စစ္ေကာင္စီနဲ႔ တျခားေသာ လက္နက္ကိုင္အုပ္စုမ်ားအေနနဲ႔ ျပည္သူေတြ အေပၚ ရက္စက္စြာညႇဥ္းပန္း ႏွိပ္စက္မႈေတြရွိေနတယ္လို႔ အရပ္ဘက္အဖြဲ႔အစည္းေတြက ေျပာဆိုလိုက္ၿပီး ဒီလုပ္ရပ္ေတြကို ရပ္တန္႔ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ ဇြန္လ ၂၆ ရက္ေန႔မွာ က်ေရာက္တဲ႔ ညႇဥ္းပန္းႏွိပ္စက္ခံရသူမ်ားကို ကူညီေထာက္ပံ့ေရးအျပည္ျပည္ဆိုင္ရာေန႔မွာ အခုလို တိုက္တြန္းတာ ျဖစ္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ႔ သတင္းကို ကိုဥာဏ္၀င္းေအာင္ တင္ျပေပးပါမယ္။
စစ္အုပ္စုနဲ႔ တျခားေသာလက္နက္ကိုင္ အုပ္စုေတြဟာ ျပည္သူေတြအေပၚ ရက္ရက္စက္စက္ ညႇဥ္းပန္းႏွိပ္စက္မႈေနတယ္လို႔ အရပ္ဘက္လူမႈ အဖြဲ႔အစည္းေတြက ေျပာဆိုလိုက္ၿပီး ဒီလုပ္ရပ္ေတြကို ရပ္တန္႔ဖို႔ ဇြန္လ ၂၆ ရက္ေန႔မွာ က်ေရာက္တဲ့ ညႇဥ္းပန္းႏွိပ္စက္ခံရသူမ်ားကို ကူညီေထာက္ပံ့ေရး အျပည္ျပည္ဆိုင္ရာေန႔မွာ အရပ္ဘက္လူမႈအဖြဲ႔အစည္း ၁၄ ခုက ပူးတြဲ ထုတ္ျပန္ တိုက္တြန္းတာ ျဖစ္ပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး သေဘာထား ကြဲျပားမႈေၾကာင့္ ဖမ္းဆီးခံထားရသူေတြထဲက အက်ဥ္းေထာင္တြင္းမွာ ႏွိပ္စက္ခံရၿပီး ေသဆံုးသူက ၉၅ ဦးထိ ရွိေၾကာင္း၊ စစ္အာဏာသိမ္းၿပီးေနာက္ တက္ႂကြလႈပ္ရွားသူနဲ႔ အရပ္သားျပည္သူ ၂၀၂၁ ဦးတို႔ ေသဆံုးခဲ႔ရၿပီး ျဖစ္ေၾကာင္းလည္း အရပ္ဘက္ အဖြဲ႔အစည္းေတြရဲ႕ ေၾကညာခ်က္က ေဖာ္ျပပါတယ္။ အခု ေၾကညာခ်က္မွာ ပါ၀င္တဲ႔ အရပ္ဘက္ အဖြဲ႔အစည္းေတြထဲမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေန႔စဥ္ အရပ္သား ထိခိုက္ ေသဆံုးမႈေတြကို စာရင္းျပဳစုေနတဲ႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP လည္း ပါ၀င္ပါတယ္။ Burma Civil War Museum (BCM) တည္ေထာင္သူ ကိုရဲဟိန္းေအာင္ကေတာ့ ႏိုင္ငံတကာက စစ္တပ္ကို ဖိအားေပးဖို႔ လိုအပ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
"စစ္အုပ္စုရဲ႕ တရားဝင္မႈကို ျငင္းပယ္ဖို႔၊ ေနာက္တခုက ျပည္သူေတြကို ႏွိပ္စက္သတ္ျဖတ္တဲ့ေနရာမွာ အသုံးျပဳေနတဲ့ လက္နက္ေတြကို ကမာၻလုံးဆိုင္ရာ လက္နက္ပိတ္ဆို႔ဖို႔ကို က်ယ္က်ယ္ျပန႔္ျပန႔္ အေကာင္အထည္ေဖာ္ဖို႔၊ စစ္အုပ္စုကို ေငြေၾကးအေထာက္အပံ့ျဖစ္ေစႏိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္ပိတ္ဆို႔ အေကာင္အထည္ေဖာ္ဖို႔၊ ဒါေတြကို ႏိုင္ငံတကာအပါအဝင္ သက္ဆိုင္တဲ့အဖြဲ႕အစည္းေတြ အကုန္လုံးကလည္း က်ေနာ္တို႔ ဗမာျပည္သူေတြနဲ႔ အတူရပ္တည္ၿပီးေတာ့ ပူးေပါင္းပါဝင္ေစခ်င္တယ္ ဆိုတဲ့အေၾကာင္းကို က်ေနာ္က ထပ္ၿပီးတိုက္တြန္းလိုပါတယ္ခင္ဗ်။"
ျမန္မာႏိုင္ငံမွာ မတူကြဲျပားတဲ့ ယဥ္ေက်းမႈေတြနဲ႔ ဓေလ့ထုံးတမ္းေတြေအာက္မွာ အမ်ိဳးသမီးေတြဟာလည္း ညႇဥ္းပန္းႏွိပ္စက္ခံေနရတယ္လို႔ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားေနသူေတြက ေျပာပါတယ္။ စစ္အာဏာမသိမ္းခင္ကတည္းက အမ်ိဳးသမီးေတြအေပၚ ညႇင္းပန္းႏွိပ္စက္မႈေတြ ရွိေနၿပီး အခုခ်ိန္မွာ ဒါ့ထက္ပို ဖိႏွိပ္ခံေနရတယ္လို႔ ကူကီးအမ်ိဳးသမီးမ်ားဆိုင္ရာ လူ႔အခြင့္အေရးအစည္းအ႐ုံး အတြင္းေရးမႉး ဘြိဳင္ႏူးက ဗီအိုေအကိုေျပာပါတယ္။
" အရင္တုန္းကအမ်ိဳးသမီး အၾကမ္းဖက္ခံရမႈေတြ၊ ညႇင္းပန္းႏွိပ္စက္ခံရမႈေတြမွာ ကူညီေထာက္ပံ့ေနတဲ့ အမ်ိဳးသမီးအဖြဲ႕အစည္းေတြ အမ်ားႀကီးရွိတယ္။ က်မတို႔မွာ တိုင္ၾကားရမယ့္ေနရာေတြ၊ ယႏၲရားေတြရွိတယ္။ အခုကာလကေတာ့ က်မတို႔ဆီမွာ လုံးဝမရွိေတာ့ဘူး။ ”
ျမန္မာႏိုင္ငံမွာ အိမ္တြင္း အၾကမ္းဖက္မႈ က်ဴးလြန္ခံေနရတဲ႔ အမ်ိဳးသမီးေတြလည္း အမ်ားအျပား ရွိေနမယ္လို႔ ယူဆေၾကာင္း ကူကီးအမ်ိဳးသမီးမ်ားဆိုင္ရာ လူ႔အခြင့္အေရးအစည္းအ႐ုံး အတြင္းေရးမႉး ဘြိဳင္ႏူးက ထပ္ေလာင္း ေျပာပါတယ္။ စစ္အာဏာသိမ္းမႈကို ဦးေဆာင္ ဆန္႔က်င္ ဆႏၵျပခဲ႔ၾကတာေၾကာင့္ ႏွစ္ရွည္ ေထာင္ခ်ခံရတဲ႔ နယ္ပယ္ အသီးသီးက အေျခခံ လုပ္သားေတြလည္း ရွိေနၿပီး သူတို႔ရဲ႕ ႏိုင္ငံေရး ယံုၾကည္ခ်က္ေၾကာင့္ လႈပ္ရွားမႈေတြေၾကာင့္ ညႇဥ္းပန္း ႏွိပ္စက္ခံရတယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ေဒၚမိုးစႏၵာျမင့္ဟာ ျမန္မာႏိုင္ငံ အေထြေထြအလုပ္သမား သမဂၢမ်ား FGWM ရဲ႕ ဥကၠ႒ ျဖစ္ပါတယ္။
"အလုပ္သမားလူတန္းစားအတြက္ အဖိႏွိပ္ခံမႈေတြကိုလည္း လြတ္ေျမာက္ေစခ်င္တယ္။ အခု စစ္အာဏာသိမ္းမႈကာလမွာလည္း အဖိႏွိပ္ခံဘဝကေနၿပီးေတာ့ အသက္ေတြေပးခဲ့တယ္။ ေထာင္တြင္းအက်ဥ္းက်ခံမႈေတြလည္း ရွိေနတယ္။ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း လူ႔အခြင့္အေရး၊ အလုပ္သမားအခြင့္အေရးေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ခံေနရၿပီး ဒီမိသားစုရပ္တည္ေရးအတြက္ လုပ္ငန္းခြင္ေတြထဲမွာ လုပ္ကိုင္ေဆာင္႐ြက္ေနရတဲ့ အေျခခံအလုပ္သမားထုအတြက္ကို က်မတို႔ေ႐ြးခ်ယ္ထားတဲ့ NUG အစိုးရအေနနဲ႔ ေသေသခ်ာခ်ာမွတ္တမ္းတင္ထားၿပီးေတာ့ ျပန္လည္ထူေထာင္ေရး ျဖစ္လာၿပီဆိုတဲ့အခါ က်လို႔ရွိရင္ ေျပာင္းလဲမႈေတြလုပ္ကိုင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔အတြက္ ဒီအလုပ္သမားေတြရဲ႕အေျခအေနကို ေစာင့္ၾကည့္ၿပီးေတာ့ အထူးဂ႐ုစိုက္လုပ္ဖို႔အတြက္ကို က်မအေနနဲ႔ တိုက္တြန္းေျပာၾကားခ်င္ပါတယ္။"
ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးရဲ႕ ၂၀၂၁ ခုႏွစ္၊ မတ္လတုန္းက ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ႏိုင္ငံတဝွမ္းက စစ္ဘက္ထိန္းသိမ္းေရးစခန္းေတြမွာ ႏွစ္ရွည္လမ်ား စစ္ေၾကာေမးျမန္းေရးအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြ က်ဴးလြန္ေနတဲ့ ႏွိပ္စက္ညႇဥ္းပန္းမႈေတြနဲ႔ တျခားႏွိပ္စက္မႈပုံစံမ်ိဳးစုံအပါအဝင္ ဆိုး႐ြားတဲ့လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မွတ္တမ္းတင္ထားတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢက ေျပာထားပါတယ္။ ျမန္မာႏိုင္ငံမွာ က်ဴးလြန္ေနတဲ့ ညႇဥ္းပန္းႏွိပ္စက္မႈေတြကို ဆန႔္က်င္ေၾကာင္း ရဲရဲရင့္ရင့္ထုတ္ေဖာ္ေနတဲ့ အရပ္ဘက္အဖြဲ႕ေတြ၊ အထူးသျဖင့္ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြ၊ သတင္းမီဒီယာသမားေတြနဲ႔ အတူလက္တြဲေဆာင္႐ြက္သြားမယ္လို႔လည္း အခုႏွစ္ရဲ႕ အျပည္ျပည္ဆိုင္ရာ ညႇဥ္းပန္းႏွိပ္စက္ခံရသူမ်ားကို ကူညီေထာက္ပံ့ေရးေန႔မွာ ဥေရာပသမဂၢက ထုတ္ျပန္ထားပါတယ္။
Unicode
စစ်ကောင်စီနဲ့ လက်နက်ကိုင်တွေ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်မှု ရပ်ဖို့ တိုက်တွန်း
စစ်ကောင်စီနဲ့ တခြားသော လက်နက်ကိုင်အုပ်စုများအနေနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာညှဉ်းပန်း နှိပ်စက်မှုတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့မှာ အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးပါမယ်။
စစ်အုပ်စုနဲ့ တခြားသောလက်နက်ကိုင် အုပ်စုတွေဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မှုနေတယ်လို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၄ ခုက ပူးတွဲ ထုတ်ပြန် တိုက်တွန်းတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး သဘောထား ကွဲပြားမှုကြောင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းထောင်တွင်းမှာ နှိပ်စက်ခံရပြီး သေဆုံးသူက ၉၅ ဦးထိ ရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ၂၀၂၁ ဦးတို့ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်းလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်က ဖော်ပြပါတယ်။ အခု ကြေညာချက်မှာ ပါဝင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ် အရပ်သား ထိခိုက် သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP လည်း ပါဝင်ပါတယ်။ Burma Civil War Museum (BCM) တည်ထောင်သူ ကိုရဲဟိန်းအောင်ကတော့ နိုင်ငံတကာက စစ်တပ်ကို ဖိအားပေးဖို့ လိုအပ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
"စစ်အုပ်စုရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နောက်တခုက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ အသုံးပြုနေတဲ့ လက်နက်တွေကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့ဖို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဖို့၊ စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ဖြစ်စေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ အကောင်အထည်ဖော်ဖို့၊ ဒါတွေကို နိုင်ငံတကာအပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အကုန်လုံးကလည်း ကျနော်တို့ ဗမာပြည်သူတွေနဲ့ အတူရပ်တည်ပြီးတော့ ပူးပေါင်းပါဝင်စေချင်တယ် ဆိုတဲ့အကြောင်းကို ကျနော်က ထပ်ပြီးတိုက်တွန်းလိုပါတယ်ခင်ဗျ။"
မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးတမ်းတွေအောက်မှာ အမျိုးသမီးတွေဟာလည်း ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်ကတည်းက အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေပြီး အခုချိန်မှာ ဒါ့ထက်ပို ဖိနှိပ်ခံနေရတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အတွင်းရေးမှူး ဘွိုင်နူးက ဗီအိုအေကိုပြောပါတယ်။
" အရင်တုန်းကအမျိုးသမီး အကြမ်းဖက်ခံရမှုတွေ၊ ညှင်းပန်းနှိပ်စက်ခံရမှုတွေမှာ ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ကျမတို့မှာ တိုင်ကြားရမယ့်နေရာတွေ၊ ယန္တရားတွေရှိတယ်။ အခုကာလကတော့ ကျမတို့ဆီမှာ လုံးဝမရှိတော့ဘူး။ ”
မြန်မာနိုင်ငံမှာ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခံနေရတဲ့ အမျိုးသမီးတွေလည်း အများအပြား ရှိနေမယ်လို့ ယူဆကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အတွင်းရေးမှူး ဘွိုင်နူးက ထပ်လောင်း ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ဦးဆောင် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာကြောင့် နှစ်ရှည် ထောင်ချခံရတဲ့ နယ်ပယ် အသီးသီးက အခြေခံ လုပ်သားတွေလည်း ရှိနေပြီး သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လှုပ်ရှားမှုတွေကြောင့် ညှဉ်းပန်း နှိပ်စက်ခံရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒေါ်မိုးစန္ဒာမြင့်ဟာ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများ FGWM ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
"အလုပ်သမားလူတန်းစားအတွက် အဖိနှိပ်ခံမှုတွေကိုလည်း လွတ်မြောက်စေချင်တယ်။ အခု စစ်အာဏာသိမ်းမှုကာလမှာလည်း အဖိနှိပ်ခံဘဝကနေပြီးတော့ အသက်တွေပေးခဲ့တယ်။ ထောင်တွင်းအကျဉ်းကျခံမှုတွေလည်း ရှိနေတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရပြီး ဒီမိသားစုရပ်တည်ရေးအတွက် လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေခံအလုပ်သမားထုအတွက်ကို ကျမတို့ရွေးချယ်ထားတဲ့ NUG အစိုးရအနေနဲ့ သေသေချာချာမှတ်တမ်းတင်ထားပြီးတော့ ပြန်လည်ထူထောင်ရေး ဖြစ်လာပြီဆိုတဲ့အခါ ကျလို့ရှိရင် ပြောင်းလဲမှုတွေလုပ်ကိုင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒီအလုပ်သမားတွေရဲ့အခြေအနေကို စောင့်ကြည့်ပြီးတော့ အထူးဂရုစိုက်လုပ်ဖို့အတွက်ကို ကျမအနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ်။"
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ နိုင်ငံတဝှမ်းက စစ်ဘက်ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ စစ်ကြောမေးမြန်းရေးအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တခြားနှိပ်စက်မှုပုံစံမျိုးစုံအပါအဝင် ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင်ကြောင်း ရဲရဲရင့်ရင့်ထုတ်ဖော်နေတဲ့ အရပ်ဘက်အဖွဲ့တွေ၊ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့လည်း အခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့မှာ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။