သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-အိန္ဒိယအစည်းအဝေး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရာက်ခွင့် မရ 


ASEAN Logo
ASEAN Logo


[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံမှာ ရှေ့သီတင်းပတ်အတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ကြောင်း သံတမန် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး အန္ဒိယသတင်းတွေမှာ ရေးပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဒီစည်းဝေးပွဲကို ဖိတ်ကြားလိုတဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး အိန္ဒိယက အခုလို ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ထွက်ပေါ် မလာမချင်း နိုင်ငံရေးအရ ကိုယ်စားပြုခြင်းမရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ အရေးပါတဲ့ အာဆီယံ စည်းဝေးပွဲတွေကို ဖိတ်ကြားရမယ်ဆိုတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်အတိုင်း အိန္ဒိယက လိုက်နာ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးမဟုတ်ဘဲ နိုင်ငံခြားရေးဌာနက အရာရှိတဦး ဒီစည်းဝေးပွဲကိုတက်ဖို့ အိန္ဒိယက ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီ စည်းဝေးပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ကောင်း တက်နိုင်ခြေရှိပေမယ့် ဘယ်သူမှ မတက်ခဲ့ရင် မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ထိုင်ခုံကို အလွတ်ချထားမယ်လို့ ဆိုပါတယ်။

အခုချိန်ထိ ဆွေးနွေးနေဆဲဖြစ်တာကြောင့် အခြေအနေတွေ ပြောင်းလဲမှု ရှိလာနိုင်သေးတယ် - လို့ သံတမန်သတင်းအရင်းအမြစ်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက် Economic Times သတင်းက ရေးပါတယ်။

မနှစ် ဧပြီလက အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား သဘောတူညီမှု ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီဘက်က အခုချိန်ထိ အကောင်အထည်ဖော်ခြင်းမရှိသေးတဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမကဘဲ နိုင်ငံတကာအသိုင်းဝိုင်းက စိတ်ပျက်နေကြတာပါ။

အိန္ဒိယဟာ မြန်မာနိုင်ငံအတွင်း ပြီးလုနီးပါးဖြစ်နေတဲ့ ကုလားတန် ဘက်စုံ ဆိပ်ကမ်းစီမံကိန်းကို ဆောင်ရွက်နေတဲ့အပြင် ကီလိုမီတာ ၁,၃၆၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးကားမ စီမံကိန်း စတဲ့ အခြေခံအဆောက်အဦးနဲ့ဆိုင်တဲ့ စီမံကိန်းကြီး ၂ ခုကို အကောင်အထည်ဖော်နေတာပါ။

တိုက်ရိုက် လင့်ခ်

=============
[[Unicode]]









=============

XS
SM
MD
LG