မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် NLD အစိုးရကို ဖိအားပေးဖို့ အမေရိကန်အထက်လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းတဲ့အပေါ် မြန်မာ့နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေက ကြိုဆိုပါတယ်။
ရန်ကုန်မြို့ကားကြပ်တဲ့လမ်းမကြီးတွေပေါ်မှာ ကျောင်းနေအရွယ်ကလေးတွေ ကားကြိုကားကြား လေ ျှာက်နေတဲ့ မြင်ကွင်းက အဆန်းတော့မဟုတ်ပါဘူး။ ဒီလိုကလေးတွေကို အလုပ်ဝိုင်းလုပ်ပေးရင်း စာသင်ကြားပေးနေတာကတော့ အဖြူရောင်ရင်ခွင် ပရဟိတ စာသင်ဝိုင်း ဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လျှပ်စစ်မီတာခ နှုန်းထားတွေကို တိုးမြှင့်ကောက်ခံ သွားမယ့်အကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၅ဦး ထိရှိနေပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိထားသူ ၁၄ဦး ရှိနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်တဲ့ ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာကြေညာထားပါတယ်။
၈၈ ခေါင်းဆောင်တွေစုပြီး မကြာခင်က ထူထောင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ပါတီ ခေါင်းဆောင်တွေဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် ပါတီချင်းထိတွေ့ဆောင်ရွက်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အသည်းရောင်အသားဝါရောဂါကို နှစ်ရှည်ခံစားခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင်ကိုဖိုးဖြူက ရောဂါပျောက်သွားတဲ့အခါမှာတော့ တခြားဝေဒနာရှင်တွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဈေးသက်သက်သက်သာသာနဲ့ ဆေးကုနိုင်အောင်လို့ ဆန္ဒသုခဆိုတဲ့ ပရဟိတဆေးခန်း ဖွင့်လှစ်ခဲ့ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုက အိတ်ဖွင့်ပေးစာ ပေးပို့ပြီး စွပ်စွဲခဲ့တာကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။
မူစလင်ဘာသာဝင်တွေရဲ့ ဒီကနေ့ ကျရောက်တဲ့ ဥပုသ် လကုန်ဆုံးတဲ့ အိဒ်နေ့ကို ကမ္ဘာတစ်လွှမ်းလုံးမှာ ပျော်ရွှင်စွာဆင်နွှဲကြပါတယ်။မြန်မာနိုင်ငံမှာလည်း ထူးခြားတာကတော့ဗလီအချို့နဲ့ လူစည်ကားရာနေရာတွေမှာ စတုဒီသာကျွေးတာတွေအပြင် သံဃာတွေကိုလည်း ကပ်လှူတာတွေ ခါတိုင်းနှစ်တွေကထပ် ပိုများလာတာတွေ တွေ့ရပါတယ်။
အပင်တွေကနေ သဘာဝဆိုးဆေးနဲ့ မြန်မာလက်ရက်ကန်းချည်ထည်တွေ ထုတ်လုပ်နေသူက မဖြူအိသိန်းဖြစ်ပါတယ်။ မြန်မာ့ရက်ကန်း ချည်ထည်တွေ နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်အောင် နိုင်ငံခြားသားတွေကြိုက်တဲ့ အရောင်တွေ ဒီဇိုင်းတွေလည်း ဖန်တီးထုတ်လုပ်နေတာပါ။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ပြီး မူလ အသက်မွေးဝမ်းကြောင်း အလုပ်ပြန်လုပ်နိုင်ရေးနဲ့ ပြန်လည်နေရာချထားရေး အဆင်ပြေအောင် ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရ ညှိနှိုင်းရေးမှာ KHCC က ကြားဝင်ဆောင်ရွက်ပေးနေတာပါ။
မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ တရုတ်-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထားတာကြောင့် တောင်သူတွေရော ကုန်သည်တွေပါ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို၊ ဒီနှစ်အတွင်း တရုတ်-မူဆယ်လမ်းကြောင်းကတဆင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် မဟာဗျူဟာ စီမံကိန်းတွေ ချမှတ်ထားပေမဲ့လို့ တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းသလို ရှင်းလင်းတိကျတဲ့ တာဝန်ယူဆောင်ရွက်မှုတွေ လမ်းညွန်ချမှတ်ထားတာ မရှိဘူးလို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။
ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုဒ် ကာလအတွင်း တရားဝင်သတ်မှတ်ထားတဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ယာယီ ဝတ်ပြုမိန့် ပိတ်ထားရာကနေ ဒီကနေ့ မနက်ပိုင်းကစပီး ဝတ်ပြုခွင့်ပြုလိုက်ပါပီ။
မြန်မာနိုင်ငံအနှံ့က ထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၇ ထောင်နီးပါးကို ပြန်လွှတ်ပေးဖို့ သမ္မတ ဦးဝင်းမြင့်က ဒီနေ့ပဲ အမိန့်ထုတ်ပြန်လိုက်ပြီး အခု ဒုတိယအကြိမ်လွှတ်ပေးသူတွေထဲ ကချင်တက်ကြွလှုပ်ရှားသူ ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်းနဲ့ ဦးဇေခေါင်တို့လည်း ပါဝင်ပါတယ်။
အနုပညာရှင်အိုတော့ ကျောင်းအိုကျောင်းကြားဆိုတဲ့ ဆိုရိုးလိုမဖြစ်ရလေအောင် အသက်ကြီးလာကြတဲ့ အနုပညာရှင်အမျိုးသမီးတွေအတွက် ချမ်းမြေ့ရိပ်သာ အမေများအိမ်ရာကို တည်ထောင်ထားပါတယ်လို့ အကယ်ဒမီမင်းသမီးကြီးနွဲ့နွဲ့စမ်းက ပြောပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မနက်ဖြန်ဆို မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ကို ကျရောက်ပါပြီ။ မြန်မာနှစ်သစ်ကို ကူးပြောင်းမယ့် အတာသင်္ကြန် အကြိုပွဲတော်တွေကို နိုင်ငံအဝှမ်း ပျော်ရွှင်စွာ ကျင်းပဖို့ ရန်ကုန်မြို့အနှံ့ တာစူနေကြသလို ဒီနေ့မှာကိုပဲ စတုဒီသာကျွေးပွဲ၊ အလှူပွဲတွေနဲ့ သင်္ကြန်အကြိုကျသူတွေ လည်း ရှိနေပါပြီ။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေက အများစု အနိုင်ရထားတဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။ မနေ့က ရွေးကောက်ပွဲမှာ မဲပေးသူဦးရေကတော့ အတော့်ကို နည်းပါးခဲ့ပါတယ်။
မကြာခင်ရက်ပိုင်းတွင်း ကျင်းပတော့မယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် အကြိတ် အနယ် မဲဆွယ်နေတဲ့ တချိန်တည်းမှာပဲ ကိုယ်စားလှယ်လောင်းတချို့က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်နေ တယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် နေပါတယ်။
ရန်ကုန် စည်ပင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာ လိုတော့ပေမယ့် လူထုစိတ်ဝင်စားမှုကတော့ မြင့်တက်မလာဘူးလို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ရန်ကုန် စည်ပင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာ လိုတော့ပေမယ့် လူထုစိတ်ဝင်စားမှုကတော့ မြင့်တက်မလာဘူးလို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်