Nature Myanmar တည်ထောင်သူ ကိုမင်းကျော်ဇင်ကတော့ နေ့စဉ် မီးရှို့ဖျက်စီးနေရတဲ့ ကွမ်းပင်ဖက်ရွက်တွေကို လူသုံးကုန် ပန်းကန်တွေ ဇွန်းတွေ အဖြစ်ပြောင်းလဲထုတ်လုပ်နေသူပါ။ နိုင်ငံတကာဈေးကွက်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ သူ့စိတ်ကူးတွေကို ဒီတစ်ပတ်သူ့အကြောင်း အစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
သဘာဝပတပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ပြီး မြန်မာတွေလည်းတစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် စိတ်ကူးနဲ့ Buffalo မြို့က ဦးဇော်ဝင်းဟာ ပြန်လည်အသုံးပြုလို့ရတဲ့ ဖန်ပုလင်းတွေ၊ ပလတ်စတစ်ဗူးတွေကို ဝယ်ယူတဲ့ Recyle ဆိုင် ၄ ဆိုင်ကိုပိုင်ဆိုင်ထားသူပါ။ သီတင်းပတ် သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူး တင်ဆက်ထားပါတယ်။
နေ့စဉ်သုံးမီးဖိုချောင်က အစားအသောက်ပစ္စည်းတွေကို သဘာဝအဟာရဓာတ်မပျက် စားသုံးနိုင်တဲ့ နောက်ထပ် စားသောက်ဖွယ်ရာ ဖြည့်စွက်အစာအဖြစ် ထုတ်လုပ်သူကတော့ Great Nature သဘာဝစားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းကို စတည်ထောင်တဲ့ ဒေါ်အေးသီတာအောင် ဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူး တင်ဆက်ထားပါတယ်။
ခရီးထွက်ဝါသနာပါတဲ့ ကိုသီဟလုလင်ဟာ သူ့ခရီးစဉ်တွေအကြောင်း စိတ်ဝင်စားစရာတွေကို အွန်လိုင်းမှာဝေမျှပေးပါတယ်။ သူ့ဗွီဒီယိုတွေမှာ ပျော်ရွှင်စရာခရီးသွားပုံရိပ်တွေပဲ တွေ့ရတယ်ဆိုပေမယ့် တကယ်တမ်း လက်တွေ့ခရီးတွေက ဗွီဒီယိုပုံရိပ်တွေလောက် မချောမွေ့ပါဘူး။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားတာပါ။
ဖန်ပုလင်းတွေ အမျိုးသမီးလက်ကိုင်အိတ်တွေ ဖိနပ်တွေ စတဲ့ လူအသုံးအဆောင်ပစ္စည်းတွေအပေါ်မှာ ပန်ချီဒီဇိုင်းနဲ့ အလှဆင်ပြီး အနုပညာလမ်းကြောင်းသစ်ဖောက်နေသူကတော့ လူငယ် ပန်ချီဆရာ မအေးသန့်ဇင်ခိုင် ခေါ် ငယ်ငယ် ပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားတာပါ။
အလှအပဆိုတာ အမျိုးသမီးထုတရပ်လုံးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဖြစ်တာမို့လို့ ဒီလို အလှကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ အလှအပချယ်သပြုပြင်မှု အလုပ်တွေကို လုပ်ကိုင်ဖြစ်တာပါလို့ ပြောလာတဲ့သူက မဟန်နီ ဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားတာပါ။
ကမ္ဘာပေါ်မှာသနပ်ခါးအသုံးပြုတဲ့ တနိုင်ငံတည်းသော မြန်မာနိုင်ငံကနေ သနပ်ခါးထွက်ကုန်ပစ္စည်းတွေ၊ တခြားသစ်သီး၊သစ်ခေါက် စတာတွေကနေ လူသုံးကုန်ဆပ်ပြာနဲ့ အလှကုန်ပစ္စည်းတွေအဖြစ် ထုတ်လုပ်နေသူတဦးက မလွင်မာအောင်ဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားတာပါ။
အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေအပေါ် ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့် စီမံကိန်းတွေအားလုံး ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ လူမှုအဖွဲ့အစည်း အားလုံးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရဖို့ ရန်ကုန်မှာ တောင်းဆိုဆန္ဒပြကြပါတယ်။
ကြက်တောင်အားကစားနည်းကို မိဘဆီကနေ သင်ယူလာခဲ့တဲ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ၊ လာမယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိတော့ နိုင်ငံတကာစိန်ခေါ်ပွဲတွေ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဆုဖလားတွေလည်း ရထားပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတရပ် နေပြည်တော်မှာကျင်းပခဲ့တာမှာ ဒီမိုကရေစီ ရှင်သန်အမြစ်တွယ်အောင် ကြိုးပမ်းကြဖို့ သမ္မတ ဦးဝင်းမြင့်က အလေပေး ပြောခဲ့ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အရပ်သားပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။ ကိုကောင်းစံဟိန်းက စုစည်တင်ပြထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တရားခွင်တစ်ခုမှာ တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးလိုက်တဲ့ ကချင်လူငယ် တက်ကြွလှုပ်ရှားသူ တစ်ဦးကို ဒီကနေ့ တရားရုံးက ထောင်ဒဏ် ၃လချမှတ်လိုက်ပါတယ်။
ဗစ်တိုရီးယားအမှုလို့ လူသိများလာတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုနဲ့ ပတ်သက်လို့ ဒီကနေ့ နေပြည်တော်က တရားရုံးမှာ စတုတ္ထအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျလာစေဖို့ ရည်မှန်းချက်နဲ့ လှုပ်ရှားမှုတခုကို ပလတ်စတစ်အသုံးပြုမှု တိုက်ဖျက်ရေး လှုပ်ရှားလုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့က လှုံ့ဆော်စည်းရုံးပြီး ဒီသီတင်းပတ်မှာ စတင်လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်မှာ လေဖိအားနည်းရပ်ဝန်း ဆက်အားကောင်းနေသလို မုတ်သုံလေလည်း အားကောင်း နေဆဲရှိတာကြောင့် ဒီရက်ပိုင်းအတွင်း မိုးပိုရွာလာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေး ထားပါတယ်။
ပတ်ဝန်းကျင်ညစ်နွမ်းစေတဲ့အရာတွေက မြေပြင်ပေါ်မှာတင်မက ရေထဲမှာပါ ပေါပေါများများရှိနေတာပါ။ ဒါကြောင့် မသန္တာကိုကြီးက ပင်လယ်ရေအောက်မှာရှိတဲ့ ပလစ်စတစ်ဗူးတွေ၊ ငါးဖမ်းပိုက်တွေ၊ အမှိုက်တွေဆယ်ပီး သဘာဝရေအောက်အလှကို ထိမ်းသိမ်းဖို့ ကြိုးစားနေတာတပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်းက ကျေးရွာတရွာမှာ မိုးများပြီး တောင်ပြိုတာကြောင့် လူသေဆုံးတာတွေရှိခဲ့ပါတယ်။ မွန်ပြည်နယ် အတွင်း နေရာအနှံ့အပြားမှာ ကြာသပတေးနေ့ကစပြီး မိုးအပြင်းအထန်ရွာတာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေချိန်မှာပဲ လူ သေဆုံးတဲ့အခြေအနေထိ ဖြစ်ရတာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရာသီပေါ် တုတ်ကွေးရောဂါတစ်ခုဖြစ်တဲ့ H1N1 ရောဂါကြောင့် သေဆုံးသူ ဦးရေ ၈၉ဦးထိရှိလာပီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။ရာဂါပိုးကူးစက်ခံရရင် မူလရောဂါအခံရှိသူတွေအတွက် ပိုပြီး သတိထားသင့်တယ်လို့ ကျန်းမာရေးအရာရှိတွေက သတိပေးပါတယ်။
ကိုဝင်းဆန်းအောင်ဟာ ကိုယ်လက်မသန်စွမ်းပေမယ့် ဘဝကိုအရှုံးမပေးဘဲ ဇွဲနဲ့ ကြိုးစားခဲ့လို့ အားကစား အမျိုးအစားအတော်များများမှာ ဘက်စုံထူးချွန်သူဖြစ်လာခဲ့ပါတယ်။ ရေကူး၊သံပြားပစ်၊ ဘက်စ်ကတ်ဘော၊ အလေးမနှင့် ကြက်တောင်ရိုက်မှာ ရွှေတံဆိပ်ဆုတွေ ရထားတာပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ တတ်ရောက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း တတ်ရောက် ဂါရဝပြုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်