သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားဘာသာနဲ့လုပ်ငန်းကျွမ်းကျင် အမျိုးသမီးတွေ စေလွှတ်ဖို့ မြန်မာအလုပ်သမားရေးဌာန ပြင်ဆင်


EPS စာမေးပွဲလာရောက်ဖြေဆိုသူများ (ဧပြီ၊ ၂၀၂၄)
EPS စာမေးပွဲလာရောက်ဖြေဆိုသူများ (ဧပြီ၊ ၂၀၂၄)

ကိုရီးယားကို ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ (EPS) ကို အောင်ထားတဲ့ မြန်မာအမျိုးသမီးတွေကို ပထမဦးဆုံး စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က ကြေညာထားပါတယ်။ ဒီရက်ပိုင်းထဲမှာ အလုပ်လျှောက်လွှာတွေကို လက်ခံသွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီက ထုတ်ပြန်ထားတာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ (EPS) ကို အောင်ထားတဲ့မြန်မာအမျိုးသမီးတွေကို ပထမဆုံးအနေနဲ့ စေလွှတ်ဖို့ရှိပြီး အလုပ်လျှောက်လွှာတွေကို အခုလာမဲ့ ဇန်နဝါရီလ ၈ရက်ကစပြီး လက်ခံသွားမယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ (EPS) ကို အောင်ထားပြီးတဲ့သူတွေကို စေလွှတ်သွားမယ်လို့ ပြောပါတယ်။

ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ EPS စာမေးပွဲကို အောင်မြင်ထားတဲ့ မြန်မာအမျိုးသမီး ၅၀၀၀ လောက်ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" သူတို့အရင်တုန်းက မိန်းကလေးတွေမခေါ်ဘူး။ အဓိကတော့ မြန်မာအစိုးရနဲ့ ကိုရီးယားအစိုးရနဲ့ ကြားထဲမှာ ကိုရီးယားအစိုးရက မိန်းကလေးကို ခေါ်ယူချင်တယ်ဆိုရင် စက်ရုံတရုံကို အနည်းဆုံး ငါးယောက်ခေါ်မှ ဒီဘက်က ခွင့်ပြုပေးမယ်ဆိုပြီး အဲလိုမျိုး သိထားတယ်။ ကိုရီးယားဘက်ကလည်း စက်ရုံတခုကို တခါတည်းငါးယောက် မခေါ်ပေးနိုင်ဘူးဆိုတော့ မခေါ်ဖြစ်ဘူး။ အခု (မြန်မာ)အလုပ်သမား ဝန်ကြီးကနေ တောင်းဆိုလို့ဆိုပြီး ကိုရီးယားက ဝန်ဆောင်မှုလုပ်ငန်းတွေကို စခေါ်တယ်။ ခန္ဓာကိုယ် အားအင်သုံးပြီး လုပ်ရတဲ့ အလုပ်ပေါ့လေ။ များသောအားဖြင့် စားသောက်ဆိုင်နဲ့ ကွန်ဒိုတွေမှာ မီးဖိုချောင်မှာ ကူညီတဲ့အလုပ်၊ housekeeping အလုပ်တွေ လုပ်ရမယ်ဆိုပြီး စခေါ်တယ်။ ဒါပေမဲ့ အခုထိ ကိုရီးယားဘက်ကလည်း စီးပွားရေးကျနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့။ မိန်းကလေးတွေ အောင်ထားတာ အများကြီးရှိပါတယ်၊ ၅၀၀၀ လောက်ရှိမယ် ထင်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၂၄ထဲမှာ EPS အောင်မြင်သူတွေထဲက အယောက် ၁၀,၀၀၀ (တသောင်း)ကျော်ကို ကိုရီးယားကို စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေး ဌာနဘက်က ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ တချို့လည်း စာချုပ်သက်တမ်းပြည့်ပေမဲ့ ပြန်မလာဘဲ သက်တမ်းထပ်တိုးပြီး အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ကိုရီးယားဘက်က နောက်ပိုင်းမှာ အလုပ်သစ်တွေ ခေါ်ယူဖို့ နည်းလာနိုင်တယ်လို့ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာ အမျိုးသမီးအများစုက ဂျပန်အလုပ်ကိုင်တွေဘက်ကို ပြန်ပြီး စိတ်ဝင်စားနေတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုရဲ့ တာဝန်ခံက ပြောပါတယ်။

" အခုက လောလောဆယ် ကျနော်တို့ သင်တန်းကျောင်းတွေ ဖွင့်တဲ့အခါမှာလည်း သင်တန်းသား၊ သင်တန်းသူတွေဘက်မှာ ပြဿနာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ဒါကြီးက တကယ်ရော ဟုတ်ရဲ့လား၊ သူတို့ ဒေါ်လာလိမ်စားနေတာလားပေါ့လေ။ အမှန်တကယ် ဟိုဘက်က အခေါ်ပြနိုင်မှပဲ စိတ်ဝင်စားမှုက တိုးလာမှာခင်ဗျ။ အခုက လောလောဆယ်အထိက တယောက်ပဲ စခေါ်နိုင်သေးတယ်ဆိုတော့ ဒီဥစ္စာ ခေါ်ပေးတယ်ဆိုတဲ့ သက်သေတခုတော့ရတယ်၊ ဒါပေမဲ့ သူတို့နဂိုကတည်းက (EPS စာမေးပွဲ) အောင်မြင်သူတိုင်းသည် ကိုရီးယားသွားပြီး အလုပ်လုပ်ကိုင်နိုင်ဖို့ အာမ မခံပါလိုံ ထည့်ရေးထားတယ်ပေါ့လေ။ သူတို့လည်း များများ မခေါ်ပေးနိုင်ဘူးဆိုရင် များသောအားဖြင့် မိန်းကလေးတွေက ဂျပန်သင်တန်းဘက်ကိုပဲ ဦးတည်နေကြတာ များပါတယ်။ ယောကျ်ားလေးတွေက ပုံမှန်လေးသွားတယ်၊ အဆင်ပြေပါတယ်။"

တောင်ကိုရီးယားမှာ မြန်မာအလုပ်သမား ၇၀,၀၀၀ နီးပါး အလုပ်လုပ်နေကြတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။ ကိုရီးယားအစိုးရဟာ EPS အစီအစဉ်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကျွမ်းကျင်မဟုတ်တဲ့ ပြည်ပအလုပ်သမား ၁၆၀,၀၀၀ (တသိန်းခြောက်သောင်း) ကျော်ကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ၂၀၂၃ထဲမှာ ပြောထားတာပါ။ ၂၀၂၃ ထဲမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံသား ၁၆,၀၀၀ (တသောင်းခြောက်ထောင်) လောက်ကို ခေါ်ယူခဲ့ပါတယ်။

Forum

XS
SM
MD
LG