သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ စိုင်းမောက်ခမ်း စင်္ကာပူသွားမည်


 မြန်မာဒုသမ္မတ စိုင်းမောက်ခမ်း
မြန်မာဒုသမ္မတ စိုင်းမောက်ခမ်း

မြန်မာဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ Singapore နိုင်ငံကို တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ငါးရက်ကြာခရီးထွက်မှာဖြစ်ပါတယ်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အတူ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်နဲ့ ကျန်းမာရေး
ဒုတိယ ဝန်ကြီးဒေါက်တာ ဒေါ်သိန်းသိန်းဋ္ဌေးတို့ လာရောက်မှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခရီးစဉ်အတွင်း ဒုသမ္မတဟာ စင်္ကာပူသမ္မတ Tony Tan၊ ဝန်ကြီးချုပ် Lee Hsien Loong၊ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး Goh Chok Tong တို့နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။


ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ လူမှုအသိုင်းအဝိုင်းနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှုစုံစမ်းဖော်ထုတ်ရေးဗြူရိုတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအကြောင်း ရှင်းပြမှာဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြန်မာသမ္မတဒေါက်တာစိုင်းမောက်ခမ်းကို စင်္ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ပြည်ထဲရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးလည်းဖြစ်တဲ့ Teo Chee Hean ကဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG