ထန်းသီးခူးရသူတွေရဲ့ ဘဝကတော့ မချိုမြိန် ခက်ခဲကြမ်းတမ်း ပါတယ်။ ထန်းပင်အမြင့်တက် သက်စွန့်စံဖျားလုပ်ကိုင်စားသောက်ရပေမယ့် ဝင်ငွေတော့လည်း မလုံလောက်၊ ကျောက်ပန်းတောင်းက ထန်းတက်တောင်သူ ကိုမောင်ဝင်း ပြောပြတာကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ပြထားပါတယ်။
နေ့စဉ်နဲ့အမျှလှုပ်ရှားသွားလာသူတွေများတဲ့ ရန်ကုန်ကို မွန်းကြပ်တယ်လို့ ပြောကြပေမဲ့ ရန်ကုန်သူ မီရှယ်လ် ရန်ကုန်ကို ချစ်သူပါ။ ကိုလိုနီခေတ်ယဉ်ကျေးမှုနဲ့ မြို့ပြယဉ်ကျေးမှု ယှဉ်တွဲရှိနေတဲ့ ရန်ကုန်ရဲ့စိတ်ဝင်စားစရာတွေ၊ အမျိုးသမီးတွေနဲ့ပတ်သက်တာတွေကို Vlog က ပြောပြနေသူပါ။ သူ့အကြောင်းအစီအစဉ်ကို ကြည့်ရှုပါ။
မြန်မာနိုင်ငံက အသက် နှစ်ဆယ်ကျော်လူငယ်တဦးဖြစ်တဲ့ Teddy Yan Shin က သူဝါသနာပါရာ Street Dance နဲ့ နိုင်ငံတကာအထိ ထိုးဖောက်နိုင်တဲ့ ပရော်ဖက်ရှင်နယ်အကသမားဖြစ်ဖို့ စိတ်ကူးထားပါတယ်။ သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ကာယဗလမောင် မောင်မြန်မာထွန်းမင်းဟာ နိုင်ငံတကာနဲ့ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့အဆင့် အာရှအဆင့်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရယူနေသူပါ။ ဝါသနာတစ်ခုကို အရင်းခံပီး ရှင်သန်နေရတဲ့ ဘဝရပ်တည်မှုဟာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါမလဲ။ သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
နာမည်ကျော်လူရွှင်တော်ချစ်စရာဟာ ကိုဗစ်ကပ်ဘေးဖြစ်ချိန်မှာ ဖိနပ်ရောင်းပြီး မိသားစုစားစရိတ်ရှာရပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မွန်းကျပ်မှုတွေ စိတ်ဖိစီးစရာတွေရှိနေတဲ့ နေ့စဉ်လူနေမှုဘဝမှာ နည်းမျိုးစုံနဲ့ စိတ်ဖိစီးမှုကို နည်းနိုင်သမ ျှနည်းအောင် ကြိုးစားကြရပါတယ်။ ဒီထဲမှာ မအိကတော့ လူသိနည်းသေးတဲ့အသံကုထုံးနဲ့ စိတ်ဖိစီးမှု လျော့ပါးအောင်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ငယ်စဉ်ကတည်းက ဝါသနာအရင်းခံပြီး အားထုတ်ကစားခဲ့လို့ ဂျူဒိုဆုတံဆိပ်တွေ အများကြီးရခဲ့တဲ့ မခင်ချမ်းမြေ့သူဟာ အခုတော့ နိုင်ငံတကာပွဲတွေမှာပါ အမျိုးသမီးဒိုင်လူကြီးအဖြစ် ဝင့်ဝင့်ကြွားကြွားရပ်တည်နေပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ခေတ်နဲ့အညီဆန်းသစ်ရုံသာမကဘဲ သဘာဝဝန်းကျင်မထိခိုက်စေဖို့ သဘာဝဝန်းကျင်နဲ့သဟဇာတဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ မသိန်းနီဦးဟာ သဘာဝဆေးဆိုးပန်းရိုက်နည်းတွေကိုသုံးပြီး သစ်ရွတ်တွေနဲ့ ဆေးဆိုးတဲ့ပိတ်စတွေ ဖန်တီးနေတာပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
အများစိတ်ထဲမှာ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှုတွေကလည်း မွေးကတည်းက အရိုးစွဲလာတဲ့ အကျင့်ဖြစ်နေတာမို့၊ ဒီလို တန်းတူအခွင့်အရေးကြိုးပမ်းမှုတွေဟာ ဘယ်လောက် ခက်ခဲနေပါသလဲ။ LGBT အခွင့်အရေးလှုပ်ရှားသူ မိတ်ကပ်ပညာရှင် မေဦးမောင် ပြောပြထားတာကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာ့ရုပ်သေး အနုပညာကို နိုင်ငံခြားဧည့်သည်တွေက စိတ်ဝင်စားကြပြီး မြန်မာလူငယ်တွေ စိတ်မဝင်စားကြလို့ စိတ်ပျက်မိတယ်လို့ သွားဆေးတက္ကသိုလ် ကျောင်းသား ကိုအောင်ကျော်ကျော်က ပြောပါတယ်။ ဒီပညာရပ်ကို ကမ္ဘာ့စင်မြင့်တွေပေါ်ထိ ရောက်အောင် ကြိုးစားသွားပါမယ်တဲ့။ သူ့အကြောင်းအစီအစဉ်မှာ ကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
လူတယောက်တွေ့ပြီဆိုတာနဲ့ လှပအောင်ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို ပြောပြချင်သူက Dr. Face အလှန်ပစ္စည်းထုတ်လုပ်သူ ဒေါက်တာရဲထွန်းသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းတတ်နိုင်တဲ့ ပြည်တွင်းဖြစ်အလှကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားတာပါ။ သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူတဲ့ လုမ္ဗိနီဥယျာဉ်၊ ဘုရားပွင့်တော်မူတဲ့ ဗုဒ္ဓဂါယာနဲ့ မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံဒေသတွေကို နေ့စဉ်လေယာဉ်ပြေးဆွဲနိုင်ဖို့ ကြိုးစားနေပါတယ်။
စွန့်ပစ်ထားတဲ့စက်ဘီး ကျွတ် အဟောင်းတွေကနေ လူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ်နေသူကတော့ ရန်ကုန်မြို့က ဒေါ်ဒီးနာဆိုသူပါ။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့အလေ့အထ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ သူဘယ်လို အခက်အခဲတွေ ကြုံရပါသလဲ၊ သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်