သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံ ဒုတိယအႀကိမ္ခရီးစဥ္ စတင္


ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားဒုဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိ္ုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားဒုဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိ္ုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn ဟာ ဒုတိယအႀကိမ္ ျမန္မာႏိုင္ငံခရီးစဥ္ကို ဒီေန႔ စတင္ပါတယ္။

ဒုဝန္ႀကီးခ်ဳပ္ Prak Sokhonn ဟာ ျမန္မာႏိုင္ငံကို ဇြန္လ ၂၉ ရက္ကေန ဇူလိုင္လ ၃ ရက္ေန႔အထိ သြားေရာက္ေနတယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံဘံုသေဘာတူညီခ်က္ ၅ ခ်က္အေပၚ အေကာင္အထည္ေဖာ္ေနတဲ့ အေျခအေန၊ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာတဲ့ အကူအညီေတြ ေပးေရးကိစၥနဲ႔ သက္ဆိုင္သူေတြအားလံုးပါဝင္တဲ့ ႏိုင္ငံေရးေဆြးေႏြးမႈုျဖစ္ေပၚလာေစေရးတို႔အတြက္ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံသြားေရာက္တာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက ေနျပည္ေတာ္အက်ဥ္းေထာင္မွာ ေျပာင္းေရႊ႕ထားခဲ့ၿပီးေနာက္ သူ႔ကို အက်ဥ္းေထာင္ထဲမွာ မထားဘို႔အာဆီယံအထူးကိုယ္စားလွယ္က သူ႔ခရီးစဥ္ မစခင္ေတာင္းဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ အေျခအေန ပံုမွန္ျပန္ေရာက္ေရး၊ ၿငိမ္းခ်မ္းတဲ့ ႏိုင္ငံေရးနည္းနဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးတို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အေရးႀကီးတဲ့ အခန္းကပါဝင္သူအျဖစ္ ႏိုင္ငံတကာကေရာ ျမန္မာျပည္သူအမ်ားစုကပါ လက္ခံထားၾကတယ္လို႔ အထူးကိုယ္စားလွယ္ Prak Sokhonn က စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ဆီကို စာေရးသားေပးပို႔ ေတာင္းဆိုခဲ့ပါတယ္။

သူ႔ခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုခြင့္ေတာ့ ရမယ့္ပံု မရွိပါဘူး။

အာဆီယံအထူးကိုယ္စားဟာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ဇူလိုင္လ ၁ရက္ေန႔က်ရင္ ေနျပည္ေတာ္ မွာ ေတြ႔ဆံုဖို႔ရွိပါတယ္။ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထုိးထားတဲ့ထဲက စစ္ေကာင္စီဥကၠ႒ရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို လက္ခံထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၇ ဖဲြ႔က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ PPST အဖြဲ႔အေနနဲ႔ တက္ေရာက္မယ္လို႔ ေျပာခြင့္ရသူက VOA ျမန္မာပိုင္းကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ဒုတိယအကြိမ်ခရီးစဉ် စတင်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ဟာ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ စတင်ပါတယ်။

ဒုဝန်ကြီးချုပ် Prak Sokhonn ဟာ မြန်မာနိုင်ငံကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ သွားရောက်နေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် အကောင်အထည်ဖော်နေတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စနဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုုဖြစ်ပေါ်လာစေရေးတို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်မှာ ပြောင်းရွှေ့ထားခဲ့ပြီးနောက် သူ့ကို အကျဉ်းထောင်ထဲမှာ မထားဘို့အာဆီယံအထူးကိုယ်စားလှယ်က သူ့ခရီးစဉ် မစခင်တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေ ပုံမှန်ပြန်ရောက်ရေး၊ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကပါဝင်သူအဖြစ် နိုင်ငံတကာကရော မြန်မာပြည်သူအများစုကပါ လက်ခံထားကြတယ်လို့ အထူးကိုယ်စားလှယ် Prak Sokhonn က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဆီကို စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တော့ ရမယ့်ပုံ မရှိပါဘူး။

အာဆီယံအထူးကိုယ်စားဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဇူလိုင်လ ၁ရက်နေ့ကျရင် နေပြည်တော် မှာ တွေ့ဆုံဖို့ရှိပါတယ်။ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ထဲက စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့အနေနဲ့ တက်ရောက်မယ်လို့ ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG