သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေး NRPC နဲ့ KHCC ဆွေးနွေး


ကချင်လူသားချင်းစာနာမှု ကော်မတီ (KHCC) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးကော်မတီ (NRPC) ဆွေးနွေးပွဲ (ဓာတ်ပုံ-NRPC)
ကချင်လူသားချင်းစာနာမှု ကော်မတီ (KHCC) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးကော်မတီ (NRPC) ဆွေးနွေးပွဲ (ဓာတ်ပုံ-NRPC)

ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေကို နေရပ်ပြန်နိုင်ဖို့နဲ့ နေရပ်ပြန်ပြီးသားသူတွေအတွက်လည်း အကူအညီတွေပေးနိုင်ဖို့ အပါအဝင် ဒုက္ခသည်ပြန်လည်နေရာချထားရေး လက်တွေ့ အကောင်အထည်ဖော်မှုတွေ လုပ်သွားဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒုက္ခသည်အရေးဆောင်ရွက်သူတွေကတော့ အပစ်ခတ်ရပ်စဲရေးကိစ္စကို အကောင်အထည် မဖော်နိုင်သေးသရွေ့ ဒုက္ခသည် နေရပ်ပြန်နိုင်ရေး အဆင်ပြေမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြတာပါ။ ဒီအကြောင်း ကိုကောင်းစံဟိန်းက တင်ပြပေးပါမယ်။

NRPC နဲ့ KHCC ဒုတိယ အကြိမ်မြောက် တရားဝင် ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပြီး မူလ အသက်မွေးဝမ်းကြောင်း အလုပ်ပြန်လုပ်နိုင်ရေးနဲ့ ပြန်လည်နေရာချထားရေး အဆင်ပြေအောင် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးအကောင်အထည်ဖော်သွားဖို့် သဘောတူညီမှု ရရှိခဲ့တယ်လို့ KHCC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဖော်ရမ်ခါးလီ က အခုလိုပြောပါတယ်။

"စစ်ရှောင်စခန်းတွေကနေ ကိုယ့်ရွာဒေသတွေကို ပြန်နေတဲ့အခါ ရွာဘယ်လောက်အထိရောက်ပလဲ၊ဒီပြန်မယ့်သူတွေကိုောဘယ်လောက်အထိ ဘယ်လိုမျိုး အခြေအနေရောက်အောင် ကျနော်တို့ ဘယ်လိုမျိုးပံ့ပိုးမလဲ၊ အကူအညီ ပေးနိုင်မလဲဆိုတာ need assement လုပ်ပြီးတော့မှ ကျနော်တို့ ဘယ်လိုမျိုး ဘယ်ပုံစံမျိုးနဲ့ ဒီ IDP Return ကို လုပ်မလဲဆိုတဲ့အပေါ်မှာ ဆွေးနွေးခဲ့ပါတယ်။"

ခုလို လေ့လာဆန်းစစ်မှုတွေကို တလအတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးဖာ်ရမ်ခါးလီက ပြောပါတယ်။

စစ်ပွဲတွေကြောင့်သာ စစ်ရှောင်ဒုက္ခသည်တွေ ဆိုတာ ဖြစ်လာရတာမို့၊ ဒီလို စစ်ရှောင်တွေအရေး ဖြေရှင်း ကိုင်တွယ်ဖို့ ကြိုးစားကြတဲ့ အခါမှာလည်း မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား အရင်ဆုံး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့လိုအပ်ပြီး ဒါမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာလည်း အဆင်ပြေ ချောမွေ့နိုင်မယ်လို့ ကချင်ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ကချင်အမျိုးသား ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဂျတ်က ပြောပါတယ်။

"ဒီကနော်တို့ ပဋိပက္ခ ဖြစ်နေတဲ့ တိုက်ပွဲကြီးကို ကျနော်တို့ မရပ်ဘဲနဲ့ လက်မှတ်မထိုးဘဲနဲ့ IDP တွေကို ပြန်ခိုင်းမယ်ဆိုတာ သိပ်မသင့်တော်ဖူးလို့ ကျနော်မြင်တယ်။"

ဒီကနေ့ NRPC နဲ့ KHCC ဆွေးနွေးပွဲကိုတော့ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ပြီး မူလ အသက်မွေးဝမ်းကြောင်း အလုပ်ပြန်လုပ်နိုင်ရေးနဲ့ ပြန်လည်နေရာချထားရေး အဆင်ပြေအောင် ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရ ညှိနှိုင်းရေးမှာ KHCC က ကြားဝင် ဆောင်ရွက်ပေးနေတာပါ။ ကချင်ပြည်နယ်မှာ ၂၀၁၁ ကနေ ပြန်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA ကြား တိုက်ပွဲတွေကြောင့် ကချင်နဲ့ ရှမ်းမြောက်မှာ စစ်ရှောင် ၁ သိန်းကျော် ရှိနေပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG