သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို တရားဝင်ဂုဏ်ပြုဖို့ တက်ကြွသူတွေတောင်းဆို

1/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
2/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
3/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
4/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
5/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
6/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
7/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
8/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
9/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
10/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
11/11
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်ပြီးတဲ့နောက် သူ့ရဲ့ ဈာပနအခမ်းအနားကို အကြောင်းပြုပြီး ဦးသန့် အရေးအခင်းဖြစ်ခဲ့တာ ၄၄ နှစ်ပြည့်သွားပါပြီ။ ဒီမိုကရေစီလှုပ်ရှားမှုတွေထဲ အရေးပါတဲ့ အရေးအခင်းတခုဖြစ်ပေမယ့် ဒီကနေ့ထိ တော့ စစ်မှန်တဲ့ဒီမိုကရေစီ မရရှိသေးဘူးလို့ ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့သူ အဲဒီအချိန် ကျောင်းသားမျိုးဆက်ဟောင်းတွေက ပြောပါတယ်။ ဒါ့အပြင် ဦးသန့်အမှတ်တရအခမ်းအနားတွေကို အစိုးရက ဦးဆောင်ကျင်းပပေးဖို့ ကျောင်းသားမျိုးဆက်ဟောင်း တွေက တောင်းဆိုကြပါတယ်။ ဒီကနေ့ကျရောက်တဲ့ ဦးသန့်အရေးအခင်းနှစ်ပတ်လည်နေ့အကြောင်း ကိုစည်သူ စုစည်းတင်ပြထားပါတယ်။

ဦးသန့်အရေးအခင်း ၄၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အဲဒီအရေးအခင်းမှာပါဝင်ခဲ့သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်းထားရှိရာ ဦးသန့်ဂူဗိမာန်ကို သွားရောက် ဂါရဝ ပြုကြပေမယ့် တခမ်းတနားဂုဏ်ပြုရတာမျိုးမဟုတ်ဘဲ သော့ပိတ်ထားတဲ့ ဂူဗိမာန်ရှေ့မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ အလျဉ်းသင့် သလို ဂါရဝပြုကြရပါတယ်။ လက်ရှိ ဒီမိုကရေစီအစိုးရအနေနဲ့ ဦးသန့်အရေးအခင်းလို အမှတ်တရနေ့မျိုးမှာ ဦးသန့်ဂူဗိမာန်ကို အသိအမှတ်ပြုပေးဖို့ ကျောင်းသားမျိုးဆက်တွေက တောင်းဆိုကြပါတယ်။

၁၉၇၄ ဦးသန့်အရေးအခင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်း ဦးကျော်အောင်က ပြောတာကတော့

"ဒီခေတ်မှာလည်း ဒီမိုကရေစီဘက်တော်သားတွေဖြစ်တဲ့ NLD အစိုးရဖြစ်တဲ့ ပုဂ္ဂိုလ် တွေက သူ့ကျေးဇူးတွေကို သိဖို့လိုတယ်။ သူ့ဂုဏ်ပုဒ်တွေကို နားလည်သိရှိဖို့လိုတယ်။ နားလည်မသိရှိပဲနဲ့ ဟိုတုန်းက ဒီ နေရာလေးရခဲ့တာတောင်မှ အကုန်လုံးတိုက်ပွဲဝင်ခဲ့လို့ ကျောင်းသားတွေ စွန့်စွန့်စားစားနဲ့ တိုက်ပွဲဝင်ခဲ့လို့ ဒီနေရာလေးရခဲ့တာ ။ အရင်တုန်းက ဦးနေဝင်းသဘောဆိုရင် ကြံတောမှာ မထင်မရှားလေး မြုပ်လိုက်မယ် ။ အရင်တုန်းက တိုက်ပွဲဝင်ခဲ့လို့ ရခဲ့တဲ့ နေရာလေးကိုတောင်မှ ဒီနေ့ ဒီမိုကရေစီအစိုးရက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပြီးတော့ ခမ်းခမ်းနားနားလုပ်ခွင့် အကိုတို့မရခဲ့ဘူး ဒါဟာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်။"

ဦးသန့်လို ကမ္ဘာ့အထင်ကရ မြန်မာလူမျိုးတစ်ယောက်ရဲ့ ဂူဗိမာန်ကို မျိုးဆက်သစ်တွေ သိရှိနိုင်ဖို့ တခမ်းတနား ဖွင့်လှစ်ထားသင့်တယ်လို့ ဂူဗိမာန်ကိုလာရောက်တဲ့ထဲကတဦးဖြစ်သူ ဦးတင်အောင်က ပြောပါတယ်။

"အခုဒီအစိုးရလက်ထက်မှာ ကမ္ဘာမှာ မြန်မာလူမျိုးတယောက်က ဒီလောက်တာဝန်ကြီးကြီးတွေယူခဲ့တယ် ။ တတိယကမ္ဘာစစ်လိုဖြစ်မယ့်ဟာမျိုးထဲကတောင် ကယ်တင်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တယောက်အနေနဲ့ မြန်မာပြည်ကဖြစ်ခဲ့တယ် ဂုဏ်ယူဝင့်ကြွားစွာရှိခဲ့တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားရင်းနဲ့ ဒါကို ဖွင့်လစ်ပြီးတော့ တခမ်းတတနားနဲ့ ထားသင့်တယ်လို့ ထင်တယ် အခု ဒီလိုမျိုးဖြစ်နေရတော့ အင်မတန်မှ ဝမ်းနည်းစရာပဲ ၊ စိတ်မကောင်း စရာပဲ တကယ်တမ်းတော့ ဒီ ပုဂ္ဂိုလ်ကြီးဟာ အင်မတန်မှ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက ဂုဏ်ပြုမခံရပဲနဲ့ ဒီလို သော့လေး ခတ်ခံထားရတာကတော့ ဒါမဖြစ်သင့်ဘူးထင်တယ် ဦးအနေနဲ့ကတော့။"

ဦးသန့်အရေးအခင်း နှစ်ပတ်လည်အနေနဲ့ ဦးသန့်ဂူဗိမာန်ရှေ့ အခမ်းအနားလုပ်ခွင့်ကို ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် မိသားစုနဲ့ သက်ဆိုင်ရာက ခွင့်မပြုခဲ့ဘူးလို့ အမှတ်တရပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အတိအကျသိရဖို့အတွက် ဦးသန့်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း အဆက်အသွယ်လုပ်လို့ မရခဲ့ပါဘူး။

ဦးသန့်နှစ်ပတ်လည်နေ့အခမ်းအနားတွေကိုတော့ ရန်ကုန်မြို့နေရာတချို့မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပကြပါတယ်။ မရမ်းကုန်းမြို့နယ် ပေါက်စေတီကျောင်းတိုက်မှာလုပ်တဲ့ အထိမ်းအမှတ်ပွဲမှာ ယခင်နှစ်တွေကလိုပဲ ၇၄ ကျောင်းသားမျိုးဆက် တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတချို့ တက်ရောက်ကြပါတယ်။ အစိုးရတာဝန်ရှိသူတချို့ကို ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ခဲ့ဘူး လို့ အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနား စီစဉ်သူတွေကပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဦးသန့်ဈာပနကျင်းပရေး သမိုင်းအထင်ကရ အဖြစ်အပျက်တွေကို မျိုးဆက်သစ်တွေ သိရှိနိုင်ဖို့နဲ့ ဒီမိုကရေစီပီပြင်အောင် ဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြီး ဒီလို အထိမ်းအမှတ်ပွဲမျိုးကို ကျင်းပတာဖြစ်တယ်လို့ ဦးသန့်အရေးအခင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဒေါက်တာလှမြင့်ကပြောပါတယ်။

" ဒီမိုကရေစီ ရကောင်းရတယ်၊ ရနေတယ်လို့ ထင်ကောင်းထင်မှာပေါ့။ တကယ်တော့ ကျနော်တို့ ဒီမိုကရေစီလည်းမရသေးပါဘူး။ ဆက်လက်ပြီးတော့လည်း တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ခေတ်အဆက်ဆက် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကနေပြီးတော့ တတ်နိုင်သလောက် ကျနော်တို့ အသက်အရွယ်တွေကြီးပေမယ့် သမိုင်းကြောင်းကတော့ ပျောက်မှာ မဟုတ်ပါဘူး။ သို့သော် သမိုင်းကြောင်းမပျောက်ပေမယ့် ဒီလိုအခမ်းအနားကျင်းပတာတွေ ပျောက်ကွယ်သွားမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို အခမ်းအနားကျင်းပပြီးတော့ အမြဲသတိရနေဖို့ ကျနော်တို့ လက်ဆင့်ကမ်း လူငယ်တွေကို ကျနော်တို့ ကူးပြောင်းတာဝန်ပေးချင်တဲ့ ဆန္ဒ ကျနော်တို့မှာရှိပါတယ။"

ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အာရှတိုက်က ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ကျူးဘား ဒုံးကျည် အရေးကိစ္စနဲ့ ကွန်ဂိုပြည်တွင်းစစ်ပွဲတွေကို ပြေလည်အောင် ကြိုးစားဖြေရှင်းခဲ့တဲ့ကြောင့် အဓိက ချီးကျူးခံရသူပါ။

၁၉၇၄ ခုနှစ် သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်လာပြီး နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုသဂြုႋဟ်ဖို့ အဲဒီအချိန်က အာဏာရှင် ဦးနေဝင်းက ငြင်းဆန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြပြီး ဦးသန့်ရုပ်အလောင်းကို လုယူခဲ့ကြတာ်ကြောင့် သမိုင်းမှာထင်ရှားတဲ့ ဦးသန့်အရေးအခင်း ဖြစ်ခဲ့ရတာပါ။

အဲဒီအရေးအခင်းကာလအတွင်း ကျောင်းသားလူငယ် ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ သေဆုံးသူ ၁၈ ဦးထက်မနည်းရှိပေမဲ့ သေဆုံးသူအရေအတွက် အဲဒီထက်ပိုများမယ်လို့ ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဦးသန့် အရေးအခင်း ၄၄ နှစ်ပြည့် အခမ်းအနားများ
please wait

No media source currently available

0:00 0:04:04 0:00
တိုက်ရိုက် လင့်ခ်

​
XS
SM
MD
LG