သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံက NUG နဲ႔ထိေတြ႕ဆက္ဆံဖို႔ ကန္ႏိုင္ငံျခားေရးအတိုင္ပင္ခံ တိုက္တြန္း


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet 


[[Zawgyi/Unicode]]

အာဆီယံက NUG နဲ႔ထိေတြ႕ဆက္ဆံဖို႔ ကန္ႏိုင္ငံျခားေရးအတိုင္ပင္ခံ တိုက္တြန္း

အေမရိကန္ျပည္ေထာင္စုဟာ NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ထိေတြ႔ဆက္ဆံဖို႔ ဆုံးျဖတ္ထားသလို အာဆီယံ အဖြဲ႔ဝင္ႏိုင္ငံေတြအားလုံးကလည္း NUG နဲ႔ လူသိရွင္ၾကား ထိေတြ႔ဆက္ဆံၾကဖို႔ တိုက္တြန္းေၾကာင္း အေရွ႕ေတာင္အာရွ ၃ ႏိုင္ငံကို ခရီးထြက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Straits Times သတင္းမွာ ေဖာ္ျပထားပါတယ္။

“လြန္ခဲ့တဲ့ (၈) လ၊ (၉) လအတြင္း အြန္လိုင္း ဗြီဒီယို ဆက္သြယ္မႈကတဆင့္ NUG နဲ႔ အေမရိကန္ျပည္ေထာင္စုက ပုံမွန္ ထိေတြ႔ဆက္ဆံေနခဲ့တာမွာ NUG ရဲ႕ စြမ္းေဆာင္ရည္ ျမင့္တက္လာေရး၊ အဖြဲ႔အစည္း စည္းစံနစ္က်ၿပီး ပိုမို ထိေရာက္စြာ ျမန္မာျပည္သူေတြကို ကူညီေပးႏိုင္ေရး စတာေတြကို ေဆာင္႐ြက္ေနခဲ့ေၾကာင္း” – Derek Chollet ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Straits Times သတင္းက ေရးပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေျပလည္ေရးအတြက္ စစ္တပ္တခုတည္းနဲ႔ ထိေတြ႕ ဆက္ဆံေနလို႔မရႏိုင္ေၾကာင္း၊ အတိုက္အခံ ဒီမိုကေရစီ အင္အားစုေတြနဲ႔ပါ ထိေတြ႕ ဆက္ဆံဖို႔ လိုအပ္ေၾကာင္းလည္း Derek Chollet ေျပာပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sakhonn အေနနဲ႔လည္း ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ျမန္မာႏိုင္ငံထဲမွာ သူေတြ႔လိုတဲ့လူပုဂၢိဳလ္အားလုံးနဲ႔ ေတြ႔ဆုံႏိုင္လိမ့္မယ္လို႔ အေမရိကန္က ေမွ်ာ္လင့္ေၾကာင္းလည္း သူက ေျပာပါတယ္။

Derek Chollet ဟာ ထိုင္း၊ စကၤာပူနဲ႔ ဘ႐ူႏိုင္း ၃ ႏိုင္ငံခရီးစဥ္ကို မေန႔ ဇြန္လ ၇ ရက္ေန႔က စတင္ခဲ့တာပါ။ သူ႔ခရီးစဥ္အတြင္း ျမန္မာႏိုင္ငံဒီမိုကေရစီ ျပန္လည္ရရွိေရးကိစၥေတြအပါအဝင္ ၿပီးခဲ့တဲ့ အာဆီယံအေမရိကန္ ထိပ္သီးအစည္းအေဝး ဆုံးျဖတ္ခ်က္ေတြကို ဆက္လက္အေကာင္အထည္ေဖၚဖို႔ကိစၥေတြ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ ေျပာထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဟာ ဒီရက္သတၱ ပတ္အတြင္းအေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Sherman နဲ႔အတူ ဗီယက္နမ္၊ လာအိုနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြသြားေရာက္ခဲ့ၿပီး ႏွစ္ႏိုင္ငံျခင္းစီဆက္ဆံေရးအျပင္ အာဆီယံတခုလုံးနဲ႔ပါ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕အေလးအနက္ထားမႈ ေတြကိုေဖၚျပေဆြးေႏြးခဲ့ၾကပါတယ္။

တက္ႂကြလႈပ္ရွားသူေတြနဲ႔ လႊတ္ေတာ္အမတ္တခ်ိဳ႕ ေတာင္းဆိုေနေပမယ့္ NUG ကို သံတမန္ေရးအရ တရားဝင္ အသိအမွတ္ျပဳျခင္းေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

အာဆီယံက NUG နဲ့ထိတွေ့ဆက်ဆံဖို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုက်တွန်း

အမေရိကန်ပြည်ထောင်စုဟာ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ထားသလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကလည်း NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ ၃ နိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

“လွန်ခဲ့တဲ့ (၈) လ၊ (၉) လအတွင်း အွန်လိုင်း ဗွီဒီယို ဆက်သွယ်မှုကတဆင့် NUG နဲ့ အမေရိကန်ပြည်ထောင်စုက ပုံမှန် ထိတွေ့ဆက်ဆံနေခဲ့တာမှာ NUG ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာရေး၊ အဖွဲ့အစည်း စည်းစံနစ်ကျပြီး ပိုမို ထိရောက်စွာ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ရေး စတာတွေကို ဆောင်ရွက်နေခဲ့ကြောင်း” – Derek Chollet ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Straits Times သတင်းက ရေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခပြေလည်ရေးအတွက် စစ်တပ်တခုတည်းနဲ့ ထိတွေ့ ဆက်ဆံနေလို့မရနိုင်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ပါ ထိတွေ့ ဆက်ဆံဖို့ လိုအပ်ကြောင်းလည်း Derek Chollet ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sakhonn အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံထဲမှာ သူတွေ့လိုတဲ့လူပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

Derek Chollet ဟာ ထိုင်း၊ စင်္ကာပူနဲ့ ဘရူနိုင်း ၃ နိုင်ငံခရီးစဉ်ကို မနေ့ ဇွန်လ ၇ ရက်နေ့က စတင်ခဲ့တာပါ။ သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးကိစ္စတွေအပါအဝင် ပြီးခဲ့တဲ့ အာဆီယံအမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဒီရက်သတ္တ ပတ်အတွင်းအမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherman နဲ့အတူ ဗီယက်နမ်၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေသွားရောက်ခဲ့ပြီး နှစ်နိုင်ငံခြင်းစီဆက်ဆံရေးအပြင် အာဆီယံတခုလုံးနဲ့ပါ ဆက်ဆံရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့အလေးအနက်ထားမှု တွေကိုဖေါ်ပြဆွေးနွေးခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်တချို့ တောင်းဆိုနေပေမယ့် NUG ကို သံတမန်ရေးအရ တရားဝင် အသိအမှတ်ပြုခြင်းတော့ မရှိသေးပါဘူး။
=============

XS
SM
MD
LG