သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလှည့်ခရီးသွား စီမံကိန်းသစ် မြန်မာအစိုးရကြေညာ


ပုဂံမြေမှ ကမ္ဘာလှည့်ခရီးသွားများ (၅ အောက်တိုဘာ ၂၀၀၉)
ပုဂံမြေမှ ကမ္ဘာလှည့်ခရီးသွားများ (၅ အောက်တိုဘာ ၂၀၀၉)
ဒီအရေးကြီးတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကြီးမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်နဲ့ အာဆီယံနိုင်ငံတွေကြားမှာ လွတ်လွတ်လပ်လပ် ခရီးသွားလာနိုင်တဲ့ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ သဘောတူညီချက်တွေကို ချမှတ်နိုင်လိုက်ပါတယ်။ နေပြည်တော်မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ကိုကျော်ကျော်သိန်းက ဒီအကြောင်းကို အခုလို တင်ပြပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ နောက် နော်ဝေနဲ့မြန်မာအစိုးရကြားမှာ သဘောတူညီချက် ရတယ်လို့သိရပါတယ်။ အဲ့ဒီသဘောတူညီချက်က ဘာများပါလိမ့် ကိုကျော်ကျော်သိန်း။

ဖြေ။ ။ ဖြေ - အခုဒီမှာ ထွက်လာတဲ့ သတင်းတွေ အရကတော့ မြန်မာအစိုးရရယ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရယ်၊ နော်ဝေအစိုးရရယ် ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် Tourism Master Plan ပေါ့လေ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းကြီးပေါ့လေ။ အဲဒီစီမံကိန်းကြီးကနေပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပေါင်း ၃၈ ခုအတွက် တန်ဘိုးငွေအားဖြင့်ဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ နီးပါး ပါဝင်တဲ့ စီမံကိန်းတခုကို သူတို့ သဘောတူလိုက်ကြတယ်ဆိုပြီး သတင်းထွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီး သတင်းမှာ ရေးသားထားတာကတော့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုပြီးတော့ ဝင်ရောက်လာဖို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ အနှိုင်းမဲ့တဲ့ သူမတူတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းမယ်၊ တခါ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပဲနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ် ဆိုပြီးတော့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီးတော့ သတင်းတွေမှာ ရေးကြပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ မြန်မာအပါအဝင် အာဆီယံ နိုင်ငံတချို့ကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ပြီးတော့လည်း သဘောတူညီချက် ရတယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်ကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား ၄ နိုင်ငံတို့ဟာ အာဆီယံဒေသတွင်းမှာ လွတ်လပ်စွာ သွားလာခွင့် ဗီဇာအတွက် ဒီကနေ့မှာပဲ ၂၀၁၃ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သဘောတူညီမှုရခဲ့တယ် ဆိုပြီးတော့ သတင်းထုတ်ပြန်ပါတယ်။ ဒီ ၄ နိုင်ငံပေါ့လေ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးတွေဟာ ဒေသတွင်းမှာ လွတ်လပ်စွာသွားလာခွင့်၊ ဒီမှာရေးထားတာကတော့ Smart Visa စနစ်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပချိန်မှာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးတယ် ဆိုပြီးတော့ ၄ နိုင်ငံ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ထဲမှာပဲ ခုနက ကျနော်ပြောခဲ့တဲ့ ဟော်တယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီး ရေးထားတာမှာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းအားဖြင့် ခရီးသွားလာမှုဆိုင်ရာ ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေဟာ ဒီစနစ် အကောင်အထည် ဖော်နိုင်ဖို့အတွက် အခက်အခဲတွေကို ဖြေရှင်းဖို့ အတူတူလက်တွဲ ကြိုးစားသွားကြမယ်လို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်တဲ့။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ အချင်းချင်းလက်တွဲပူးပေါင်း ဆောင်ရွက်ကြရင် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်မှာပါ ဆိုပြီးတော့ ဟော်တယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်ခင်ဗျ။

မေး။ ။ ကိုကျော်ကျော်သိန်းရေ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့က တာဝန်ရှိသူတွေလည်း Economic Forum အစည်းအဝေးကို တက်တယ်လို့ သတင်းရထားပါတယ်။ ဆိုတော့ Amnesty International လို လူ့အခွင့်အရေး ဆောင်ရွက်တဲ့ အဖွဲ့က မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံကြမယ့် စီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လိုသတင်းစကားမျိုး ပါးပါလဲ။
ဖြေ။ ။ AI အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် တဦးဖြစ်တဲ့ Mr Salil Shetty ကို သီးခြားတွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီနေရာမှာ သူကနိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းပေါ့လေ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေကို AI ကပြောချင်တဲ့ သတင်းစကားကို သူကပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ မြန်မာလူထုကို ပံ့ပိုးကူညီဖို့ စိတ်ဝင်စားကြတယ်ဆိုတာက သိပ်ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း၊ ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်း ဖြစ်ချင်တယ်ဆိုရင် တခုတည်းသောနည်းလမ်းက မြန်မာနိုင်ငံက လူတိုင်းကို တန်းတူအခွင့်အရေးပေးတဲ့ လူ့အခွင့်အရေးမူဘောင်တွေကို အသုံးပြုတာပါပဲ။ စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ပေးတဲ့အကြံကတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် လူ့အခွင့်အရေးအပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတာကို နားလည်ရမယ်ဆိုတာပါ။ အဲဒါကို သူတို့ စိတ်ထဲထည့်ထားသရွေ့ ဒီနိုင်ငံက လူတိုင်းရဲ့ အခွင့်အရေးတွေကို လေးစားသရွေ့ အဲဒါဟာ နှစ်ဘက်လုံး အနိုင်ရတဲ့အခြေအနေ ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (AI) အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်တစ်ဦးဖြစ်သူ Salil Shetty က ဗွီအိုအေကိုပြောခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG