သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတြင္း ႏိုင္ငံတကာကားကုမၸဏီ ထုတ္လုပ္မႈအားလုံးနီးပါး ရပ္ဆိုင္း


ရန္ကုန္၊ သီလဝါ စီးပြါးေရးအထူးဇုံမွာရွိတဲ့ ဆူဇူကီး ကားစက္႐ံု (ၾသဂုတ္လ ၂၁၊ ၂၀၁၉ )

[[Zawgyi/Unicode]]

ျပည္တြင္း တပ္ဆင္ထုတ္လုပ္ေနတဲ့ ႏိုင္ငံတကာ ကားကုမၸဏီေတြဟာ ျပည္ပကေန ယာဥ္အပိုပစၥည္းေတြ သြင္းခြင့္မရေတာ့တဲ့အတြက္ ခု ဇူလိုင္လထဲမွာ သူတို႔ရဲ႕ ထုတ္လုပ္ေရးလုပ္ငန္း အားလုံးနီးပါးကို ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။ ျပည္တြင္းမွာ အေမရိကန္ေဒၚလာ အက်ပ္အတည္းစျဖစ္တဲ့ ဧၿပီလကစလို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနက ကားတင္သြင္း၊ ထုတ္လုပ္ခြင့္ပါမစ္ကို ပိတ္ထားတာပါ။ ဒီအေၾကာင္း ရန္ကုန္ေပးပို႔တဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ရန္ကုန္၊ သီလဝါဆိပ္ကမ္းမွာ တပ္ဆင္ထုတ္လုပ္ေနတဲ့ ဂ်ပန္ SUZUKI ကားကုမၸဏီဟာ ယာဥ္အပိုပစၥည္းေတြ တင္သြင္းခြင့္မရတာေၾကာင့္ သူတို႔ရဲ႕ထုတ္လုပ္ေရးကို ဒီရက္ပိုင္းထဲမွာ ရပ္လိုက္ပါတယ္။ အလားတူပဲ ျပည္တြင္းမွာ အဆင္သင့္ တပ္ ဆင္ထုတ္လုပ္ေနတဲ့ SKD အမ်ိဳးအစား ကားကုမၸဏီ ဆယ္ခုေလာက္လည္း အလားတူ စိန္ေခၚမႈေတြနဲ႔ ႀကဳံေနရၿပီး အမ်ားစုက လုပ္ငန္းရပ္နားလိုက္ၿပီလို႔ ကားထုတ္လုပ္ေရး လုပ္ငန္းရွင္အသိုင္းအဝန္းက ဗြီအိုေအကို ေျပာပါတယ္။

ျမန္မာ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ MIC ဘက္က လုပ္ငန္းလုပ္ခြင့္ေပးထားေပမယ့္ အခုႏွစ္ဆန္းမွာ သြင္းကုန္လိုင္စင္ေတြ ကန႔္သတ္မႈေၾကာင့္ အခုလို အခက္အခ​ဲေတြ ႀကဳံလာရတာလို႔ ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴး၊ ေရာင္းခ်ေရးအသင္းဥကၠ႒ ဦးေဇာ္ထိုက္ေအး က ဗြီအိုေအကို ေျပာပါတယ္။

"Brand ေတြက ႏိုင္ငံတကာက Brand ေတြျဖစ္တဲ့အခါက်ေတာ့ သူတို႔ process အတိုင္း လုပ္ရတာေပါ့။ ပစၥည္းတခုမွာရင္ ၃ လတို႔၊ ၆ လတို႔ မွာရတဲ့အခါက်ေတာ့ ေဒၚလာကို သူတို႔ဆီကရရင္ေတာ့ က်ေနာ္တို႔ဒီဘက္က လုပ္ငန္းရွင္ေတြကေတာ့ ဒီဘက္ SKD ဆင္မယ့္စက္႐ုံေတြကေတာ့ အဆင္သင့္ပါ။ သူတို႔က အရင္အတိုင္း ဆက္ၿပီးထုတ္ခ်င္တာေပါ့။ လက္ရွိ ေဒၚလာဝယ္မရတာနဲ႔ တင္သြင္းခြင့္အားလုံးကို ခ်ိန္ညႇိေနရတာနဲ႔ဆိုေတာ့ က်ေနာ္တို႔ SKD ထုတ္လုပ္တဲ့ စက္႐ုံေတြမွာရွိတဲ့ သူတို႔ရဲ႕အလုပ္သမားေတြရဲ႕ risk ေတြေရာ စက္႐ုံေတြက တာဝန္ယူထားရတာေပါ့။"

ဆူဇူကီး၊ နစ္ဆန္း၊ ဟြန္ေဒး၊ ကီရာ (KIA)၊ Brilliance ၊ Lifan၊ SouEast၊ Ford၊ Yutong၊ FAW၊ Isuzu စသျဖင့္ ဂ်ပန္၊ ကိုရီးယား၊ တ႐ုတ္၊ အေမရိကန္ ကားကုမၸဏီ ဆယ္ခုေက်ာ္ေလာက္ ျပည္တြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ကိုင္ေနၾကတာပါ။ တ႐ုတ္ ကုမၸဏီေတြကေတာ့ ၂၀၁၈ ေနာက္ပိုင္းမွ ျပည္တြင္းကို ဝင္လာတာျဖစ္ပါတယ္။

ဒီကုမၸဏီေတြက တဆင့္ျပန္ယူေရာင္းခ်တဲ့ ကိုယ္စားလွယ္ေတြလည္း လက္ရွိမွာ သူတို႔ရဲ႕ အေရာင္းစင္တာေတြကို ပိတ္ထားရပါတယ္။ တခ်ိဳ႕ကေတာ့ လက္က်န္ေတြ ဆက္ၿပီးေရာင္းေနရတယ္လို႔ ကားလုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"SKD ကားေတြက တ႐ုတ္ကား၊ ကိုရီးယားကားဆိုရင္ တႏွစ္ကိုပ်မ္းမွ် အစီး ၅၀၀ ကေန ၇၀၀ ၾကား ေရာင္းရတယ္။ ဒီ brand တခုခ်င္းစီကို။ အခုအခ်ိန္မွာ ကားသစ္ေတြဆိုတာက အရင္တပ္ဆင္ၿပီးသား လက္က်န္s tock ေတြကိုပဲ ေစ်းကြက္ထဲကို ျပန္ပို႔ေနတာ၊ ျပန္ေရာင္းေနတာ။ အသစ္ထပ္ၿပီး မဝင္ေတာ့ဘူး။ အခုခ်ိန္မွာ ဒီ stock ေတြကလည္း ကုန္သြားၿပီဆိုေတာ့ စက္႐ုံ ေတာ္ေတာ္မ်ားမ်ားကေတာ့ အကုန္ရပ္နားသြားတယ္။"

ျပည္တြင္းတပ္ဆင္ထုတ္လုပ္တဲ့ SKD အမ်ိဳးအစား ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယားကားေတြရဲ႕ ေရာင္းအားဟာ ၂၀၁၈- ၂၀၁၉ မွာ အျမင့္ဆုံးေရာက္ခဲ့ၿပီး ယာဥ္အစီးေရ ႏွစ္ေသာင္းနီးပါး ထုတ္ႏိုင္ခဲ့တယ္လို႔ ကားထုတ္လုပ္တဲ့ လုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ၂၀၁၆ ခုႏွစ္ကတည္းက ျပည္တြင္းမွာ SKD ကားေတြ စထုတ္ခဲ့တာျဖစ္ၿပီး လက္ရွိထိ အစီးေရ ေျခာက္ေသာင္း ေလာက္ေရာင္းခ်ထားပါတယ္။

ေစ်းကြက္ထဲမွာ အေမရိကန္တေဒၚလာကို ျမန္မာက်ပ္ေငြ ၂,၂၀၀ ေလာက္ရွိေနၿပီး ကားတင္သြင္းတာလည္း မရွိတဲ့အတြက္ SKD အမ်ိဳးအစားကားေတြက ယခင္ေစ်းထက္ ၃၀ ရာခိုင္ႏႈန္းေလာက္ ေစ်းတက္သြားပါတယ္။ ျပည္ပကတင္သြင္းတဲ့ ကားေတြဆိုရင္ေတာ့ ၈၀ ရာခိုင္ႏႈန္းေလာက္အထိ ေစ်းတက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

နိုင်ငံတွင်း နိုင်ငံတကာကားကုမ္ပဏီ ထုတ်လုပ်မှုအားလုံးနီးပါး ရပ်ဆိုင်း

ပြည်တွင်း တပ်ဆင်ထုတ်လုပ်နေတဲ့ နိုင်ငံတကာ ကားကုမ္ပဏီတွေဟာ ပြည်ပကနေ ယာဉ်အပိုပစ္စည်းတွေ သွင်းခွင့်မရတော့တဲ့အတွက် ခု ဇူလိုင်လထဲမှာ သူတို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်း အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ အကျပ်အတည်းစဖြစ်တဲ့ ဧပြီလကစလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ကားတင်သွင်း၊ ထုတ်လုပ်ခွင့်ပါမစ်ကို ပိတ်ထားတာပါ။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ ဂျပန် SUZUKI ကားကုမ္ပဏီဟာ ယာဉ်အပိုပစ္စည်းတွေ တင်သွင်းခွင့်မရတာကြောင့် သူတို့ရဲ့ထုတ်လုပ်ရေးကို ဒီရက်ပိုင်းထဲမှာ ရပ်လိုက်ပါတယ်။ အလားတူပဲ ပြည်တွင်းမှာ အဆင်သင့် တပ် ဆင်ထုတ်လုပ်နေတဲ့ SKD အမျိုးအစား ကားကုမ္ပဏီ ဆယ်ခုလောက်လည်း အလားတူ စိန်ခေါ်မှုတွေနဲ့ ကြုံနေရပြီး အများစုက လုပ်ငန်းရပ်နားလိုက်ပြီလို့ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။

မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဘက်က လုပ်ငန်းလုပ်ခွင့်ပေးထားပေမယ့် အခုနှစ်ဆန်းမှာ သွင်းကုန်လိုင်စင်တွေ ကန့်သတ်မှုကြောင့် အခုလို အခက်အခဲတွေ ကြုံလာရတာလို့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး၊ ရောင်းချရေးအသင်းဥက္ကဋ္ဌ ဦးဇော်ထိုက်အေး က ဗွီအိုအေကို ပြောပါတယ်။

"Brand တွေက နိုင်ငံတကာက Brand တွေဖြစ်တဲ့အခါကျတော့ သူတို့ process အတိုင်း လုပ်ရတာပေါ့။ ပစ္စည်းတခုမှာရင် ၃ လတို့၊ ၆ လတို့ မှာရတဲ့အခါကျတော့ ဒေါ်လာကို သူတို့ဆီကရရင်တော့ ကျနော်တို့ဒီဘက်က လုပ်ငန်းရှင်တွေကတော့ ဒီဘက် SKD ဆင်မယ့်စက်ရုံတွေကတော့ အဆင်သင့်ပါ။ သူတို့က အရင်အတိုင်း ဆက်ပြီးထုတ်ချင်တာပေါ့။ လက်ရှိ ဒေါ်လာဝယ်မရတာနဲ့ တင်သွင်းခွင့်အားလုံးကို ချိန်ညှိနေရတာနဲ့ဆိုတော့ ကျနော်တို့ SKD ထုတ်လုပ်တဲ့ စက်ရုံတွေမှာရှိတဲ့ သူတို့ရဲ့အလုပ်သမားတွေရဲ့ risk တွေရော စက်ရုံတွေက တာဝန်ယူထားရတာပေါ့။"

ဆူဇူကီး၊ နစ်ဆန်း၊ ဟွန်ဒေး၊ ကီရာ (KIA)၊ Brilliance ၊ Lifan၊ SouEast၊ Ford၊ Yutong၊ FAW၊ Isuzu စသဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အမေရိကန် ကားကုမ္ပဏီ ဆယ်ခုကျော်လောက် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေကြတာပါ။ တရုတ် ကုမ္ပဏီတွေကတော့ ၂၀၁၈ နောက်ပိုင်းမှ ပြည်တွင်းကို ဝင်လာတာဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေက တဆင့်ပြန်ယူရောင်းချတဲ့ ကိုယ်စားလှယ်တွေလည်း လက်ရှိမှာ သူတို့ရဲ့ အရောင်းစင်တာတွေကို ပိတ်ထားရပါတယ်။ တချို့ကတော့ လက်ကျန်တွေ ဆက်ပြီးရောင်းနေရတယ်လို့ ကားလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"SKD ကားတွေက တရုတ်ကား၊ ကိုရီးယားကားဆိုရင် တနှစ်ကိုပျမ်းမျှ အစီး ၅၀၀ ကနေ ၇၀၀ ကြား ရောင်းရတယ်။ ဒီ brand တခုချင်းစီကို။ အခုအချိန်မှာ ကားသစ်တွေဆိုတာက အရင်တပ်ဆင်ပြီးသား လက်ကျန်s tock တွေကိုပဲ ဈေးကွက်ထဲကို ပြန်ပို့နေတာ၊ ပြန်ရောင်းနေတာ။ အသစ်ထပ်ပြီး မဝင်တော့ဘူး။ အခုချိန်မှာ ဒီ stock တွေကလည်း ကုန်သွားပြီဆိုတော့ စက်ရုံ တော်တော်များများကတော့ အကုန်ရပ်နားသွားတယ်။"

ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ SKD အမျိုးအစား ဂျပန်၊ တရုတ်၊ ကိုရီးယားကားတွေရဲ့ ရောင်းအားဟာ ၂၀၁၈- ၂၀၁၉ မှာ အမြင့်ဆုံးရောက်ခဲ့ပြီး ယာဉ်အစီးရေ နှစ်သောင်းနီးပါး ထုတ်နိုင်ခဲ့တယ်လို့ ကားထုတ်လုပ်တဲ့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ပြည်တွင်းမှာ SKD ကားတွေ စထုတ်ခဲ့တာဖြစ်ပြီး လက်ရှိထိ အစီးရေ ခြောက်သောင်း လောက်ရောင်းချထားပါတယ်။

ဈေးကွက်ထဲမှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၂၀၀ လောက်ရှိနေပြီး ကားတင်သွင်းတာလည်း မရှိတဲ့အတွက် SKD အမျိုးအစားကားတွေက ယခင်ဈေးထက် ၃၀ ရာခိုင်နှုန်းလောက် ဈေးတက်သွားပါတယ်။ ပြည်ပကတင်သွင်းတဲ့ ကားတွေဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်နေပါတယ်။

XS
SM
MD
LG