သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေနဲ့တွေ့ဆုံရေး ရွေးကောက်ပွဲကော်မရှင်ပယ်ချ


 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
(Myanmar Union Election Commission)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (Myanmar Union Election Commission)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုက အိတ်ဖွင့်ပေးစာ ပေးပို့ပြီး စွပ်စွဲခဲ့တာကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ ကော်မရှင်အနေနဲ့ လွတ်လပ်ပီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်မလားဆိုတာ သံသယရှိတယ်လို့ စွပ်စွဲနေကြတာပါ။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

သမာသမတ်ကျပီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပီး ဆွေးနွေးလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုရဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဟာ ရိုးသားမှု မရှိဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တာပါ။ အိတ်ဖွင့်ပေးစာမှာလည်း မမှန်ကန်တဲ့ စွပ်စွဲချက်တွေ ပါဝင်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကေ်ာမရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

"ဘာမှ အခြေအမြစ်မရှိဘဲနဲ့ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲနဲ့ ရွေးကော်ပွဲကောိမရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်သိက္ခာကျအောင် သေးသိမ်အောင် ပြည်သူတွေ အထင်မြင်လွဲအောင် ဒါပါဘဲ။"

အတိုက်အခံ နိုင်ငံရေး ပါတီတွေကတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ ရှင်းလင်းဖို့ လိုလားနေကြတာပါ။ ဒါပေမဲ့လည်း တွေ့ဆုံဖို့ တောင်းဆိုထားတာကို မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး၊ ပယ်ချလိုက်တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရပ်တည်ချက်အပေါ် သံသယရှိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"လွတ်လပ်ပီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ ကျနော်တို့က သံသယ အများကြီး ရှိနေတဲ့အတွက် ကျနော်တို့က အခုလိုတွေ့ဆုံဖို့ တောင်းဆို လိုက်ခြင်းဖြစ် တယ်။ဒီလိုတွေ့ဆုံဆွေးနွေးမှုကိုမှ ငြင်းလိုက်ရင် ပိုပီးသံသယ ဖြစ်စရာဖြစ်တယ်။"

ကော်မရှင်အနေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးအလိုက် နိုင်ငံရေး ပါတီတွေ၊ လူထုအခြေပြုအဖွဲ့အစည်း CSOတွေနဲ့ ဇွန်လထဲမှာ တွေ့ဖို့ အစီအစဉ်ဆွဲ ထားတယ်လို့လည်း ရွေးကော်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်းကပြောပါတယ်။

သက်တမ်း၃နှစ်ကျော် ရှိလာပီဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်နဲ့ နိုင်ငံရေးပါတီတွေ ၃ကြိမ် တွေ့ဆုံခဲ့ပါတယ်။ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ကတော့ နိုင်ငံရေးပါတီတွေနဲ့ ၃၇ ကြိမ် တွေ့ဆုံဆွေးနွေးမှုရှိခဲ့တယ်လို့ ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG