သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်အနီး စနေညငလျင် ပြင်းအား ၅ ဝန်းကျင်ရှိ


Myanmar Earth Quake Map
Myanmar Earth Quake Map

မြန်မာနိုင်ငံရန်ကုန်မြို့အနီးမှာ စနေနေ့ညက ပြင်းအား ရစ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွား ခဲ့ပါတယ်။ နေအိမ်အဆောက်အဦးတချို့လှုပ်ခါသွားခဲ့ပေမယ့်၊ အပျက်အစီးနဲ့ ထိခိုက်ဒါဏ်ရာရရှိတယ်ဆိုတဲ့သတင်းမျိုး တွေတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

ရန်ကုန်အနီး စနေညငလျင် ပြင်းအား ၅ ဝန်းကျင်ရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့အနီးမှာ စနေနေ့ညက ပြင်းအား ရစ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွား ခဲ့ပါတယ်။ နေအိမ်အဆောက်အဦး တချို့ လှုပ်ခါသွားခဲ့ပေမယ့်၊ အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရာ ရရှိတယ်ဆိုတဲ့ သတင်းမျိုးတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

စနေနေ့ညဘက် ၈ နာရီ ၅၅ မိနစ်ခန့်မှာ ပဲခူးမြို့အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ကမ္ဘာအေး မြေငလျင်စခန်း ကနေ အရှေ့မြောက်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ မြေအောက်အနက် ၁၀ ကီလိုမီတာ (၆ ဒဿမ ၂ မိုင်) မှာ ဗဟိုပြု လှုပ်ခတ်တာဖြစ်ပြီး၊ ပြင်းအား ၅ ဒဿမ ၁ ရစ်တာစကေး ရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။ ဗဟိုပြုတဲ့နေရာဟာ လှည်းကူးမြို့အနီး ဆီဆုံကုန်းရွာလို့ အချို့မှတ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

အမေရိကန် မြေငလျင်ဌာနရဲ့ ဖေါ်ပြချက်မှာတော့ ၄ ဒဿမ ၈ မဂ္ဂနီကျူ့လို့ ဖေါ်ပြထားပါတယ်။ ရန်ကုန်ဒေသခံ တချို့ကတော့ ငလျင်လှုပ်ခတ်ခဲ့တာကို သတိထားမိကြောင်းနဲ့ နေအိမ်တွေနဲ့ အိမ်တွင်းပစ္စည်းတွေ လှုပ်ခါသွားခဲ့တယ်လို့ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ယက် တချို့မှာ ဖေါ်ပြကြပါတယ်။

Earthquakelist.org ခေါ် ငလျင်အချက်အလက် စုဆောင်းရေးအဖွဲ့ရဲ့ မှတ်တမ်းမှာတော့ မြေအောက် လှုပ်ခတ်မှုတွေဟာ အမြဲမပြတ်လိုရှိနေပြီး ငလျင်အသေးစားလေးတွေ ဖြစ်ပေါ်နေပါတယ်။ ဒီမှတ်တမ်းတွေအရ မြန်မာနိုင်ငံအတွင်းနဲ့ အနီးဝန်းကျင်မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း ငလျင်အသေးစားအကြိမ်ပေါင်း ၁၇ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဒီတကြိမ် ရန်ကုန်မြို့ အနီးလှုပ်ခတ်ခဲ့တာဟာ ရစ်တာစကေ ၅ ဝန်းကျင်ရှိပြီးအများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG