[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံနဲ႔ သံတမန္ဆက္ဆံေရးကို အဆင့္ေလ်ာ့ခ်သြားဖို႔ ဩစေၾတးလ်ႏိုင္ငံက ႀကိဳးပမ္းေနတယ္လို႔ ဩစေၾတးလ်သတင္းေတြမွာ ေဖာ္ျပပါတယ္။ ဒါဟာ စစ္ေကာင္စီအတြက္ သံတမန္ေရးနယ္ပယ္က ထိုးႏွက္ခ်က္တခုျဖစ္တယ္လို႔ တက္ႂကြသူေတြ ေလ့လာသူေတြက ေျပာၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက သက္တမ္းကုန္ဆုံးခဲ့တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ဩစေၾတးလ်သံအမတ္ႀကီးေနရာမွာ သံအမတ္အဆင့္ ဆက္မထားေတာ့ဘဲ သံ႐ုံးယာယီတာဝန္ခံသေဘာပဲ အစားထိုးသြားမယ္လို႔ ABC သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ဒီလို လုပ္ျခင္းေၾကာင့္ သံအမတ္ႀကီးခန႔္အပ္လႊာေပးဖို႔ စစ္ေကာင္စီအႀကီးအကဲနဲ႔ေတြ႔ဆုံမႈကို ေရွာင္တဲ့သေဘာပါ။ ဩစေၾတးလ်ဘက္က ဒီလို သံတမန္ေရးေဆာင္႐ြက္မႈဟာ ဩစေၾတးလ်ေရာက္ ျမန္မာအသိုင္းအဝိုင္းႀကိဳးပမ္းခ်က္ ရလဒ္တခုျဖစ္တယ္လို႔ ဩစေၾတးလ်ေရာက္ ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားသူတဦးျဖစ္သလို ျမန္မာစစ္ေရွာင္ေတြကို ပံ့ပိုးကူညီေရးအတြက္ အဓိက တာဝန္ယူထားတဲ့ မနန္းကေျပာပါတယ္။
"အမတို႔ ဩစေၾတးလ်ကလည္း ဒီျပည္နယ္နဲ႔တိုင္းေတြ အကုန္လုံးကလည္း ႀကိဳးစားၿပီးေတာ့ လုပ္ေပးေနၾကတာေလ။ တခ်ိဳ႕အဖြဲ႕ေတြဆိုရင္ တတ္ႏိုင္သေလာက္ ဩစေၾတးလ် government ကို pressure ေပးၿပီးေတာ့ အၿမဲတမ္း သူတို႔ရဲ႕လူႀကီးေတြနဲ႔သြားေတြ႔ၿပီးရင္ ေျပာၿပီးရင္ protest ေတြလုပ္၊ အၿမဲတမ္း ဩစေၾတးလ် government ကို ဖိအားေတြအၿမဲေပးလို႔လည္း အဲလိုျဖစ္လာတာလို႔ အမတို႔ကေတာ့ ယုံၾကည္တယ္။"
ျမန္မာႏိုင္ငံဆိုင္ရာ ဩစေၾတးလ်သံအမတ္ႀကီး Andrea Faulkner က အခုႏွစ္ ဧၿပီလထဲမွာ သူ႔ရဲ႕တာဝန္သက္တမ္း ၿပီးဆုံးခဲ့ပါတယ္။ ဒါေၾကာင့္ သံအမတ္ႀကီးေနရာကို အစားထိုးဖို႔ ကုန္သြယ္ေရးနဲ႔ ႏိုင္ငံျခားေရးရာဌာန DFAT ရဲ႕ အႀကီးတန္း အရာရွိတဦးကို ခန႔္အပ္ဖို႔ ဩစေၾတးလ်ႏိုင္ငံက လ်ာထားတာပါ။ ဒါေပမယ့္ ျမန္မာစစ္ေကာင္စီရဲ႕ အသိအမွတ္ျပဳတာကို ခံယူမွာမဟုတ္ဘဲ သံ႐ုံးတာဝန္ခံအျဖစ္နဲ႔ပဲ လုပ္ငန္းေတြကို လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔ ဩစေၾတးလ်အေျခစိုက္ ABC သတင္းဌာနက ေရးသားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဩစေတးလ်ႏိုင္ငံျခားေရးဌာနကေတာ့ တရားဝင္ ထုတ္ျပန္ေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။
အလားတူလိုပဲ ၿဗိတိန္ကလည္း ျမန္မာနဲ႔သံအဆက္အသြယ္မွာ သံအမတ္ႀကီးအစား သံ႐ုံးတာဝန္ခံအျဖစ္ ေလွ်ာ့ခ်လိုက္တာေတြ႕ရပါတယ္။ ၿဗိတိန္ႏိုင္ငံျခားေရးဌာနက သံအဆင့္ ေလွ်ာ့ခ်တယ္လို႔ တရားဝင္ထုတ္ျပန္တာမ်ိဳးမရွိေပမယ့္ ၂၀၂၁ ခုႏွစ္မွာ သံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခံရသူ Mr Pete Vowles ကို သံ႐ုံးတာဝန္ခံအဆင့္အျဖစ္နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနဝက္ဆိုဒ္ေတြမွာ ေဖာ္ျပထားပါတယ္။ သူ႔ကို ျမန္မာဘက္က အခုအခ်ိန္ ျပည္ဝင္ခြင့္မေပးေသးပါဘူး။ စစ္ေကာင္စီနဲ႔ဆက္ဆံေရးမွာ အေနာက္ႏိုင္ငံႀကီးေတြက အခုလို သံအဆင့္ေလွ်ာ့ခ်တာမ်ိဳးဟာ စစ္ေကာင္စီအတြက္ေတာ့ ေနာက္ထပ္ သံတမန္ေရးရႈံးနိမ့္မႈတခုျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူ ေဒါက္တာျမင့္သိန္းက ေျပာပါတယ္။
"ေယဘုယ်အားျဖင့္ ေျပာရရင္ သံမတမန္ေရးအရ ေတာ္ေတာ္အထိနာသြားၿပီလို႔ ေျပာလို႔ ရတယ္။ ေနာက္ဆုံးျဖစ္ခဲ့တဲ့ ကမာၻ႔အင္အားႀကီး အေမရိကန္ကဦးေဆာင္ၿပီးေတာ့ အိမ္ျဖဴေတာ္မွာ မဇင္မာေအာင္ကို လက္ခံေတြ႕ဆုံတယ္ဆိုတဲ့ကိစၥက စကစရဲ႕ လက္ရွိအေျခအေနကေတာ့ျဖင့္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ႏိုင္ငံေတြနဲ႔ဆက္ဆံေရးအားျဖင့္ေတာ့ သံတမန္ေရးအရ က်ရႈံးသြားၿပီလို႔ ေယဘုယ် ေျပာလို႔ရပါတယ္။"
ဩစေၾတးလ်အစိုးရနဲ႔ လႊတ္ေတာ္ေတြမွာ အာဏာသိမ္း စစ္ေကာင္စီကို အေရးယူဖို႔ ဩစေၾတးလ်ေရာက္ ျမန္မာအသိုင္းအဝိုင္းေတြက လႈံ႔ေဆာ္တိုက္တြန္းေနပါတယ္။ ဩစေၾတးလ် ကိုေရာက္ေနတဲ့ စစ္ေကာင္စီမိသားစုဝင္ေတြရဲ႕ ျပည္ဝင္ခြင့္အခ်က္အလက္ေတြကို စိစစ္ေပးဖို႔၊ စစ္ေကာင္စီနဲ႔ သူနဲ႔ပတ္သက္သူေတြကို စီးပြားေရးပိတ္ဆို႔ အေရးယူေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
မၾကာခင္က်င္းပမဲ့ ဩစေၾတးလ်- အာဆီယံ စီးပြားေရးဖိုရမ္မွာလည္း ဩစေၾသးလ်ဆိုင္ရာ စစ္ေကာင္စီရဲ႕ ျမန္မာသံအမတ္ ဦးသာေအာင္ၫြန႔္ တက္ေရာက္ခြင့္ မရခဲ့ပါဘူး။ ဒီလို တက္ေရာက္ခြင့္မရဖို႔အတြက္လည္း ဩစေၾတးလ်ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေတြနဲ႔ ျမန္မာ့အေရးလႈပ္ရွားသူေတြက ဖိအားေပးခဲ့ၾကတာပါ။
===============
[[Unicode]]
မြန်မာနဲ့ဆက်ဆံရေး ဩစတြေးလျ သံအဆင့်လျှော့ချ
မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျော့ချသွားဖို့ ဩစတြေးလျနိုင်ငံက ကြိုးပမ်းနေတယ်လို့ ဩစတြေးလျသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါဟာ စစ်ကောင်စီအတွက် သံတမန်ရေးနယ်ပယ်က ထိုးနှက်ချက်တခုဖြစ်တယ်လို့ တက်ကြွသူတွေ လေ့လာသူတွေက ပြောကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးနေရာမှာ သံအမတ်အဆင့် ဆက်မထားတော့ဘဲ သံရုံးယာယီတာဝန်ခံသဘောပဲ အစားထိုးသွားမယ်လို့ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလို လုပ်ခြင်းကြောင့် သံအမတ်ကြီးခန့်အပ်လွှာပေးဖို့ စစ်ကောင်စီအကြီးအကဲနဲ့တွေ့ဆုံမှုကို ရှောင်တဲ့သဘောပါ။ ဩစတြေးလျဘက်က ဒီလို သံတမန်ရေးဆောင်ရွက်မှုဟာ ဩစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းကြိုးပမ်းချက် ရလဒ်တခုဖြစ်တယ်လို့ ဩစတြေးလျရောက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးဖြစ်သလို မြန်မာစစ်ရှောင်တွေကို ပံ့ပိုးကူညီရေးအတွက် အဓိက တာဝန်ယူထားတဲ့ မနန်းကပြောပါတယ်။
"အမတို့ ဩစတြေးလျကလည်း ဒီပြည်နယ်နဲ့တိုင်းတွေ အကုန်လုံးကလည်း ကြိုးစားပြီးတော့ လုပ်ပေးနေကြတာလေ။ တချို့အဖွဲ့တွေဆိုရင် တတ်နိုင်သလောက် ဩစတြေးလျ government ကို pressure ပေးပြီးတော့ အမြဲတမ်း သူတို့ရဲ့လူကြီးတွေနဲ့သွားတွေ့ပြီးရင် ပြောပြီးရင် protest တွေလုပ်၊ အမြဲတမ်း ဩစတြေးလျ government ကို ဖိအားတွေအမြဲပေးလို့လည်း အဲလိုဖြစ်လာတာလို့ အမတို့ကတော့ ယုံကြည်တယ်။"
မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Andrea Faulkner က အခုနှစ် ဧပြီလထဲမှာ သူ့ရဲ့တာဝန်သက်တမ်း ပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် သံအမတ်ကြီးနေရာကို အစားထိုးဖို့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးရာဌာန DFAT ရဲ့ အကြီးတန်း အရာရှိတဦးကို ခန့်အပ်ဖို့ ဩစတြေးလျနိုင်ငံက လျာထားတာပါ။ ဒါပေမယ့် မြန်မာစစ်ကောင်စီရဲ့ အသိအမှတ်ပြုတာကို ခံယူမှာမဟုတ်ဘဲ သံရုံးတာဝန်ခံအဖြစ်နဲ့ပဲ လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ဩစတြေးလျအခြေစိုက် ABC သတင်းဌာနက ရေးသားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဩစတေးလျနိုင်ငံခြားရေးဌာနကတော့ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။
အလားတူလိုပဲ ဗြိတိန်ကလည်း မြန်မာနဲ့သံအဆက်အသွယ်မှာ သံအမတ်ကြီးအစား သံရုံးတာဝန်ခံအဖြစ် လျှော့ချလိုက်တာတွေ့ရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာနက သံအဆင့် လျှော့ချတယ်လို့ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့် ၂၀၂၁ ခုနှစ်မှာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ Mr Pete Vowles ကို သံရုံးတာဝန်ခံအဆင့်အဖြစ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနဝက်ဆိုဒ်တွေမှာ ဖော်ပြထားပါတယ်။ သူ့ကို မြန်မာဘက်က အခုအချိန် ပြည်ဝင်ခွင့်မပေးသေးပါဘူး။ စစ်ကောင်စီနဲ့ဆက်ဆံရေးမှာ အနောက်နိုင်ငံကြီးတွေက အခုလို သံအဆင့်လျှော့ချတာမျိုးဟာ စစ်ကောင်စီအတွက်တော့ နောက်ထပ် သံတမန်ရေးရှုံးနိမ့်မှုတခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
"ယေဘုယျအားဖြင့် ပြောရရင် သံမတမန်ရေးအရ တော်တော်အထိနာသွားပြီလို့ ပြောလို့ ရတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘာ့အင်အားကြီး အမေရိကန်ကဦးဆောင်ပြီးတော့ အိမ်ဖြူတော်မှာ မဇင်မာအောင်ကို လက်ခံတွေ့ဆုံတယ်ဆိုတဲ့ကိစ္စက စကစရဲ့ လက်ရှိအခြေအနေကတော့ဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးအားဖြင့်တော့ သံတမန်ရေးအရ ကျရှုံးသွားပြီလို့ ယေဘုယျ ပြောလို့ရပါတယ်။"
ဩစတြေးလျအစိုးရနဲ့ လွှတ်တော်တွေမှာ အာဏာသိမ်း စစ်ကောင်စီကို အရေးယူဖို့ ဩစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းတွေက လှုံ့ဆော်တိုက်တွန်းနေပါတယ်။ ဩစတြေးလျ ကိုရောက်နေတဲ့ စစ်ကောင်စီမိသားစုဝင်တွေရဲ့ ပြည်ဝင်ခွင့်အချက်အလက်တွေကို စိစစ်ပေးဖို့၊ စစ်ကောင်စီနဲ့ သူနဲ့ပတ်သက်သူတွေကို စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မကြာခင်ကျင်းပမဲ့ ဩစတြေးလျ- အာဆီယံ စီးပွားရေးဖိုရမ်မှာလည်း ဩစသြေးလျဆိုင်ရာ စစ်ကောင်စီရဲ့ မြန်မာသံအမတ် ဦးသာအောင်ညွန့် တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒီလို တက်ရောက်ခွင့်မရဖို့အတွက်လည်း ဩစတြေးလျနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဖိအားပေးခဲ့ကြတာပါ။
===============