သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လူငယ်တဦး အသတ်ခံရမှု Kansas City လူ့အဖွဲ့အစည်းကြေကွဲ


အမေရိကန် ပြည်ထောင်စု ကန်းဆပ် ပြည်နယ် ကန်ဆပ်စီးတီးမှာ ကရင်တိုင်းရင်းသား တဦး စနေနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ တချိန်က ထိုင်း မြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည် စခန်းကနေ အမေရိကန် ပြည်ထောင်စုကို အခြေချပြီးတော့ လူချစ်လူခင် ပေါများတဲ့ အသက် ၁၅ နှစ် အရွယ် ဒီဇင်ဘာထူး ကို သူအချိန်ပိုင်း အလုပ်လုပ်နေတဲ့ အဝတ်လေ ျှာ်ဆိုင်မှာ စနေနေ့က သေနတ်ဒဏ်ရာနဲ့ သေဆုံးတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။

" ဒီဇင်ဘာထူး ဆိုတာ ဒီဇင်ဘာလမှာ မွေးလို့ပါ။ သူ ၁၆ နှစ်ပြည့်ဖို့ တလ လိုတာပေါ့နော်။ ဒီဇင်ဘာလ ၂၉ ရက်နဲ့တူတယ် သူ့အသက်ကလေ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ဆိုရင်တော့ သူ ၁၆ နှစ် ပြည့်ပြီလေ။ ဆိုတော့ ၁၆ နှစ် မပြည့်ခင်လေး တလမှာပေါ့ ဒီလို ဖြစ်သွားတာပေါ့နော။ "

အသက် ၁၆ နှစ်ပြည့်ဖို့တလ အလိုမှာ ရက်ရက်စက်စက် သေနတ်နဲ့ ပစ်ခံရတဲ့ ဒီဇင်ဘာထူး သေဆုံးမှုနဲ့ပတ်သက်လို့ ကန်းဆပ်စီးတီးရဲ့ ကရင်လူမှုရေး အဖွဲ့အစည်းမှာ ကူညီဆောင်ရွက်ပေးနေသူ ဆရာ အဲဝါးက ဗွီအိုအေကို ပြောပြခဲ့တာပါ။

ဒီဇင်ဘာထူးကို သူ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ Mapel Hill Laundomat အဝတ်လေ ျှာ်ဆိုင်မှာ ဆိုင်မဖွင့်မီ နိုဝင်ဘာ ၁၈ ရက် စနေနေ့မနက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ ရဲက တရားခံကို အခုထိ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး ဒီဖြစ်ရပ်က သောကြာနေ့ ညနေပိုင်းက ဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်ထားပါတယ်။

ထိုင်းမြန်မာ နယ်စပ် ကရင်ဒုက္ခသည် စခန်းကနေ ငယ်စဉ်က မိသားစုနဲ့အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချခဲ့သူ ဒီဇင်ဘာထူးဟာ သူသေဆုံးစဉ်က ဂျေစီဟာမန် အထက်တန်းကျောင်းမှာ ၁၀တန်း ကျောင်းသားတဦး ဖြစ်ပါတယ်။ သူ အခုလို ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်လို့ အထက်တန်းကျောင်း တကျောင်းလုံး ဝမ်းနည်းကြေကွဲလျက် ရှိပါတယ်။

ဒီဇင်ဘာထူးဟာ အထက်တန်းကျောင်းမှာ အားကစားဖြစ်တဲ့ နားပန်းလုံးတဲ့ Wrestling မှာ ပါဝင်ခဲ့သလို ဓမ္မတေး သီဆိုတဲ့ အသင်းမှာလည်း ပါဝင်ခဲ့ပြီး သူ့အချိန်ပိုမှာ ညဏ်ရည်ချို့တဲ့သူတွေ ပညာသင်ကြားရေးမှာလည်း အကူအညီပေးနေသူ ဖြစ်ပါတယ်။

သူ့ဆရာမဟောင်း တဦးက အခုလို သူ ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်လို့ ပြောခဲ့တာက

" ဒီဇင်ဘာ ဟာ ထူးချွန်ကြိုစားသူ တဦးပါ။ စိတ်ကောင်းရှိတဲ့ လူငယ် တဦး အဖြစ်နဲ့သူဟာ လူတိုင်းကို ကူညီတတ်သူပါ။ လူတွေ ကားဂိတ်ကနေ အိမ်ပြန် လမ်းလေ ျှာက်ရင်လည်း စောင့်ရှောက်ပေးလေ့ရှိပါတယ်။ သိပ်ကို ကြင်နာတတ်သူ တဦး ဖြစ်ပါတယ်လို့ သူ့ရဲ့ တချိန်က ဆရာမ ဖြစ်ခဲ့သူ ထရီဇာဘယ်ရီက သတင်းဌာကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာထူး အခုလို ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်လို့ ဆရာ အယ်ဝါးကို မေးကြည့်ခဲ့ပါတယ်။

" သူတို့မိသားစုက ဒီ အမေရိကကို ၂၀၀၉ ခုနှစ်က ရောက်လာတာပေါ့နော်။ သူတို့ ဒီ ကန်းဆပ်စီးတီးမှာ သူတို့ မိသားစု ပြောင်းလာတယ်လေ။ သူရောက်လာတုန်းကတော့ သူ ငယ်ငယ်လေးဘဲ ရှိသေးတယ်။ သူ ၆ နှစ်သားလောက်ဘဲရှိသေးတယ်လေ။ ပြောရမယ် ဆိုရင်တော့ ကျနော်တို့ မျက်စိအောက်မှာဘဲ ဒီကလေးက ကြီးလာတာပေါ့နော်။ အခုက သူက ကျနော်တို့ရဲ့ ကွန်မြူနတီမှာသော်လည်းကောင်း အသင်းတော်မှာသော် လည်းကောင်းပေါ့လေ ဒါ ကျနော်တို့ ဘာဘဲ လုပ်လုပ် သူအမြဲတမ်း ပါဝင်တာပေါ့လေ။ တခြားသူတွေနဲ့ စာရင်တော့ သူက အများကြီး လိမ္မာတဲ့ ကလေးတယောက် ဖြစ်တာပေါ့နော်။ မိဘဘက်ကလည်း အင်မတန်မှ လိမ္မာတဲ့ သားတယောက်ပေါ့လေ။ သူ့အမေ ကိုယ်တိုင်က အမြဲတမ်းဘဲ ဖွင့်ပြောပါတယ်။ အလားအလာ ရှိတယ်။ နောက် သူရည်ရွယ်ချက် ရှိတယ်။ နောက် ကြိုးစားတယ်။ လိမ္မာတယ်။ သူ လေးစားတတ်ပါတယ်။ လိမ္မာတဲ့ ကလေးတယောက် ဖြစ်ပါတယ်။ "

ဒေါ်လှလှသန်း။ ။ သူတို့ မိသားစု အကြောင်းရော ဆရာ ပြောပြလို့ ရမလား ဆရာ။

ဆရာ အယ်ဝါး။ ။ သူက ဒီအမေရိကားကို သူ့အမေရယ် သူ့အမ ၂ ယောက်ရယ်၊ နောက်ပြီးတော့ သူ့ရဲ့ ညီလေး တယောက်ပေါ့နော် ညီအကို မောင်နှမ ၄ ယောက် ရှိတာပေါ့လေ။ အဖေကတော့ ဆုံးတာ ကြာပြီ။ သို့သော် အမေက မုဆိုးမ အနေနဲ့ ကလေး ၄ ယောက်ကို သူ ဒီကို လာတာပေါ့လေ။ အမေရဲ့ ရည်ရွယ်ချက်ကတော့ ဒီကလေးတွေ ပညာရေးမှာ ပညာတတ်တွေ ဖြစ်လာပြီးမှ သူတို့ ဘဝတွေကို ကောင်းစားဖို့ အတွက်ပေါ့နော်။ ဆိုတော့ အမေလည်း Sacrifice လုပ်ရတာပေါ့လေ။

ဒေါ်လှလှသန်း။ ။ သူ့မိခင် နာမည်က မသန်းလို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ် ဆရာ။ ဝမ်းနည်း ကြေကွဲမဆုံးပေါ့နော်။ တော်တော်လေး ယူကြုံးမရ ဖြစ်ရတဲ့ သူ့အခြေအနေကို တွေ့ရတာတော့ တော်တော်လေးကို စိတ်မကောင်းစရာဘဲလေ။ ဒီ ၁၅ နှစ်သား တချိန်က ကရင်ဒုက္ခသည် စခန်းကနေ ရောက်လာပြီးတော့ပေါ့နော် အခု အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ ဒီ ကန်းဆပ်စီးတီးက လူ့အဖွဲ့အစည်းကရော ဘယ်လို တုံ့ပြန်ကြပါလဲ ဆရာ။

ဆရာ အယ်ဝါး။ ။ ကျနေ်ာတို့ကတော့ ဒီအဖြစ်အပျက် အတွက် ယူကြုံးမရ ဖြစ်ပါတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးက သူ့ရဲ့အနာဂတ်က အများကြီး ရှိတယ်လေ။ သူလုပ်ချင်တဲ့ အရာတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့မှ ကျနော်တို့ကလည်း ဒီလူငယ်တွေ အပေါ်မှာ မေ ျှာ်လည်း မေ ျှာ်လင့်ထားပါတယ်။ တနေ့ကျရင် သူတို့တွေ ပညာတတ် ဖြစ်ပြီးမှ မိဘကိုဘဲ ဖြစ်ဖြစ် နောက် အသင်းတော်ဘဲ ဖြစ်ဖြစ် ကိုယ့်လူမျိုးအတွက်ဘဲဖြစ်ဖြစ် ပေါ့နော် ကွန်မြူနတီမှာဘဲ ဖြစ်ဖြစ် ပါဝင်နိုင်ဖို့ ပေါ့နော် ဒီနိုင်ငံမှာ ရှိတဲ့ ပညာရေးကို သူတို့က ကြိုးစားတဲ့ ကလေးတွေ ပေါ့နော်။ ဆိုတော့ ဒီလို ကြိုစားတဲ့ကလေး တယောက်က ရုတ်တရက်ကြီး အသတ်ခံလိုက်ရတော့ ကျနော်တို့အားလုံး ကြေကွဲပါတယ်။ မိသားစုနဲ့ ထပ်တူပေါ့လေ။ ဒီကျောင်းသားလေး တယောက် ဒီ ၁၅ နှစ်သားလောက် ကလေးလေး တယောက်က ဒီလို ပစ်သတ်ခံလိုက်ရတယ ်ဆိုတာ ဒါ ပထမ အကြိမ်ဘဲ။ ကျနော်တို့ ဒီ ကွန်မြူနတီ အနေနဲ့ သော်လည်းကောင်း Church အနေနဲ့သော်လည်းကောင်း မိသားစုတွေကိုပေါ့နော် ကျနော်တို့ ကူညီဖို့ အတွက် ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပါတယ်။ ကန်းဆပ်စီးတီး ကွန်မြူနတီမှာ အသတ်ခံရတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီဇင်ဘာထူး ရဲ့ ဈာပန အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် သောကြာနေ့မှာ ကျင်းပဖို့ ရှိကြောင်းလည်း သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG