သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံသေဘာတူညီခ်က္ ထိပ္သီးအစည္းအေဝးျပန္သုံးသပ္မည္


ကေမၻာဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာက်င္းပတဲ့ အာဆီယံေဒသတြင္းေဆြးေႏြးပြဲ (ၾသဂုတ္ ၅၊ ၂၀၂၂/ AKP)


[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီအေနနဲ႔ ျမန္မာ့အေရး အာဆီယံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္မႈပိုင္း ေႏွာင့္ေႏွးေနတဲ့အေပၚ အင္မတန္စိတ္ပ်က္မိတယ္လို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား ပူးတြဲထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြအေနနဲ႔ အတိုက္အခံလႈပ္ရွားသူေလးဦး ကြပ္မ်က္သတ္ခံရတာအပါအဝင္ ျမန္မာအက်ပ္အတည္းအေျခအေနေတြကို စိုးရိမ္တႀကီးေဆြးေႏြးခဲ့ၾကတယ္လို႔ အခု ဇူလိုင္ ၅ ရက္ ေသာၾကာေန႔မွာထုတ္ျပန္တဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားပူးတြဲေၾကညာခ်က္မွာေဖာ္ျပပါတယ္။ ၿပီးခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေဝးဆုံးျဖတ္ခ်က္ပါ ျမန္မာ့အေရးအာဆီယံသေဘာတူညီမႈ ငါးခ်က္ကို လာမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာျပန္လည္သုံးသပ္ၿပီး ေရွ႕ေနာက္တဆင့္ ဘာလုပ္မလဲဆိုတာ ဆုံးျဖတ္ဖို႔လည္း အဲဒီ ထုတ္ျပန္ခ်က္မွာ အႀကံျပဳတိုက္တြန္းပါတယ္။

ဒါ့အျပင္ ျမန္မာ့အေရးဆိုင္ရာအာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာ့အေရးသက္ဆိုင္သူအားလုံးကို ထိေတြ႕ဆက္ဆံသြားဖို႔ကိုလည္း သေဘာတူတယ္လို႔ ေဖာ္ျပပါတယ္။ အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာစစ္ေကာင္စီအျပင္ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ NUCC အမ်ိဳးသားညီၫြတ္ေရးအတိုင္ပင္ ခံေကာင္စီတို႔နဲ႔ပါ ထိစပ္ဖို႔ မေလးရွားႏိုင္ငံက အဆိုျပဳထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားပူးတြဲထုတ္ျပန္ခ်က္မွာေတာ့ NUG/NUCC ကို ရည္ၫႊန္းေဖာ္ျပတာမ်ိဳးေတာ့မရွိပါဘူး။

ျမန္မာစစ္ေကာင္စီဥကၠ႒ရဲ႕ တေလာက မိန႔္ခြန္းထဲမွာေတာ့ ျပည္တြင္းမၿငိမ္သက္မႈေတြေၾကာင့္ အာဆီယံသေဘာတူညီခ်က္ကိုအေကာင္အထည္ေဖာ္ဖို႔ အခက္အခဲရွိခဲ့တယ္လို႔ ေျပာထားပါတယ္။ ျမန္မာ့အေရး အာဆီယံ သေဘာတူညီခ်က္ ခ်မွတ္ခဲ့စဥ္ အာဆီယံအစည္းအေဝးမွာေတာ့ စစ္ေကာင္စီအႀကီးအကဲကိုယ္တိုင္ရွိခဲ့ၿပီး လိုက္နာေဆာင္႐ြက္မယ္လို႔ ကတိျပဳထားပါတယ္။

အတိုက္အခံ လႈပ္ရွားသူေတြကို ကြပ္မ်က္သတ္ျဖတ္မႈမလုပ္ဖို႔ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ဟြန္ဆင္ကိုယ္တိုင္ ေမတၱာရပ္ခံထားေပမယ့္ တေလာက ထင္ရွားတဲ့တတ္ႂကြလႈပ္ရွားသူႏွစ္ဦးအပါအဝင္ ေလးဦးကို စစ္ေကာင္စီက ကြပ္မ်က္ခဲ့တာေၾကာင့္ အာဆီယံအပါအဝင္ ႏိုင္ငံတကာရဲ႕ ျပစ္တင္ေဝဖန္မႈေတြခံခဲ့ရပါတယ္။ အာဆီယံအသင္းအေနနဲ႔ ႏိုင္ငံေတြရဲ႕ျပည္တြင္းေရးဝင္မစြက္ရဘူးဆိုတဲ့ အေျခခံမူရွိေပမယ့္ အခု ျမန္မာကိစၥမွာေတာ့ ဒီ သေဘာတူညီခ်က္ဟာ အာဆီယံေခါင္းေဆာင္အားလုံးရဲ႕ တညီတည္းသေဘာထားျဖစ္တယ္ဆိုၿပီး ပဋိညာဥ္အပိုဒ္ ၂၀ ကို အခု ထုတ္ျပန္ခ်က္မွာ ျပန္ေထာက္ျပထားပါတယ္။ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ပူးတြဲထုတ္ျပန္ခ်က္မွာေတာ့ ျမန္မာအျပင္ အျခားကမာၻ႔အေရးျပႆနာေတြျဖစ္တဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္အေရး၊ ကိုရီးယားကြၽန္းဆြယ္အေရးနဲ႔ ယူကရိန္းအက်ပ္အတည္းတို႔ကိုလည္း ထည့္သြင္းေဖာ္ျပပါတယ္။


#MyanmarASEAN #VOABurmese #အာဆီယံ #ျမန္မာ့အေရးအာဆီယံသဘာတူညီခ်က္
===========
[[Unicode]]

မြန်မာ့အရေး အာဆီယံသဘောတူညီချက် ထိပ်သီးအစည်းအဝေးပြန်သုံးသပ်မည်

မြန်မာစစ်ကောင်စီအနေနဲ့ မြန်မာ့အရေး အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်မှုပိုင်း နှောင့်နှေးနေတဲ့အပေါ် အင်မတန်စိတ်ပျက်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အတိုက်အခံလှုပ်ရှားသူလေးဦး ကွပ်မျက်သတ်ခံရတာအပါအဝင် မြန်မာအကျပ်အတည်းအခြေအနေတွေကို စိုးရိမ်တကြီးဆွေးနွေးခဲ့ကြတယ်လို့ အခု ဇူလိုင် ၅ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်ပါ မြန်မာ့အရေးအာဆီယံသဘောတူညီမှု ငါးချက်ကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာပြန်လည်သုံးသပ်ပြီး ရှေ့နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ အကြံပြုတိုက်တွန်းပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေးသက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံသွားဖို့ကိုလည်း သဘောတူတယ်လို့ ဖော်ပြပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာစစ်ကောင်စီအပြင် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင် ခံကောင်စီတို့နဲ့ပါ ထိစပ်ဖို့ မလေးရှားနိုင်ငံက အဆိုပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန်ချက်မှာတော့ NUG/NUCC ကို ရည်ညွှန်းဖော်ပြတာမျိုးတော့မရှိပါဘူး။

မြန်မာစစ်ကောင်စီဥက္ကဋ္ဌရဲ့ တလောက မိန့်ခွန်းထဲမှာတော့ ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် အာဆီယံသဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့ အခက်အခဲရှိခဲ့တယ်လို့ ပြောထားပါတယ်။ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ချမှတ်ခဲ့စဉ် အာဆီယံအစည်းအဝေးမှာတော့ စစ်ကောင်စီအကြီးအကဲကိုယ်တိုင်ရှိခဲ့ပြီး လိုက်နာဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေကို ကွပ်မျက်သတ်ဖြတ်မှုမလုပ်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်ကိုယ်တိုင် မေတ္တာရပ်ခံထားပေမယ့် တလောက ထင်ရှားတဲ့တတ်ကြွလှုပ်ရှားသူနှစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့တာကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရပါတယ်။ အာဆီယံအသင်းအနေနဲ့ နိုင်ငံတွေရဲ့ပြည်တွင်းရေးဝင်မစွက်ရဘူးဆိုတဲ့ အခြေခံမူရှိပေမယ့် အခု မြန်မာကိစ္စမှာတော့ ဒီ သဘောတူညီချက်ဟာ အာဆီယံခေါင်းဆောင်အားလုံးရဲ့ တညီတည်းသဘောထားဖြစ်တယ်ဆိုပြီး ပဋိညာဉ်အပိုဒ် ၂၀ ကို အခု ထုတ်ပြန်ချက်မှာ ပြန်ထောက်ပြထားပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာတော့ မြန်မာအပြင် အခြားကမ္ဘာ့အရေးပြဿနာတွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်အရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ယူကရိန်းအကျပ်အတည်းတို့ကိုလည်း ထည့်သွင်းဖော်ပြပါတယ်။
#MyanmarASEAN #VOABurmese #အာဆီယံ #မြန်မာ့အရေးအာဆီယံသဘာတူညီချက်
===========

XS
SM
MD
LG